Latest News

Monday, February 27, 2017

အင်ဒိုနီးရှားမှာ အကြမ်းဖက်သမားလို့ ယူဆရသူတစ်ဦးကို အသေပစ်ခတ်ဖမ်းဆီး

အင်ဒိုနီးရှားမှာ အကြမ်းဖက်သမားလို့ ယူဆရသူတစ်ဦးကို အသေပစ်ခတ်ဖမ်းဆီး

အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာ IS အစ္စလာမ်စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်သူလို့ သံသယရှိသူ အကြမ်းဖက်သမားတယောက်ကို ရဲတပ်ဖွဲ့က ဒီနေ့ အသေပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။

အစိုးရရုံးတရုံးရဲ့ မျက်နှာချင်းဆိုင်ပန်းခြံထဲမှာ လေလုံပိတ်ပေါင်းအိုးဗုံးတလုံး ပေါက်ကွဲပြီးတဲ့နောက် အကြမ်းဖက်သမားကို ပစ်ခတ်ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလူဟာ IS အဖွဲ့က ထောက်ပံ့ထားတဲ့ JAD အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ JAD အဖွဲ့ဟာ အင်ဒိုနီးရှားနိုင်ငံမှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကျူးလွန်တဲ့အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ မူဆလင်သူပုန်တွေ ပြန်ပေးဆွဲ ဖမ်းဆီးခံထားရတဲ့ ဂျာမနီနိုင်ငံသားကို သူပုန်တွေက ခေါင်းဖြတ်ကွပ်မျက်လိုက်ပြီလို့ ဖိလစ်ပိုင်အစိုးရက ဒီကနေ့ ပြောပါတယ်။

အဘူဆာယစ် မူဆလင် အစွန်းရောက်သူပုန်အုပ်စုဟာ အဲဒီနိုင်ငံခြားကို ခေါင်းဖြတ်နေတဲ့ ဗီဒီယိုကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အသက် ၆၀ အရွယ် အဲဒီဂျာမနီနိုင်ငံသားကို ဒေါ်လာငွေ ၆ သိန်းနဲ့ ရွေးဖို့ အဘူဆာယစ်အုပ်စုက တောင်းဆိုထားခဲ့တာပါ။

အဘူဆာယစ် မူဆလင် အကြမ်းဖက်သူပုန်တွေလက်ထဲမှာ ပြန်ပေးဆွဲခံထားရတဲ့ နိုင်ငံခြားသား ၁၉ ဦးထက်မနည်းရှိပြီး၊ ဖိလစ်ပိုင်နိုင်ငံသား ၇ ဦးလည်း ပြန်ပေးဆွဲခံထားရတယ်လို့ ဖိလစ်ပိုင် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကြေေပြောပါတယ်

RFA

No comments:

Post a Comment