Latest News

Sunday, March 12, 2017

သင့်ဘဝတိုးတက်ဖို့ ပြောင်းလဲရမယ့် စိတ်ထား (၅) ခု

သင့်ဘဝတိုးတက်ဖို့ ပြောင်းလဲရမယ့် စိတ်ထား (၅) ခု



ဘယ်နယ်ပယ်မှာ မဆို ရာထူးတွေ၊ ဘွဲ့လက်မှတ်တွေထက် အတွေ့အကြုံကိုသာ ဦးစားပေးတဲ့ စိတ်ကိုမွေးပါ။
၁ - မနာလိုမှုမှ သိလိုမှု

မနာလိုမှုကို သိလိုမှုအဖြစ်အသွင်ပြောင်းပြီး ကိုင်တွယ်ရင် ကိုယ့်အတွက် တကယ့်အားတစ်ခုပါပဲ။ ဥပမာ -သင့် သူငယ်ချင်းရဲ့ဖေ့စ်ဘွတ်ခ်ပေ့ခ်ျက လူကြည့်များပြီး သင့်ပေ့ခ်ျကိုလူစိတ်ဝင်စားမှုနည်းတယ်ဆိုရင် မနာလိုမှုဖြစ်မယ့်အစား သိလိုမှုအဖြစ်ပြောင်းပြစ်လိုက်ပါ။ ဘာကြောင့် သူပေ့ခ်ျက လူကြိုက်များတာလဲဆိုတာကို သိအောင်လုပ်ပါ။

၂ - ရွေးချယ်မှုမှ တာဝန်

တစ်စုံတစ်ခုကိုလေ့လာတာဟာ သင်ရွေးချယ်လုပ်ရမယ့်အရာမဟုတ်ပါဘူး။ လုပ်ကိုလုပ်ရမယ့် တာဝန်ပါ။ ဥပမာ - ဘာသာစကားတစ်ခုကို လေ့လာတာ၊ လုပ်ငန်းခွင်လိုအပ်ချက်နဲ့ နယ်ပယ်သစ်တစ်ခုတွေကို လေ့လာတာတို့ဟာ သင်လုပ်ကိုလုပ်ရမယ့် အရာဖြစ်ပါတယ်။ တစ်စုံတစ်ခုကို သင်လေ့လာဖို့ ကျရှုံးခဲ့တယ်ဆိုရင် နယ်ပယ်တစ်ခုမှာလည်း သင်ကျရှုံးဖို့ အခြေအနေပိုများပါတယ်။

၃ - တံဆိပ်

သင့်ကိုသင် ခံယူပုံတွေလည်း ပြောင်းသင့်ပါတယ်။ ဥပမာ - တစ်စုံတစ်ခုလုပ်ဖို့ ပျင်းနေတယ်လို့ ပြောမဲ့အစား အလုပ်ပိုလုပ်ဖို့ ကြိုးစားနေတယ်လို့ ခံယူသင့်ပါတယ်။ ကျွန်တော်က တုံးတယ်လို့ ပြောမယ့်အစား ကျွန်တော်လေ့လာနိုင်သလောက် လေ့လာနေတယ်လို့သာ ကိုယ့်ကိုယ်ကိုယ်ပြောသင့်ပါတယ်။

၎ - ရှာဖွေမှုကနေ ကြိုးစားမှု

အောင်မြင်ကို လိုက်မရှာပါနဲ့။ တစ်ခုခုကိုသာ စွဲစွဲနစ်နစ်လုပ်ပါ။ အောင်မြင်မှုက သူ့ဘာသူ လိုက်လာပါလိမ့်မယ်။

၅ - အတွေ့အကြုံ

ဘယ်နယ်ပယ်မှာ မဆို ရာထူးတွေ၊ ဘွဲ့လက်မှတ်တွေထက် အတွေ့အကြုံကိုသာ ဦးစားပေးတဲ့ စိတ်ကိုမွေးပါ။

Photos & Source: Huffignton
Credit;: duwun


No comments:

Post a Comment