Latest News

Wednesday, February 22, 2017

သတိ၊ မန္တလေးလမ်းတွေမှာ လုယက်သူတွေ ရှိသည်

သတိ၊ မန္တလေးလမ်းတွေမှာ လုယက်သူတွေ ရှိသည်

မန္တလေးမြို့မှာ လုယက်ခံနေရတဲ့ဖြစ်ရပ်တွေ ဖြစ်ပွားနေလို့ ပြည်သူတွေ စိတ်မလုံခြုံမှုတွေနဲ့ ကြုံတွေ့နေရတယ်။

မန္တလး၊ ဖေဖော်ဝါရီ ၂၂- မန္တလေးကျုံးဘေးမှာ  ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေတဲ့ အမျိုးသားနှစ်ဦးဆီကို ဓားကိုယ်စီကိုင်ထားတဲ့ လူငယ်သုံးဦး  ဆိုင်ကယ်နဲ့ ရောက်လာပြီး လည်ပင်းကို ဓားထောက် ကာ လက်ကိုင်ဖုန်း၊ ပိုက်ဆံတွေလုယူပါတယ်။ ပြီးတော့ ဓားနဲ့ထိုးပြီး ထွက်ပြေးတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။

ညပိုင်းအချိန်ပိုဆင်းပြီး အ လုပ်ကပြန်လာတဲ့ ကိုကိုဇေက ‘သုံးယောက်စလုံးက ဓားတစ် ယောက်တစ်ချောင်းစီနဲ့ ကျွန်တော် တို့ နှစ်ယောက်ရှိတဲ့ အနားကို ရောက်လာပြီး  နှစ်ယောက်လုံးရဲ့ လည်ပင်းနဲ့ ရင်ဘတ်ကို ဓားနဲ့ ထောက်ပြီး ဖုန်းကိုတောင်းတော့ ပေးလိုက်ရတယ်၊ ပိုက်ဆံထပ် တောင်းတယ်၊ မပေးတော့ ဓားနဲ့ ထိုးရော၊ လမ်းပေါ်လူတွေ ရောက်လာတဲ့အချိန်မှ အဲဒီသုံးယောက်စလုံးထွက်ပြေးသွားကြတာ”လို့ သူကြုံတွေ့ပုံကို ပြောပြတယ်။
အဲသည်ဖြစ်ရပ်ကတော့ ဇန်နဝါရီ ၂၇ရက်က အလှကုန်အရောင်း ဆိုင်မှာ အလုပ်အတူ လုပ်ကိုင်တဲ့  အမျိုးသားနှစ်ဦးဟာ ညပိုင်းအချိန် ပိုဆင်းပြီး နေအိမ်ပြန်မယ့် သူငယ် ချင်းဖြစ်သူကို လိုက်ပို့ချိန် ည  ၁၁းဝ၀နာရီခန့် လမ်း ၈၀၊ ၂၅လမ်း နဲ့ ၂၆လမ်းကြားမှာ ခြိမ်းခြောက် လုယူခံရတာပါ။

ပုံစံအမျိုးမျိုးနဲ့ လုယက်မှုတွေ

မန္တလေးမြို့မှာ ဓားနဲ့ထောက် ခြိမ်းခြောက်လုယက်တာတွေ၊ ရန် ဖြစ်သလိုလုပ်ပြီး လုယက်တာ မျိုးတွေ၊ ကားနဲ့အတိုက်ခံရသလိုလုပ် ပြီး လုယက်တာမျိုးတွေ၊ ဆိုင်ကယ်နဲ့ကပ်လိုက်လာပြီး လုယက် တာတွေစတဲ့ ပုံစံအမျိုးမျိုးနဲ့ လုယက်မှုတွေ စစ်ဆေးတွေ့ရှိရတယ် လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောပါတယ်။

