Latest News

Friday, February 17, 2017

တွံတေးမှာ ကလေး ၁၇ ဦး အစာအဆိပ်သင့်

တွံတေးမှာ ကလေး ၁၇ ဦး အစာအဆိပ်သင့်

တွံ​တေးမြို့နယ် ​ကြည်​ကုန်း​ကျေးရွာမှာ က​လေးငယ် ​၁၇ ဦး အစာအဆိပ်​သင့်​မှုဖြစ်ပွားခဲ့ရာ ၉ ဦး​ကို ဟယ်ပင်​က​လေး​ဆေးရုံမှာ  အ​ရေး​ပေါ်ကုသ​ပေး​နေရတယ်​လို့သိရပါတယ်​။

ဖေဖော်ဝါရီ ၁၇ ၇က် ည​နေပိုင်းကဖြစ်ပွားခဲ့တာပါ။ ဘာ​ကြောင့်​ဖြစ်​ရတယ်​ဆိုတာ မသိရသေးပါဘူး။ ဓာတ်​ခွဲခန်းအ​ဖြေ မရ​သေးဘူးလို့ က​လေး​တွေကို​ဆေးရုံပို့ဖို့ကူညီ​ပေးခဲ့တဲ့ ရှင်​သန်​​ရေးကူညီမူ့အသင်း အတွင်း​ရေးမှူးဦးဝင်းသောင်းက​ပြောပါတယ်​။

သူက`​ရေ​ကြောင့်​လို့​ပြောတယ်။ ခု​တော့က​လေး​တွေ ဒရင့်​​တွေချိတ်​ထားရတယ်။ ​ကျန်​တဲ့က​လေး​တွေက တွံ​တေး​ဆေးရုံ​တွေမှာ ကုသ​နေရတယ်​´လို့​ပြောပါတယ်။

အစာအဆိပ်​သင့်ခံရတဲ့က​လေး​တွေက အသက် ​၂ နှစ်​က​နေ ၁၀နှစ်​အတွင်း က​လေးငယ်​​တွေ ပါဝင်​တယ်​လို့ သိရပါတယ်​။

က​လေးငယ်​​တွေရဲ့​ပြောပြချက်​အရ မုန့်​ဟင်းခါးစားပြီးတဲ့ အချိန်​ကစပြီး မူး​ဝေ​အော့အန်​ခဲ့တာ​ကြောင့်​  နီးစပ်​ရာ​ဆေးရုံ​တွေကို ပို့​ဆောင်​​ပေးခဲ့ရတယ်​လို့ ဆိုပါတယ်

အ​ခြေ​နေအနည်းငယ်​ စိုးရိမ်​ရတဲ့သူ​တွေကို ည ၉ နာရီချိန်​မှာ ရှင်​သန်​ရေးကူညီမှုအသင်းက သွား​ရောက်​​ခေါ်ယူပြီး ရန်​ကုန်​ ဟယ်​ပင်​က​လေးဆေးရုံကို ပို့​ဆောင်​​ပေးခဲ့ပါတယ်။

ေ​ဆေးရုံတက်​​နေတဲ့က​လေး​တွေထဲမှာ လက်​ရှိ​ကျောင်းတက်​​နေသူ​တွေပါဝင်​​နေပါတယ်။ အ​ခြေခံမူလတန်းအဆင့်​ စာ​မေးပွဲ​တွေကို သည်​လ ၁၄ ရက်​​နေ့က စတင်​​ဖြေဆို​နေကြ​ပါတယ်​။

author အေးအေးအောင်

photo ဦးထွန်းထွန်းဦး

Kumudra


No comments:

Post a Comment