Latest News

Monday, March 27, 2017

အတုယူလိုက်နာသင့်သော၊အမေရိကန်မှ၊စားသုံးသူများအတွက်၊ အချက်အလက်များ

အတုယူလိုက်နာသင့်သော၊အမေရိကန်မှ၊စားသုံးသူများအတွက်၊
အချက်အလက်များ” အချို့ ပါ။
ကျတော့အနေနဲ့ အမေရိကန် မှာ ၂၀ နှစ်နီး ပါး စားသောက်ကုန်
လုပ်ငန်းထဲ မှာ ကျင်လည်နေတဲ့ တဦးထဲ အမြင်အတွေအကြုံ
ကို ပြောချင်တာ ဖြစ်လို့ အမှားပါရင် မကြိုက်တာတွေ ရှိရင်
ခွင့်လွှတ်စေချင်ပါတယ်။ မြန်မာ နိုင်ငံ မှာ အစားအသောက်နဲ့
ပါတ်သက်ရင် စိတ်ချ အန္တရာယ်ကင်းတဲ့ စားသောက်ကုန်တွေ
ဖြစ်လာစေရေး မြန်မာ အစားအသောက်လုပ်ငန်း တွေ နိုင်ငံ
တကာ ဈေးကွက်ထဲ မှာ ထိုးဖေါက်ဝင်ရောက် စေလိုတဲ့ စေတနာ
အရင်းခံ နဲ့ ရေးခြင်း ဖြစ်ပါတယ်။
နောက် မြန်မာ နိုင်ငံ မှာ ၀န်ထမ်းမလုံလောက်မှု လစာမလုံလောက်
မှု တွေ ငွေကြေး အင်အား မလုံလောက်မှု တွေ ကြားထဲက
ကြိုးကြိုးစားစား လုပ်ကိုင်နေကြတဲ့ ဌာနဆိုင်ရာ အသီးသီး က
သူများ ကို လဲ ပံ့ပိုး မှု တွေ ဖြစ်လာစေရေး စနစ်တကျ တာဝန်
ခွဲဝေမှု တွေ ဖြစ်လာစေရေး တို့မှာ လဲ အချို့ မှာ စိန်ခေါ်မှုတွေကျော်
ဖြတ်နိုင်ရေး တို့က အရေးကြီးပါတယ်။ နောက် စေတနာအဖွဲ့အစည်းများ ဖြစ်တဲ့
MCU, FOSTA အစရှိတဲ့ အဖွဲ့တွေ ကို အစိုးရ ပိုင်း မှ ပံ့ပိုး မှု
များ လက်တွဲ လုပ်ဆောင်မှူ များ ကလဲအရေးပါ ပါ တယ်။
အမေရိကန် မှာ ဥပဒေထုတ် ဖို့ပံ့ပိုး တဲ့ အဖွဲ့အစည်း များ အနေနဲ့
FDA, USDA, NSF အစရှိတာတွေ က Consumer Protection Department, State Health,
City Health, Town Health department တွေ နဲ့ လက်တွဲ ပြီး စနစ်တကျ ဥပဒေများ ဖြစ်လာရေး
ကို လုပ်ဆောင်ကြပါတယ်။
မြန်မာ နိုင်ငံ မှာ လဲ ဥပဒေထုတ်ပြန်ဖို့ လိုအပ်တဲ့ အဖွဲ့အစည်းများပေါ့။
ကျန်းမာရေး (FDA), ငါးဌာန၊ စိုက်ပျိုး ရေး ဌာန၊ အသား ဌာန မြို့နယ် ခရိုင် တိုင်းအသီးသီး က
ကျန်းမာရေး ဌာန တွေ စုစည်းပြီး တာဝန်
ရှိ ဌာန အသီးသီး က အချက်အလက်တွေ network data sharing
ရှယ်ယာ တဲ့ ကွန်ယက် တခု လိုအပ် မယ်လို့ ထင်ပါတယ်။
အဲဒါ မှ Network တခုထဲ မှာ တာဝန်ရှိသူ များ ဌာနအသီးသီး မှ အရေး
ကြီး တဲ့ သတင်းအချက်အလက်တွေ ကို ချက်ခြင်း သိနိုင်မှာ ဖြစ်ပါ
တယ်။ အဲ မှာ ပြသနာ ဖြစ်လာ နိုင် တာ တွေ က ငွေကြေးအင်အား
ဝန်ထမ်းအင်အား နောက် အရေးကြီးဆုံး ဖြစ်နေတဲ့ သင့်တော်တဲ့
လခ အဲဒီနောက် မှာ ကျွမ်းကျင်ပညာရှင် Myanmar Consumer Union
လို FOSTA လို သိပ္ပံနည်းကျတွေ နားလည်တဲ့ ပညာရှင်တွေ
ပံ့ပိုးမှု ကလဲ အရေး ကြီး ပါတယ်။
အဓိကထဲ မှာ တခု ဖြစ်နေတဲ့ လေဘယ်ပြသနာ ကလဲ
ဘယ်သူထုတ်လုပ်လဲ (Manufactured by)
ဘယ်သူ့အတွက် ထုတ်လုပ်လဲ (Packed for)
ဘယ်သူက တာဝန်ယူ ဖြန့်ဖြူလဲ (Distributed by)
