Latest News

Monday, March 27, 2017

ဆန္ဒပြပွဲဦးဆောင်တဲ့ ရုရှားအတိုက်ခံခေါင်းဆောင် ဖမ်းဆီးခံရ


ဒီနေမှာဖြစ်ပေါ်တဲ့ ဆန္ဒပြပွဲနဲ့ ပက်သက်လို့ ရုရှားအစိုးရ ဟာ အတိုက်ခံခေါင်းဆောင်ဖြစ်သူ နာဗယ်နီကို
ဖမ်းဆီးထောင်ချလိုက်ပါတယ်။

ရုရှားအစိုးရ ဟာ အတိုက်ခံခေါင်းဆောင်ကို ၁၅ ရက်ကြာဖမ်းဆီးချုပ်နှောင်ထားမှာဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာအကျင့်ပျက်ခြစားမှုတွေဖြစ်ပေါ်တာနဲ့ ပက်သက်ပြီး ရုရှား နိုင်ငံမော်စကို အပါဝင်မြိုကြီးအချို့မှာ ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲဒီဆန္ဒပြမှုမှာ ပါဝင်ခဲ့သူ ရာချီကို ရုရှားအစိုး အဖွဲတွေက ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။
 ရုရှားအစိုးရက အတိုက်ခံခေါင်းဆောင် နာဗယ်လီ ဟာ ဥပေဒ ချိုးဖောက်ပြီး အကြမ်းဖက်မှုတွေဖြစ်အောင် လုပ်ဆောင်သူလို့ စွပ်စွဲထားပါတယ်။

ဒီနေ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေဟာ အကျင့်ပျက်လဘ်စားမှုရှိနေတဲ့ ၀န်ကြီးချုပ် မက်ဗီဒက်ဗ်ကို ရာထူး က ထွက်ဖို့ တောင်းဆိုဆန္ဒပြခဲ့တာဖြစ်ပါတယ်။
    ဒီနေ့ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ပြည်သူသောင်းချီ ဆန္ဒပြခဲ့ပြီး မော်စကို၊ စိန့်ပီတာဘရက်၊ နိုဗိုစီဘရစ် ၊ စတဲ့မြို့တွေမှာဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဒီနေမှာဖြစ်ခဲ့တဲ့ဆန္ဒပြမှုအတွင်း လူပေါင်း ၅၀၀ ကျော်ဖမ်းဆီး ထိန်းသိမ်းခံရတယ်လို့သိရပါတယ်။

ရုရှားအတိုက်ခံခေါင်းဆောင် က  ၀န်ကြီးချုပ် မက်ဗီဒက်ဗ် ဟာအကျင့်ပျက်လဘ်စားမှုတွေရှိနေတာကြောင့် ရုရှားနိုင်ငံတ၀ှမ်းရှိ မြိုကြီး ၉၉ မှာ လူတွေလမ်းပေါ်ထွက်ဆန္ဒပြဖို့တိုက်တွန်းခဲ့ပြီးမကြာမီမှာပဲ နိုင်ငံတ၀ှမ်းသောင်းချီတဲ့ ဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။ ရုရှားအတိုက်ခံခေါင်းဆောင် ဟာ သူအပေါ် စွပ်စွဲထားတဲ့ စွဲချက်တွေကိုလက်ခံနိုင်ဘူး လို့ပြောပါတယ်။

ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်။

No comments:

Post a Comment