Latest News

Friday, February 10, 2017

သားဖြစ်သူစိတ်ချမ်းသာအောင် သရဲမျက်နှာဖုံးဝတ်ပြီး ရော်နယ်ဒိုက ကျောင်းလိုက်ပို့

သားဖြစ်သူစိတ်ချမ်းသာအောင် သရဲမျက်နှာဖုံးဝတ်ပြီး ရော်နယ်ဒိုက

ကျောင်းလိုက်ပို့

သူ့ရဲ့သားငယ် ပျော်ရွှင်အားတက်သွားအောင် ကျောင်းကိုအရုပ်မျက်နှာဖုံးစွပ်ပြီးလိုက်ပို့ပေးခဲ့ကြောင်း သိရပါတယ်။ ရော်နယ်ဒိုရဲ့ သားငယ်ဟာ ကျောင်းမှာပြုလုပ်တဲ့ ရုပ်ပြောင်အဝတ်အစားဝတ်ဆင်တဲ့ပွဲကို ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သားငယ်ဟာ သူတစ်ဦးတည်း ကာတွန်းဇာတ်ကောင်အဝတ်အစားဝတ်ပြီး ကျောင်းလာရမှာ ရှက်ရွံ့နေပုံရပါတယ်။

ဒါကြောင့် ရော်နယ်ဒိုကိုပါ သူနဲ့အတူတူဖြစ်အောင် ကာတွန်းဇာတ်ကောင်တစ်ရုပ်လို ဝတ်ဆင်ခိုင်းခဲ့တာပါ။ ရော်နယ်ဒိုဟာ သားငယ်လိုချင်တဲ့ပုံစံဖြစ်အောင် အဖြူရောင်မျက်နှာဖုံးကြီးဆင်ပြီး သားငယ်ကို ကျောင်းလိုက်ပို့ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ အပေါင်းအပါတစ်စုကလည်း ကလေးငယ်စိတ်ချမ်းသာစေဖို့အတွက် ကာတွတ်ဇာတ်ကောင်အဝတ်အစားတွေ ဝတ်ဆင်လိုက်ပါလာခဲ့ကြပါတယ်။ ဓာတ်ပုံမြင်ကွင်းတွေထဲမှာတော့ ရော်နယ်ဒိုတို့ရဲ့အနားမှာ ကိုယ်ရံတော်တွေရှိနေခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ် တနင်္ဂနွေနေ့က ရာသီဥတုအခြေအနေကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ဆယ်လ်တာဗီဂိုပွဲစဉ်ရွှေ့ဆိုင်းပြီးနောက် ရော်နယ်ဒိုဟာ အချိန်အချို့ကို သားငယ်အတွက်ပေးနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရော်နယ်ဒိုဟာ ခွေးအကောင်ရှစ်ဆယ်ရှိတဲ့ ခွေးစောင့်ရှောက်ရေးဂေဟာတစ်ခုအတွက် ရန်ပုံငွေရှာဖို့ သူလက်မှတ်ထိုးထားတဲ့ ဂျာစီတစ်ထည်ပေးပို့ခဲ့ပါသေးတယ်။ ခွေးစောင့်ရှောက်ရေးဂေဟာက တာဝန်ရှိသူတွေကလည်း ရော်နယ်ဒိုကို ကျေးဇူးတင်ကြောင်း မီဒီယာတွေကတဆင့် ပြန်လည်ပြောခဲ့ကြပါသေးတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ အသင်းနဲ့အတူ ယူရိုချန်ပီယံရှစ်ဖလား ရခဲ့ပါသေးတယ်။ အဲဒီနှစ်အတွင်းမှာပဲ ရီးရဲလ်မက်ဒရစ်နဲ့အတူချန်ပီယံလိဂ်ချန်ပီယံ ဖြစ်ခဲ့ပါသေးတယ်။ ရော်နယ်ဒိုက ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ မန်ယူအသင်းကို ၂၀၀၃ ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီးတဲ့နောက် ၂၀၀၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့သူပါ။ လက်ရှိအချိန်ထိ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု လေးကြိမ်ရရှိထားသူ ဖြစ်ပြီး မက်ဆီရဲ့အနီးကပ်ဆုံးပြိုင်ဘက်လည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူဖြစ်ပြီး ဂိုး သုံးရာနီးနီး ရှိနေပြီဖြစ်ပါတယ်။

Source : Daily Mail ( Duwun )

No comments:

Post a Comment