Latest News

Tuesday, February 21, 2017

ရေနံများကိုသိမ်းရန် အီရတ်သို့ ရောက်နေခြင်း မဟုတ်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား

ရေနံများကိုသိမ်းရန် အီရတ်သို့ ရောက်နေခြင်း မဟုတ်ဟု အမေရိကန်

ကာကွယ်ရေးဝန်ကြီးြေေပြောကြ
ား


အမေရိကန်သည် အီရတ်၏ ရေနံရင်းမြစ်များကို လုယူရန် ရောက်ရှိနေခြင်းမဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က ဘဂ္ဂဒက်ကို ရောက်ရှိခဲ့သည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမားတစ်က ပြောကြားခဲ့သည်။ သမ္မတဒေါ်နယ်ထရန့်၏ မှတ်ချက်စကားများကြောင့် တုန်လှုပ်နေကြသည့် မိတ်ဖက်နိုင်ငံများကို နှစ်သိမ့်ပေးရန် ကြိုးပမ်းနေရင်း မားတစ်သည်ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အီရတ်နိုင်ငံတွင် ရှစ်နှစ်ကြာ အခြေစိုက်ခဲ့သော အမေရိကန်တပ်ဖွဲ့များ၏ စစ်စရိတ်ကို ကာမိရန်နှင့် IS တို့၏ အဓိကအကျိုးခံစားခွင့် အရင်းအမြစ်များကို ပိတ်ပင်ရန်အတွက် အီရတ်ရေနံများအား သိမ်းယူသင့်သည်ဟု ထရန့်က မဲဆွယ်စည်းရုံးစဉ်ကရော ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင်ပါ ထပ်တလဲလဲ ပြောကြားခဲ့သည်။

၂၀၀၃ ခုနှစ်တွင် အီရတ်ကို အမေရိကန်တပ်ဖွဲ့များ ကျူးကျော်စဉ်က တပ်ဖွဲ့ဝင်များကို ကြီးကြပ်ခဲ့သူဖြစ်သည့် မရိန်းဗိုလ်ချုပ်ကြီးဟောင်း မားတစ်မှာမူ ထရန့်၏ အကြံဥာဏ်ကို လက်ခံနိုင်ဖွယ်မရှိပေ။

“ကျွန်တော်တို့ အမေရိကန်တွေဟာ ကိုယ်သုံးတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံကို ကိုယ်ပိုက်ဆံနဲ့ ကိုယ်ပေးနေကြတာ ဖြစ်ပါတယ်။ နောင်မှာလည်း ဒီလိုပဲဆက်ပြီး ပေးသွားမယ်ဆိုတာ ကျွန်တော် သေချာပါတယ်” ဟု မားတစ်က ၎င်း၏ အီရတ်ခရီးစဉ် အစတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဘယ်သူ့ရဲ့ ရေနံကိုမှ သိမ်းဖို့ အီရတ်ကို ရောက်နေတာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထရန့်သည် ပြီးခဲ့သည့်လက စီအိုင်အေ ရုံးချုပ်သို့ ရောက်ရှိစဉ်က “အနိုင်ရသူဟာ အကျိုးအမြတ်ကို ပိုင်ဆိုင်ရမှာပဲ” ဟူသော ဆိုရိုးစကားကို ထောက်ပြီး ‘အမေရိဟာလည်း ရေနံကို ရသင့်တာပဲ’ ဟု ပြောကြားသွားခဲ့သည်။ သမ္မတအိုဘားမား လက်ထက်အတွင်းက အီရတ်နိုင်ငံတွင်းရှိ အမေရိကန် တပ်ဖွဲ့အများစုကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးမှ ထရန့်၏ စကားထွက်လာခြင်း ဖြစ်သည်။

READ  အီရတ် မှာ ထရပ်ကားဖြင့် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၀၀ ခန့် သေဆုံး
မိုဆူးကို ပြန်လည်သိမ်းပိုက်ရန် မြို့အနောက်ပိုင်းမှ IS များကို တိုက်ထုတ်သည့် စစ်ဆင်ရေးစတင်ပြီး မကြာမီမှာပင် မားတစ်၏ အီရတ်ခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မားတစ်သည် သူ၏ခရီးစဉ်အတွင်း အီရတ်ဝန်ကြီးချုပ် ဟာအီဒါအယ်အဘာဒီနှင့် ကာကွယ်ရေးဝန်ကြီး အီဖန်အယ်ဟာရာလီတို့နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

ထရန့်ကြောင့် ဖြစ်ပေါ်ခဲ့သည့် အီရတ်နှင့် အမေရိကန်ကြားမှ အက်ကြောင်းထဲတွင် ထိုရေနံကိစ္စသာမက အမေရိကန်ထဲသို့ပြည် ၀င်ခွင့် ရက် ၉၀ ပိတ်ခံရသည့် မွတ်စလင်နိုင်ငံ ခုနစ်နိုင်ငံထဲတွင် အီရတ်ပါဝင်ခဲ့ခြင်းလည်း ပါခဲ့သည်။ မားတစ်ကမူ ထရန့်ထံမှ မည်သည့်အမိန့်မျှ ထပ်မံထွက်ပေါ်သည်ကို မကြားရသေးသော်လည်း အမေရိကန်တပ်များနှင့် အတူတကွ တိုက်ပွဲဝင်နေကြသည့် အီရတ်တို့၏ လိုအပ်သည်များကို ဖြည့်တင်းသွားနိုင်ရန် ယုံကြည်မှုရှိကြောင်း ပြောကြားသွားခဲ့သည်။

Ref: AFP

Eleven Media Group

No comments:

Post a Comment