Latest News

Sunday, March 12, 2017

လျှာလည်သွားမယ့် ကဏန်းချဉ်စပ်ဟင်း

လျှာလည်သွားမယ့် ကဏန်းချဉ်စပ်ဟင်း



ပင်လယ်စာ ကြိုက်သူတွေအတွက် ကဏန်းချဉ်စပ်ဟင်း ချက်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ကဏန်းချဉ်စပ်ဟင်းအတွက် လိုအပ်တဲ့ပစ္စည်းများ

၁။ ကဏန်း - ၁၀ ကောင်ခန့်

၂။ ကြက်သွန်ဖြူ - ၅ လုံး၊

၃။ ကြက်သွန်နီ - ၃လုံး၊

၎။ ငရုတ်သီးအပုပွတောင့် - ၅ တောင့်

၅။ ငရုတ်သီးစိမ်း - ၅ တောင့်

၆။ နနွင်းမှုန့်

၇။ နံနံပင်

၈။ ဆား

၉။ ငံပြာရည်

၁၀။ မန်ကျည်းမှည့်အနှစ်

၁၁။ မဆလာ

၁၂။ သကြား

၁၃။ ဆီ

ကဏန်းချဉ်စပ်ဟင်း ချက်ပြုတ်နည်း

၁။ ကဏန်းကို သေချာသန့်စင်အောင် ရေဆေးပြီး ဆားနဲ့ နယ်ထားပါ။

၂။ ကြက်သွန်ဖြူနီတို့ကို နွှာပြီး ငရုတ်သီးအပုပွတောင့်နဲ့ ရောပြီးထောင်းပါ။

၃။ မန်ကျည်းသီးမှည့်ကို ရေနွေးနဲ့ အနှစ်ဖျော်ပါ။

၎။ ပြီးလျှင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ နနွင်းမှုန့်ထည့်ပါ။

၅။ ဆီပူလာရင် ထောင်းထားတဲ့ ငရုတ်သီး၊ ကြက်သွန်ထည့်ပြီး ဆီသတ်ပါ။

၆။ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင် ကဏန်းတွေကို ထည့်ပြီး ငရုတ်သီး ကြက်သွန်အနှစ်တွေနဲ့ သမအောင်မွှေပါ။

၇။ ပြီးရင် အဖုံးခဏလောက် အုပ်ထားပါ။

၈။ နှစ်မိနစ်လောက်နေရင် အဖုံးဖွင့်ပြီး ငံပြာရည်အနည်းငယ်၊ သကြားလေးအနည်းငယ်၊ မန်ကျည်းနှစ်၊ ၊

ပြီးတော့ ရေနွေးတွေကို ကဏန်းမြုပ်တဲ့အထိ ထည့်ပြီး ဟင်းအိုး ပွက်ပွက်ဆူအောင် တည်ပေးပါ။

၉။ ဟင်းအိုးဆူပြီဆိုရင် အပေါ့အငံ မြည်းပြီး လိုတဲ့အရသာ ထပ်ဖြည့်၊ မာဆလာလေး နည်းနည်းအုပ်လိုက်ပါ။

၁၀။ ပြီးတော့ ဟင်းအိုးကို အရည်နည်းနည်းကျအောင် နှစ်မိနစ်လောက် ထပ်တည်၊ ပြီးရင် ငရုတ်သီးစိမ်းနဲ့

နံနံပင်လေးအုပ်လိုက်ပါ။

ပြီးရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဂဏန်းချဉ်စပ်ဟင်းကို သုံးဆောင်နိုင်ပါပြီ။

Credit - Duwun

No comments:

Post a Comment