Latest News

Friday, February 17, 2017

ရာသီချိန်မဟုတ်ဘဲ သွေးလွန်တုပ်ကွေး အဖြစ်များနေ၍ ဂရုစိုက်ရန်လို

ရာသီချိန်မဟုတ်ဘဲ သွေးလွန်တုပ်ကွေး အဖြစ်များနေ၍ ဂရုစိုက်ရန်လို

ဒီနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားတာဟာ ရာသီမဟုတ်တဲ့အချိန်မှာ အဆမတန် များနေတာကြောင့် လာမယ့်နှစ်မှာ ဂရုစိုက်ဖို့လိုတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။
သွေးလွန်တုပ်ကွေးဖြစ်လေ့ရှိတဲ့ မိုးတွင်းကာလထက် အခု ဆောင်းရာသီမှာ သိသိသာသာ အဖြစ်များနေတာပါ။

၂၀၁၅ ခုနှစ်မှာ ၄၃၂၁ ဦး ဖြစ်ပွားခဲ့ပြီး အခုနှစ် စက်တင်ဘာကနေ ဒီဇင်ဘာလအထိ ကလေး ၁၂၈၆ ဦး ဖြစ်ခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က “တနှစ်လုံးအတိုင်းအတာအရ ဆိုရင်တော့ ဒီနှစ်မှာ နည်းပေမယ့် ရာသီချိန်မဟုတ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာတွေမှာ တော်တော်ကို ဖြစ်နေတာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လကပဲ ရန်ကုန်က ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုတည်းမှာပဲ လူကြီး ၃၂ ဦး သွေးလွန်တုပ်ကွေးဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အခုနှစ် လူ ၂၀၀၀ လောက်ဖြစ်ပွားတာမှာ ၁၇ ဦး သေဆုံးတာကြောင့် သေဆုံးနှုန်းတိုးလာတာလည်း ဖြစ်ပါတယ်။

အခုဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးတွေဟာ ချက်ချင်းဆိုသလို ပြင်းထန်လာတတ်တာကြောင့် ဖြစ်တာနဲ့ ဆေးရုံ၊ ဆေးခန်းတွေ သွားပြဖို့လိုတယ်လို့လည်း ဒေါက်တာဝင်းလွင်က ပြောပါတယ်။
“ဖျားတယ်။ အနီစက်တွေဖြစ်တယ်ဆိုရင် ကျန်းမာရေးဌာနကို သွားပြဖို့လိုပါတယ်။ အိမ်မှာကုလည်း တရက်နှစ်ရက်ပေါ့။ မသက်သာရင်တော့ အမြန်ဆုံး ဆေးရုံ ဆေးခန်းသွားပြီး ဘာရောဂါလဲဆိုတာ စစ်ဆေးဖို့လိုပါတယ်။ သွေးဖောက်စစ်ဆေးဖို့ လိုအပ်တဲ့ ကိရိယာတွေကိုလည်း ကျန်းမာရေးဌာနတွေကို ဖြန့်ထားပြီး ဖြစ်ပါတယ်။”

သွေးလွန်တုပ်ကွေးဟာ ခြင်ကျားက ကူးစက်တာကြောင့် ခြင်နဲ့ လောက်လန်း နှိမ်နင်းရေး ဂရုစိုက်ဖို့လိုပြီး လိုအပ်မယ်ဆိုရင် ကျန်းမာရေးဌာနတွေကို ဆက်သွယ်ကာ ခြင်နဲ့ လောက်လန်းနှိမ်နင်းဖို့ ဆေးဝါးနဲ့ နည်းစနစ်တွေ တောင်းခံနိုင်ပါတယ်။

READ  YBSယာဉ်များအား GPSစနစ်တပ်ဆင်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ အကုန်ကျခံ မည်
Credit: DVB



No comments:

Post a Comment