ဇန်နဝါရီ ၄ရက်ကလည်း မန္တလေးမြို့ရှိ စွယ်တော်မြတ်စေတီ တော်အနီးရေကန်မှာ အမျိုးသား နှစ်ဦးဟာ ဆိုင်ကယ်ရပ်ပြီး သူတို့ ရဲ့ သူငယ်ချင်းတွေကိုစောင့်ရင်း ဖုန်းနဲ့  ဂိမ်းကစားနေချိန်   ပါးစပ်ကို မာစကအုပ်ပြီး ဦးထုပ်ဆောင်းထား တဲ့  ဆိုင်ကယ်သုံးစီးနဲ့   အမျိုးသား ငါးဦးအနားကို ရောက်လာပြီး ဂိမ်းကစားနေတဲ့ အမျိုးသားနှစ်ဦးရဲ့  ဆိုင်ကယ်သော့ကို တောင်းရာ မပေးတာကြောင့် ဓားနဲ့လည်ပင်း ကို ထောက်ကာ လက်သီးနဲ့ထိုးတာ ၊ တုတ်နဲ့ရိုက်တာတွေ ပြုလုပ်ပြီး ဆိုင်ကယ်သော့ကို နှိုက်ယူကာ ဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေး တာဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့ အ တူ လက်ကိုင်ဖုန်းလည်း လုယူခြင်းခံရပါတယ်။

လူကိုရိုက်နှက်ခြိမ်းခြောက်ပြီး ဆိုင်ကယ်၊ လက်ကိုင်ဖုန်းတွေကို  လုယူထွက်ပြေးတဲ့ အဲသည် လူငယ်အမျိုးသားငါးဥိးကိုတော့ ဇန် နဝါရီ၆ရက်က ဖမ်းဆီးရမိခဲ့ပါတယ်။

မန္တလေးခရိုင်မှာ အခုနှစ်ဇန်န ဝါရီလကနေ ဖေဖော်ဝါရီလဆန်း အတွင်း လူကိုရိုက်နှက်ပစ္စည်းလု ယက်မှုပေါင်း ၁၄မှုဖြစ်ပွားပြီး ရှစ်မှု ကို ဖမ်းဆီးရမိတယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရပါ တယ်။

လုယက်မှု အများဆုံးဖြစ်ပွားတဲ့မြို့နယ်တွေကတော့ မဟာ အောင်မြေမြို့နယ်မှာ ငါးမှုနဲ့ ချမ်းမြ သာစည်မြို့နယ်မှာ လေးမှုဖြစ်ပွားတယ်လို့ ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုပါတယ်။

မန္တလေးမြို့ပေါ်မှာပါ ညအချိန်ရော နေ့အချိန်ပါ ဓားထောက် လုယက်ခံနေရတဲ့ဖြစ်ရပ်တွေ မကြာခဏဖြစ်ပွားနေလို့ နေ့စဉ် သွားလာနေကြရတဲ့ ပြည်သူတွေ စိတ်မလုံခြုံမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါ တယ်။
ဓားနဲ့ထောက်ခြိမ်းခြောက်ပြီး လုယက်ခံရသူရဲ့ ဦးလေးဖြစ်သူ  ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ ဦးမြင့်နိုင်က ‘အမှုဖွင့်ထားတာခုချိန် (တစ်လနီးပါးကြာ)ထိတော့ ဘာမှမကြားသေးဘူး၊ ည ၉းဝ၀ နာရီလောက်ပဲရှိသေးတယ်၊ ကန် ပတ်လမ်းမှာ အသက်ပေးမလား၊ ဆိုင်ကယ်ပေးမလားဆိုပြီးဖြစ် တယ်၊ မနက် ၈းဝ၀နာရီလောက် မှာလဲ ဖြစ်တာပဲ၊ ၂၄နာရီလုံး  ဘယ်သူမှ မလုံခြုံတော့ဘူးဖြစ်နေတာ၊ လူပြတ်တဲ့နေရာဆိုရင် မသွားရဲလောက်အောင်ကို ဖြစ်နေတာ၊ ကန်ပတ်လမ်းဆို နေ့ရောညပါ မသွားရဲဘူး”လို့ ပြောပါတယ်။

