Latest News

Tuesday, February 21, 2017

5 STAR အငြိမ့် ပွဲတွင် စကားများရန်ဖြစ်ဓားထိုးမှုဖြစ်ပွား၍ ၁ ဦးသေဆုံး

5 STAR အငြိမ့် ပွဲတွင် စကားများရန်ဖြစ်ဓားထိုးမှုဖြစ်ပွား၍ ၁ ဦးသေဆုံး

   
5 STAR အငြိမ့်ပွဲတွင် စကားများရန်ဖြစ်ဓားထိုးမှုဖြစ်ပွား၍ ၁ ဦးသေဆုံးစစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ မြေသာကျေးရွာရှိ ဘုရားထီးတင်ပွဲမှာ 5 STAR အငြိမ့်ပွဲ ကပြနေစဉ် ပွဲကြည့်ပရိသတ်အချင်းချင်း စကားများ ရန်ဖြစ်ရာက ဓားထိုးမှု ဖြစ်ပွားခဲ့လို့ ၁ ဦး သေဆုံးခဲ့တယ်လို့ ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။Crime in 5Star 2

ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁ နာရီ ၄၅ မိနစ်က ပင်လည်ဘူးမြို့နယ် မြေသာကျေးရွာရှိ ဘုရားထီးတင်ပွဲမှာ 5 STAR အငြိမ့်ပွဲကပြနေတာကို ပင်လည်ဘူးမြို့နယ် မန္တံကျေးရွာနေသူ အသက် ၁၇ နှစ်အရွယ် မောင်ကောင်းထက်ဝေနဲ့ ဇင်ရော်ထွန်းဟာ ဇာတ်ပွဲညာဘက်ခြမ်းရှိ ပွဲဈေးတန်း နေရာမှာ ကြည့်ရှုနေစဉ် မိကျောင်းအင်းကျေးရွာနေ လှိုင်းဇော်ဟိန်း(၂၀-နှစ်)နဲ့ စကားများရန်ဖြစ်ပြီး မောင်ကောင်းထက်ဝေနဲ့ ဇင်ရော်ထွန်းတို့ကို ဓားနဲ့ထိုးတာကြောင့် မောင်ကောင်းထက်ဝေမှာ ယာဘက်ရင်အုံ လက်မဝက်ခန့် ထိုးသွင်းဒဏ်ရာ (မစိုးရိမ်ရ)၊ ဇင်ရော်ထွန်းမှာ ယာဘက်ရင်အုံ လက်မဝက်ခန့် ထိုးသွင်းဒဏ်ရာရှိခဲ့ပြီး သေဆုံးခဲ့တာပါ။ တရားခံ လှိုင်းဇော်ဟိန်းကို အခင်းဖြစ်ပွားပြီး ၁ နာရီအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။

ပင်လည်ဘူး ပြည်သူ့ဆေးရုံကို တက်ရောက်ကုသစဉ် ဇင်ရော်ထွန်းမှာ ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတာကြောင့် တရားခံ လှိုင်းဇော်ဟိန်းကို အရေးယူပေးပါဖို့ တိုင်ကြားတဲ့အတွက် အသက်သေဆုံးအောင် ဓားနဲ့ထိုးသူ တရားခံ လှိုင်းဇော်ဟိန်းကို ပင်လည်ဘူးမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း/အင်းတော်( DVB )

No comments:

Post a Comment