Latest News

Wednesday, February 22, 2017

အိန္ဒိယအ၀ယ်နည်း၍ မတ်ပဲနှင့် ပဲစင်းငုံဈေးကျဆင်း

အိန္ဒိယအ၀ယ်နည်း၍ မတ်ပဲနှင့် ပဲစင်းငုံဈေးကျဆင်း


အိန္ဒိယကုန်သည်များ ဘက်က အ၀ယ်လျော့နည်းခြင်း ကြောင့် မတ်ပဲနှင့် ပဲစင်းငုံဈေးကျ ဆင်းနေပြီး ထပ်မံကျဆင်းဖွယ်ရှိ ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သ တင်းရရှိသည်။

ပြီးခဲ့သည့် ဇန်န၀ါရီက မတ် ပဲတစ်တန်လျှင် ကျပ်ဆယ်သိန်းငါးသောင်းကျပ်အထိ ပေါက်ဈေးရှိခဲ့ရာမှ ယခုတစ်ပတ်လျှင် ကျပ် ဆယ်သိန်းခန့်သာ ပေါက်ဈေးရှိ ပြီး ပဲစင်းငုံမှာလည်း ယခင်ကတစ် တန်လျှင် ကျပ်ရှစ်သိန်းအထိ ပေါက်ဈေးရှိရာမှ ယခုကျပ်ခုနစ် သိန်းသုံးသောင်းကျော်သာပေါက် ဈေးရှိကြောင်း ဘုရင့်နောင်ကုန် စည်ဒိုင်မှ သတင်းရရှိသည်။

‘‘အိန္ဒိယအစိုးရက အာဖရိက ဘက်မှာလည်း မတ်ပဲနဲ့ ပဲစင်းငုံ တွေ စိုက်ထားတာရှိတယ်။ ဒါ ကြောင့် ဒီမှာ ပေါက်တဲ့ဈေးကို လိုက်မ၀ယ်တော့ဘူး။ ဒါကြောင့် ဈေးက တဖြည်းဖြည်းကျလာ တာ။ ဈေးကထပ်ကျနိုင်တယ်’’ဟု ပဲကုန်သည် တစ်ဦးကပြောကြားသည်။

ယင်းသို့ ပဲဝယ်ယူမှုကျဆင်း ခြင်းကြောင့် ပြည်ပနိုင်ငံသို့ ပဲတင် ပို့မှုပမာဏသည် ယခင်ဘဏ္ဍာနှစ်  ၌ တင်ပို့ခဲ့သည့် ပမာဏထက် လျော့နည်းနိုင်ကြောင်းလည်း ပဲ ကုန်သည်များက သုံးသပ်သည်။

မြန်မာ့ပဲမျိုးစုံကို အများဆုံးဝယ်ယူသည့် အိန္ဒိယနိုင်ငံဘက်မှ ၀ယ်ယူမှုကျဆင်းလာခြင်းကြောင့် ဈေးကွက်သစ်များရှာဖွေရန် ပဲကုန်သည်များအသင်းက စီစဉ်လျက်ရှိကြောင်း သတင်းရရှိ သည်။

ထို့အပြင် ဈေးကွက်ပြိုင် ဘက်နိုင်ငံများတွင် ရောင်းချ သည့် ဈေးထက်မများစေရန်ထုတ် လုပ်မှုကုန်ကျစရိတ်ကို လျှော့ချ ရန်လိုကြောင်း ပဲကုန်သည်တစ်ဦး ကသုံးသပ်သည်။

‘‘ထုတ်လုပ်မှုကုန်ကျစရိတ် တွေကြောင့် မြန်မာ့ပဲဈေးက တ ခြားနိုင်ငံတွေမှာအရောင်းအ၀ယ် ဖြစ်တဲ့ဈေးထက် မြင့်နေတယ်။ ဒါ ကြောင့် ဈေးနည်းတဲ့နိုင်ငံတွေဆီ က ပြောင်းဝယ်ကြတယ်’’ဟု ပဲ ကုန်သည်တစ်ဦးကပြောသည်။

ယခု ဇန်န၀ါရီလကုန်အထိ မတ်ပဲတန်ချိန်ငါးသိန်း၊ ပဲစင်းငုံ တန်ချိန် သုံးသိန်းနှင့် ပဲတီစိမ်းတန် ချိန် နှစ်သိန်းတစ်သောင်းခန့် စုစု ပေါင်းပဲမျိုးစုံတန်ချိန်တစ်သိန်း တစ်သောင်းခန့် တင်ပို့ထားကာ ပြည်ပနိုင်ငံများသို့ နှစ်စဉ်ပဲမျိုးစုံ တန်ချိန် တစ်သိန်းခွဲခန့် တင်ပို့ ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ကုန် သွယ်မှု စာရင်းများအရ သိရသည်။



7Day News Journal

No comments:

Post a Comment