အောင်မြေသာစံမြို့နယ်မှာ နေထိုင်တဲ့ ကိုဝေယံကလည်း ‘အ ခုနောက်ပိုင်း ညဘက်တွေမှာ အပြင်မထွက်ဖြစ်တော့ဘူး၊ လုယက်မှုတွေ တောက်လျှောက်ကြီး ကို ဖြစ်လာတော့ ကျွန်တော်တို့မြို့လဲ သိက္ခာကျသလို ကျွန်တော်တို့ လဲ မလုံခြုံဘူး”လို့ ပြောပါတယ်။

ညပိုင်းအချိန်အထိ အလုပ် လုပ်ပြီးမှ နေအိမ်ကို ပြန်လာကြရတဲ့ သူတွေနဲ့ မိသားစုဝင်တွေဟာ လုံခြုံမှုမရှိဘဲ စိုးရိမ်စိတ်တွေနဲ့ နေ့ စဉ်သွားလာ နေထိုင်နေကြရပါ တယ်။

‘ညကြီးအချိန် အရေးကြီးလို့ အပြင်ထွက်မယ်ပြုမယ်ဆိုရင်တောင် ဒီကောင် (လုယက်သူ) တွေနဲ့ လမ်းမှာတွေ့ရင် ဘယ်လို လုပ်မလဲ၊ ညပိုင်းအထိ အလုပ်လုပ်ရတဲ့ ညီမလေးကိုဆို အခုနောက်ပိုင်း သွားကြိုရတယ်၊ ကျန်တဲ့သူ တွေကိုလဲ  အုပ်စုလိုက်ဖြစ်ဖြစ်၊ အဖော်နဲ့ဖြစ်ဖြစ် ပြန်ဖို့မှာကြရတယ်၊ နောက်ကျမယ်ဆိုရင် အိမ် ကိုကြိုပြောဖို့ ပြောထားရတယ်˘လို့ အောင်မြေသာစံမြို့နယ်မှာ နေထိုင်တဲ့ ကိုဝေယံက ပြောပါတယ်။

ရင်လေးစရာ

မန္တလေးမြို့ဟာ အရင်ကဆို ညဥ့်နက်ပိုင်း ၁းဝ၀နာရီလောက်မှ အပြင်ကနေ နေအိမ်ကိုပြန်တာမျိုး၊ သွားလာနေတာမျိုးတွေ ရှိပေမဲ့ အခုလို လုယက်တာမျိုးမရှိ ကြောင်းနဲ့  အခုနောက်ပိုင်း ညပိုင်းအချိန်တွေမှာ အရေးကြီးကိစ္စရှိလို့ အပြင်ထွက်ရမယ်ဆိုရင်တောင် ရင်လေးစရာဖြစ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အုပ်စုဖွဲ့ရိုက်နှက်လုယက်တာတွေ၊ ဓားထောက်ခြိမ်းခြောက်လု ယက်တာတွေ ဖြစ်ပွားတာကြောင့် ပြည်သူတွေဟာ စိုးရိမ်စိတ်တွေနဲ့ သွားလာနေရမှုကို ဘယ်လိုနည်းနဲ့ ဖြေရှင်းဆောင်ရွက်သင့်နေပြီလဲလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါ တယ်။

