Latest News

Friday, February 17, 2017

ကင်မ်ဂျုံနမ်း လုပ်ကြံခံရမှု နောက်ဆက်တွဲ

ကင်မ်ဂျုံနမ်း လုပ်ကြံခံရမှု နောက်ဆက်တွဲ

လုပ်ကြံခံရတဲ့ ကင်မ်ဂျုံနမ်းရဲ့ ဆွေမျိုးသားချင်းထဲက DNA မျိုးရိုးဗီဇနမူနာမရမချင်း သူ့အလောင်းကို ဆက်ပြီးထိမ်းသိမ်းထားမယ်လို့ မလေးရှားရဲတပ်ဖွဲ့က ဒီနေ့ပြောလိုက်တဲ့အကြောင်း ရိုက်တာသတင်း တစ်ပုဒ်မှာဖော်ပြထားပါတယ်။

ဒီလုပ်ကြံမှုနဲ့ပတ်သက်လို့ အင်ဒိုနီးရှား အမျိုးသမီးတစ်ယောက်၊ ဗီယက်နမ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ မလေးရှား အမျိုးသားတစ်ယောက်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ဗီယက်နမ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာ အမျိုးသမီးတစ်ယောက်ကို ဖမ်းထားတယ်လို့ ရိုက်တာသတင်းတပုဒ်က ဖော်ပြခဲ့ပေမယ့် အဲဒီသတင်းနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ဘာသတင်းမှ ထွက်မလာခဲ့ပါဘူး။

ဒါ့အပြင် အမှုနဲ့ဆက်နွယ်ပြီး နောက်ထပ် အမျိုးသား ၄ ယောက်ကိုလည်း ရှာနေတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေးတွေကတော့ ဒီလုပ်ကြံမှုကို မြောက်ကိုရီးယား ထောက်လှမ်းရေးတွေ လုပ်တာလို့ ယူဆထားပါတယ်။

မြောက်ကိုရီးယားသံရုံးကလည်း ကင်မ်ဂျုံနမ်းရဲ့ အလောင်းကိုလွှဲပေးပို့ မလေးရှားကို မနေ့က တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ သူ့ဆွေမျိုးသားချင်းထဲက မျိုးရိုးဗီဇ နမူနာမရမချင်း ထုတ်မပေးဘူးလို့ မလေးရှားရဲတပ်ဖွဲ့ကြေေပြောလိုက်တာဖြစ်ပါတယ်

RFA

No comments:

Post a Comment