Latest News

Sunday, February 26, 2017

အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရစဉ် ကိုယ်လွတ်ရုန်း ပြေးခဲ့သော ဒုရဲမှူးကိုထုတ်ပယ်

အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရစဉ် ကိုယ်လွတ်ရုန်း ပြေးခဲ့သော ဒုရဲမှူးကိုထုတ်ပယ်


 ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၉ ရက် ညက အ ကာလ်မူလ်ဂျာဟီဒင်န်အဖွဲ့၏ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရ သည့် ရသေ့တောင်မြို့နယ် ကိုး တန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်းမှူး ဒုရဲမှူးအဆင့်ရှိသူကို ရဲတရားရုံးက ရဲမှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပယ်သည့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခြင်း အမိန့် ကြော်ငြာစာကို ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်ပြီး ၎င်းဒုရဲမှူး အား ရဲတရားရုံးဖြင့် အမှုစစ်ဆေး ခြင်းကို ၂၀၁၆ ဒီဇင်ဘာ ၂ ရက်က ပြုလုပ်ကာ ရဲတရားရုံး၏ ဆုံး ဖြတ်ချက်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ၂၀၁၇ ဇန်န၀ါရီ ၁၉ ရက်တွင် အတည်ပြုခဲ့သည်။

ကိုးတန်ကောက် နယ်ခြား စောင့်ရဲကင်းစခန်းမှူးသည် စခန်း အတွင်းသို့ ထင်းခွေ၊ ရေခပ်၊ သန့် ရှင်းရေးပြုလုပ်ရန် ဘင်္ဂါလီများ ခေါ်ယူစေခိုင်းခဲ့ခြင်း၊ မိမိကင်းစခန်းတွင် တပ်အသင့်နေရာယူမှု လုံခြုံရေးဇာတ်တိုက်လေ့ကျင့်မှု မရှိခြင်း၊ ရန်သူများဝင်ရောက်စီး နင်းစဉ် ၎င်းကိုင်ဆောင်ထားသော ခြောက်လုံးပြူးသေနတ်ဖြင့် ပြန် လည်ပစ်ခတ်ချိန်၌  ကျည်မထွက်ဘဲ ရန်သူတိုက်ခိုက်မှုခံရပြီး ကိုင်ဆောင်ထားသော လက်နက်     ရန်သူ့နောက်ပါ ဆုံးရှုံးခဲ့ရခြင်းများရှိသည်ဟု အမိန့်စာ၌ ပါရှိသည်။

ထို့အပြင် အကြမ်းဖက်သူ များနှင့် ရဲတပ်ဖွဲ့ဝင်များ လုံးထွေး သတ်ပုတ်နေချိန်တွင် အနီးကပ် ကြီးကြပ်ရမည့်အစား တစ်ဦး တည်း ကိုယ်လွတ်ရုန်းထွက်ခွာ ခဲ့သည်ဟု အမိန့်စာ၌ ဖော်ပြထားသည်။

ကိုးတန်ကောက် နယ်ခြား စောင့်ရဲကင်းစခန်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော ဖြစ်စဉ် ကြောင့် ရဲမှူးသုံးဦး၊ ဒုရဲမှူးနှစ်ဦး၊ ရဲတပ်ကြပ်နှစ်ဦး၊ ရဲဒုတပ်ကြပ် သုံးဦး၊ ရဲတပ်သားခြောက်ဦးတို့ကို ထောင်ဒဏ်၊ ရဲမှုထမ်းမှထုတ်ပယ်သည့်ပြစ်ဒဏ်၊ အငြိမ်းစားလစာအတွက် ရဲမှုထမ်းသက်တမ်း လျှော့ချသည့်ပြစ်ဒဏ်စသည်ဖြင့် အသီးသီးချမှတ်ခဲ့သည်။

7 day

No comments:

Post a Comment