‘အခုဟာက လူကိုရိုက်ပြီး တော့ ရန်ရှာတာဆိုတဲ့ပုံစံမျိုးကို ဖြစ်လာတာဆိုတော့ အုပ်စုဖွဲ့ပြီး နိုင်ငံခြားဆန်ဆန် ဂိုဏ်းစတားတွေ လိုလိုက်ပြီး ရန်ရှာတဲ့ပုံစံတွေ ဖြစ်လာတယ်၊ ဥပဒေမဲ့လာတဲ့ ပုံစံမျိုး နည်းနည်းဖြစ်လာတယ်၊ ညဘက် မှာ အရေးအကြောင်းရှိလို့ အပြင် ထွက်မယ်ဆိုရင် မလုံခြုံဘူး၊ ဒီ အ တိုင်းပဲကြည့်နေရင် တစ်ချိန်ချိန်မှာ ကိုယ့်အလှည့်ရောက်လာမှာ” လို့ ကိုဝေယံက ပြောပါတယ်။

အခုလို လုယက်မှုတွေ ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ အင်အားတွေ ထုတ်နုတ်ကာ နေ့အချိန်နဲ့ ညအချိန်တွေမှာ အရပ်ဝတ် နဲ့ စောင့်ကြပ်တာတွေ ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့အတွက်တွေ ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ မန္တလေးခရိုင်ရှိ မြို့နယ်တိုင်းမှာ ရှောင်တခင်စစ်ဆေးတာတွေ၊ ပိတ်ဆို့ရှာဖွေမှုတွေ၊ လူပြတ်လပ် တဲ့နေရာတွေမှာလည်း ရဲတပ်ဖွဲ့ အင်အား ထုတ်နုတ်ပြီး တိုင်း၊ ခရိုင်တွေမှာ အခုလိုဖြစ်စဉ်တွေ ထပ်မံ မဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွ့မှူးရုံး၊ ဒုတိ ယ ရဲမှူးကြီး စိန်ထွန်းက ဆိုပါ တယ်။

‘လုယက်မှုနဲ့ မိထားတဲ့ သူတွေကိုလဲ ကွင်းဆက်တွေထပ်မိဖို့ စစ်ကြောနေတာတွေ ရှိတယ်၊ ပြစ်မှုကျူးလွန်နိုင်တဲ့သူတွေကိုလဲ အပိုင် စခန်းတွေအလိုက် သတင်းယူစုံ စမ်းနေတာတွေလဲရှိတယ်”လို့ ဒုတိယရဲမှူးကြီးစိန်ထွန်းက ပြောပါ တယ်။

မန္တလေးခရိုင်အတွင်းမှာ လူဦး ရေ ၁၉သိန်းကျော်ခန့်ရှိပြီး ရဲတပ်ဖွဲ့ အင်အားက ၁၁၀ဝခန့်သာရှိတဲ့ အနေအထားဖြစ်သလို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းမှာ အခမ်းအနားတွေ၊ အခါကြီးရက်ကြီးတွေ၊ ဘောလုံးပွဲတွေ၊ လမ်းကြောင်းလုံ ခြုံရေးတွေ၊ ဘဏ်တွေ၊ ဟိုတယ်တွေ၊ အရေးပေါ်အထိုင်နေရာတွေမှာလည်း ရဲတပ်ဖွဲ့အင်အားတွေ လုံခြုံရေးချထားရတဲ့အတွက် မှုခင်းပိုင်းမှာ လုပ်ဆောင်မှု လျော့ နည်းသွားတဲ့ အနေအထားဖြစ်ရတာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ အင်အားမလုံလောက်လို့ ပြည်သူတွေ ပူးပေါင်းပါဝင်ပါဆိုရင်လည်း ပူးပေါင်းပါဝင် ဖို့ အသင့်ပါလို့ ချမ်းအေးသာစံမြို့ နယ်မှာနေထိုင်တဲ့ ဦးမြင့်နိုင်က ပြောပါတယ်။

ကိုဝေယံက ‘မန္တလေးမြို့ကို အရင်ကလို အေးချမ်းလုံခြုံမှုမျိုး ပြန်ဖြစ်စေချင်တယ်”လို့ ပြောပါတယ်။

နန်းဟေမာထွေး

Kumudra


No comments:

Post a Comment