အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးက တိမ်တောင်သဖွယ် မင်းရေးကျယ်လာပြီလား
မောင်ခိုင်ခန့်(အမျိုးသားစာပေဆု)
ယနေ့အစိုးရသစ် လက်ထက်တွင် ယခင် အစိုးရလက်ထက်က စီးပွားရေးကျဆင်းမှု၊ ဘတ်ဂျက်လိုငွေ ပြမှု၊ ကုန်သွယ်ရေး လိုငွေပြမှု၊ ငွေကြေး ဖောင်းပွမှုနှင့် အစစအရာရာ ကုန်ဈေး နှုန်းကြီးမြင့်မှု အပါအဝင် အဘက်ဘက် က လိုအပ်ချက်များကို ပြုပြင်ဖာထေးနိုင် ရန် ကြိုးစားနေရသည်။ ထို့အတူ တစ် နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ငြိမ်း ချမ်းရေးရရှိရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ဆွေးနွေးနေရဆဲဖြစ် သည်။ အဓိက ဦးစားပေးဆောင်ရွက်နေ ရသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ခရီးလမ်းက နှစ်ပရိစ္ဆေဒ ကြာမြင့်သည့် တိုင် လိုရာပန်းတိုင်ခရီးသို့ မရောက်နိုင်ဘဲ ကြာရှည်လှသည်။ မဆလခေတ် ဗိုလ်ချုပ် ကြီးနေဝင်း လက်ထက်က တောတွင်း လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့အတူ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးစကားလုံး ကို တွင်တွင်ကျယ်ကျယ်မသုံးဘဲ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့ နှင့် သဘောတူညီချက် ရယူခဲ့သည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေ ခံ ဥပဒေအရ ပါတီစုံ ဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ ကျင်းပပြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၂၁ဖွဲ့ရှိခဲ့ပြီး အဖွဲ့ရှစ်ဖွဲ့မှ ငြိမ်းချမ်းရေး သဘောတူညီချက် လက် မှတ်ရေးထိုးနိုင်ခဲ့သည်။ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်မရေးထိုးနိုင် သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ဖွဲ့ ကျန်ရှိနေခဲ့သည်။
၂ဝ၁၆ ခုနှစ် နှစ်ဦးပိုင်းတွင် ယခုအစိုးရသစ် တက်လာသည့်အခါ တစ် နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ငြိမ်း ချမ်းရေးရရှိရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ၍ ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်း ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပ နေစဉ် ကာလအတွင်း၌ပင် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည်။ ထို့အတူ ရခိုင်ပြည်နယ် မောင် တောဒေသ ပဋိပက္ခက ဖြစ်ပွားလာပြန် သည်။
အစိုးရသစ်အနေဖြင့် ပြည် တွင်း၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး ပဋိပက္ခမှန်သမျှကို တည်တည်ငြိမ်ငြိမ်နှင့် ဖြေရှင်းလျက်ရှိ သည်။ ရပ်တည်လျက်ရှိသည်။ အထူးသ ဖြင့် အစိုးရသစ်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအတွင်း ပါတီဝင်အချင်း ချင်း မကျေနပ်မှုများ၊ ပါတီဝင် အချင်းချင်း လူမှုရေးအရှုပ်အရှင်းများကြောင့် ပါတီ ဝင်များအဖြစ်မှ ရပ်စဲခြင်း၊ ပါတီတာဝန် များမှ ရုပ်သိမ်းထုတ်ပယ်ခြင်းများလည်း ရှိနေသည်။ ထို့အတူ အစိုးရသစ် လက် ထက်တွင် တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန် ကြီးချုပ်များနှင့် ပတ်သက်၍ တာဝန်မှ ရပ်စဲခြင်းများ ရှိလာသကဲ့သို့ နုတ်ထွက် ခြင်းများလည်း ရှိလာသည်။ ယနေ့ အစိုးရသစ် လက်ထက်တွင် ပြည်ထောင် စုအစိုးရအဖွဲ့တွင် ဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီး ၂၁ဦး၊ ဒုတိယဝန် ကြီး ၁၁ဦးဖြင့် ဖွဲ့စည်းထားသည်။ ထို့ အတူ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် ဝန်ကြီးချုပ် ၁၄ဦး ခန့်အပ်တာဝန် ပေးထားသည်။
မြန်မာနိုင်ငံ၏ အစိုးရအဆက် ဆက်တွင် နိုင်ငံတော်အကြီးအကဲ၊ သမ္မတ က ခန့်အပ်တာဝန်ပေးထားသည့် ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အပါ အဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ခေါင်းဆောင်များကို တာဝန်မှ ရပ်စဲခြင်း၊ အငြိမ်းစား ပေးခြင်း၊ ထုတ်ပယ်ခြင်း၊ အ ပြစ်ပေး အရေးယူခြင်းများ ရှိခဲ့ဖူးသည်။ အကြောင်းပြချက်က များများစားစား မရှိ။ အရက်၊ ငွေ၊ မိန်းမကိစ္စများ အပါ အဝင် တာဝန်မကျေပွန်မှုများအပေါ် အခြေခံ၍ အပြစ်ပေး၊ အရေးယူခဲ့ခြင်း ဖြစ်သည်။