နောက် ဖုံးနံပါတ် လိပ်စာအတိအကျ အီးမေးလ်လိပ်စာ ပါဝင်ပစ္စည်း (Ingredients) စားသောက်ကုန် ဆိုရင် လူအများနဲ့ မတည့်တဲ့ ပစ္စည်း
တွေထဲ က ဘာတွေ ပါလဲ၊ အမေရိကန် မှာ တော့ ၈မျိုး ကနေဒါ နဲ့ ဥ
ရောပ နိုင်ငံ အချို့  မှာ ၉ မျိုး တခုချင်းစီ အတိအကျ ပါရ ပါမယ်။
နောက် ကယ်လိုရီ စုစု ပေါင်း Nutritional facts အစရှိတာတွေ
ကတော့ နောက်မှ တဖြည်းဖြည်း စည်းရုံး ယူရ မဲ့ အချက်အလက်
တွေ ပါ။
အရေးကြီး တဲ့ ပါဝင်ပစ္စည်း မှာ ဘာဓါတုပစ္စည်းတွေ ပါသလဲ အတိ
အကျ ရေး ရမှာ ပါ။ အဲဒီမှာ လဲ မြန်မာ နိုင်ငံ မှာ ရောင်း ရင် ကိုးရီး
ယား ထိုင်း တရုတ် ဂျပန် အစားအသောက်တွေ ကို မြန်မာလို
မပြန်ထားရင် ရောင်းခွင့်မပြုတဲံ့ ဥပဒေအတိအကျ ရှိသင့်ပါတယ်။
နောက် စာလုံး အရွယ်အစား မှာ အနဲဆုံး နံပါတ် ၅(Font size
no-5) လောက် ကို အနဲ ဆုံး ရှိဖို့ ဥပဒေ ရှိသင့်ပါတယ်။
အမေရိကန် မှာ တော့ ပြည်နယ် တခုနဲ့ တခု မတူပါ။
ကယ်လီဖိုးနီးယား ကဆိုက် နံပါတ်၅ ကို လက်ခံပေမဲ့ ကွန်နားတီးကက်
မှာ နံပါတ် ၆ ကိုမှ လက်ခံပါတယ်။
ဥပဒေ ထုတ်ပြန်တဲ့ အဖွဲ့အစည်းတွေ အတွက် လဲ အမေရိကန် မှာ
လို Manufacturers, Distributors, re packers, Wholesalers,
Retailers တွေ တခုချင်းစီ က အသေးစိတ် အချက်အလက်တွေ
ဆက်သွယ်ရမဲ့ အီးမေး ဖုံး တွေ ကို network ကွန်ယက်ထဲ မှာ
သိမ်းထား ပြီး အရေးကြီး ရင် email alert, phone alert, Media
alert, အစရှိတဲ့ မြန်ဆန်တဲ့ ထိရောက်တဲ့ စနစ်တွေ လဲ လိုအပ်
ပါတယ်။
ပထမ ပြောထားတဲ့ ဥပဒေထုတ်ပြန်မဲ့ အဖွဲ့အစည်း ကလဲ (Category)
ပမာဏ အလိုက် တိတိ ကျကျ တခုချင်းစီ အတွက် ပြဌာန်း နိုင်ဖို့
လိုအပ်ပါတယ်။ ဥပမာ လမ်းဘေးဈေးသည် များ တွန်းလှည်းသမား
အသေးများ နဲ့ ဆိုင်ကြီး များ ဆိုင်ခွဲ ရှိသူများ ထုတ်လုပ်ရေး ဖြန့်ဖြူး ရေး
လက်ကား အရောင်း သမားများ နဲ့ တတန်းထဲ ဥပဒေထားလို့ မဖြစ်
နိုင် ပါ။
ဥပဒေထုတ်ပြန်မဲ့ အဖွဲ့အစည်း က ထုတ်ပြန်ပြီး ဘယ်သူက အဲဒီ
ဥပဒေကို အကောင်အထည်ဖေါ် မလဲ ဆိုတဲ့ မေးခွန်း ရှိလာ ပါတယ်။
ဈေးထဲ မှာ ရောင်းနေတဲ့ အသား ငါး ဆိုင်တွေ ဘယ်ဌာန က တာ
ဝန်ယူစစ်ဆေးမလဲ စတိုးဆိုင်တွေ စစ်ဆေးဖို့ စားသောက်ဆိုင်ကြီး တွေ
စနစ်တကျစစ်ဆေး ဖို့ တွေ လိုအပ် လာပါတယ်။
အမေရိကန် မှာ ၂၀၁၂ နောက်ပိုင်း မှာ FDA, USDA, က တာဝန်
ရှိသူတွေ မလုံလောက် လို့ Consumer Protection ကို ကန်ထရိုက်
ပြန်ပေးတာ တွေ ရှိလာ ပါတယ်။
စစ်ဆေး တာ မှာ လဲ ပညာပေးကာလ သင်တန်းကာလ စမ်းသပ်
ကာလ နောက်မှ အရေးယူတဲ့ ကာလ တခုစီ မှာ တိတိ ကျကျ ရှိ
ရင်ကောင်း ပါတယ်။
အလုပ်များ တဲ့ကြား က ရေးတာ ဖြစ်လို့ နောက် မှ ဆက်ပါမယ်။
Thi Han Tun


No comments:

Post a Comment