Latest News

Wednesday, February 22, 2017

အသင့်စား ဆိုင်တွေကြောင့် ရန်ကုန်မြို့လယ်ကောင်ရှိ ကျောင်းနေ အရွယ်ကလေးငယ်များ အ၀လွန် ရောဂါ ပိုမိုဖြစ်ပွားလာ

အသင့်စား ဆိုင်တွေကြောင့် ရန်ကုန်မြို့လယ်ကောင်ရှိ ကျောင်းနေ

အရွယ်ကလေးငယ်များ အ၀လွန် ရောဂါ ပိုမိုဖြစ်ပွားလာ

အာဟာရချို့တဲ့တာတင်မကဘဲ ၀နေတဲ့ ကလေးတွေလည်း တွေ့ခဲ့ရပြီး ရန်ကုန်မြို့လယ်ကောင်မှာ အ၀လွန်တာတွေနဲ့ ကိုယ်အလေးချိန်များတာတွေ အများဆုံးပါပဲ။

ရန်ကုန်မြို့လယ်ကောင်ရှိ ကျောင်းနေအရွယ် ကလေးသူငယ်တွေဟာ မန္တလေး၊ တောင်ကြီးနဲ့ မော်လမြိုင်မြို့တို့က ကလေးငယ်တွေထက် အ၀လွန်ရောဂါ ပိုမိုဖြစ်ပွားနေတယ်လို့ သိရပါတယ်။

၂၀၁၄ မှ ၂၀၁၅ အထိ ဆေးသုတေသနဦးစီးဌာန၊ အာဟာရ သုတေသနဌာနခွဲမှ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ မော်လမြိုင်တို့ရှိ မြို့လယ်ကောင်၊ မြို့စွန်နဲ့ ကျေးရွာတွေမှ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူဦးရေ ၂,၉၀၀ ဦးကို အာဟာရနဲ့ပတ်သက်ပြီး သုတေသနပြုလုပ်ခဲ့ရာမှာ ရန်ကုန်မြို့လယ်ကောင်ရှိ ကလေးသူငယ်တွေက မန္တလေး၊ တောင်ကြီးနဲ့ မော်လမြိုင်တို့ရှိ ကလေးငယ်တွေထက် အ၀လွန်ရောဂါ ပိုမိုဖြစ်ပွားနေကြောင်းတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အာဟာရချို့တဲ့တာတင်မကဘဲ ၀နေတဲ့ ကလေးတွေလည်း တွေ့ခဲ့ရပြီး ရန်ကုန်မြို့လယ်ကောင်မှာ အ၀လွန်တာတွေနဲ့ ကိုယ်အလေးချိန်များတာတွေ အများဆုံးပါပဲလို့ ဆေးသုတေသနဦးစီးဌာန၊ အာဟာရသုတေသနဌာနခွဲမှ ဒုညွှန်မှူးဒေါက်တာမို့မို့လှိုင်က ပြောထားပါတယ်။
ရန်ကုန်မြို့လယ်ကောင်ရှိ ကလေးငယ်များ အ၀လွန်ရောဂါ ပိုမိုဖြစ်ပွားနေရခြင်းဟာ အသင့် စားသုံးနိုင်ပြီး အဆီပါဝင်မှုများပြားတဲ့ ကြက်သားကြော်၊ ဒိုးနတ်၊ ဟမ်ဘာဂါ စတဲ့ ဆိုင်တွေ ပိုမိုများပြားနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Source: 7Day Daily:Duwnu

No comments:

Post a Comment