ယနေ့ အစိုးရသစ်လက်ထက် တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းသည် အစိုးရသစ်၏ သက်တမ်း တစ်နှစ်တာကာလ မပြည့်မီအချိန်အတွင်း ပထမဆုံး တာဝန်ကရပ်စဲခံရသည့် ပြည် ထောင်စုအဆင့် ဒုတိယဝန်ကြီးတစ်ဦး ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ အမိန့် ကြော်ငြာစာတွင် ဒေါက်တာထွန်းဝင်းအား ဒုတိယဝန်ကြီးအဖြစ် တာဝန်မှရပ်စဲရာ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရပ်စဲ ခဲ့သော်လည်း ရပ်စဲရခြင်းအကြောင်းအ ရာကို ဖော်ပြထားခြင်းမရှိသည်ကို တွေ့ ရသည်။
စိုက်ပျိုးရေးပညာရှင် တစ်ဦး ဖြစ်သည့် ဒေါက်တာထွန်းဝင်းအား တာ ဝန်မှ ရပ်စဲခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့မှ ရှင်းရှင်းလင်း လင်းထုတ်ပြန်ကြေညာခြင်း မပြုသော် လည်း မီဒီယာသတင်းများအရ တောင် သူလယ်သမားများနှင့် သက်ဆိုင်သည့် စီမံကိန်းသုံးခုကို ပြည်ထောင်စုဝန်ကြီး ထံ တင်ပြရာမှ ပယ်ချခံရသဖြင့်မေးမြန်း ရာတွင် အချေအတင် စကားပြောဆိုငြင်း ခုံရာမှ စတင်ခဲ့သည်ဟု သိရသည်။ အ ချို့သတင်းများအရ ယခင်အစိုးရလက် ထက်က ဟဲဟိုးလေဆိပ်အဝင်မှစိုက်ပျိုး ခြံ ဏမငာနူငာငအနိ မြေယာပိုင်ဆိုင်မှု အများအပြား ရယူထားသည်ကို နိုင်ငံ တော်အစိုးရအား ပြန်လည်အပ်နှံရန် ကြိုးစားရာမှ တာဝန်မှရပ်စဲခံရသည်ဟု ပြောဆိုရေးသားကြသည်။
ထို့အတူ ပြည်သူလူထုမှ ရွေး ချယ်တင်မြှောက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်အချို့သည် အရက်သေစာ သောက်စားမူးယစ် ရမ်းကားမှု၊ အမျိုး သမီးနှင့် လူမှုရေးဖောက်ပြန်မှုတို့ကြောင့် တည်ဆဲဥပဒေများအရ အရေးယူဆောင် ရွက်ခြင်း မပြုခဲ့သော်လည်း ယင်းတို့၏ပါတီတာဝန် အသီးသီးအား ပြန်လည် ရုပ်သိမ်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။
မကြာသေးမီ ကာလက မွန် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်ဦးမင်းမင်းဦးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ယင်းအား တာဝန်ပေးအပ်ခဲ့ သည့် နိုင်ငံတော်သမ္မတထံ ပြည်နယ်ဝန် ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့သည်။ ယင်းတင်ပြချက်ကြောင့် နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ၂၆၄၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ-၅၂၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ခ)အရ မွန်ပြည်နယ်ဝန် ကြီးချုပ်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၊ စည် ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာနဝန်ကြီးအဖြစ် မိမိသဘော ဆန္ဒ အလျောက် နုတ်ထွက်ခွင့် ပြုခဲ့သည်။ ယင်း အတွက် ဦးမင်းမင်းဦးသည် အစိုးရသစ် လက်ထက် ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ ပထမဦးဆုံး နုတ်ထွက်စာတင်၍ နုတ် ထွက်ခဲ့သူတစ်ဦး ဖြစ်လာသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသ ကြီး အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင် အစား ဗိုလ်မှူးကြီး ကျော်ဇေယျကို ပြောင်း လဲ တာဝန်ပေးအပ်ခဲ့ခြင်းမှာ အရပ်သား အစိုးရသစ် လက်ထက်တွင် ပထမဦးဆုံး ဖြစ်သည်။ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီး ဇော်လွင်ကို စစ်ဘက် မူလတာဝန်များကို ပြန်လည်ထမ်းဆောင် စေပြီး ဗိုလ်မှူးကြီး ကျော်ဇေယျအား အစား ထိုး ခန့်အပ်တာဝန်ပေးအပ်ခြင်းမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂၊ ပုဒ်မ ခွဲ(က)၊ ပုဒ်မ ခွဲငယ်(၂)နှင့် ပုဒ်မခွဲ(စ)၊ ပုဒ် မ-၂၆၄၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲ(စ)နှင့် ပုဒ်မခွဲ(ဆ)၊ ပုဒ်မ- ၅၆၊ ပုဒ်မခွဲ(က) ပြဋ္ဌာန်းချက်များအရ အစားထိုး ပြောင်းလဲတာဝန်ပေးအပ်ခဲ့ ခြင်း ဖြစ်သည်။ အဓိကအချက်မှာ ဖွဲ့စည်း ပုံ အခြေခံဥပဒေအရ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၏ သဘောတူညီချက်၊ သဘောထားမှတ်ချက်နှင့်သာ ခန့်အပ် တာဝန်ပေးနိုင်သည့် ဝန်ကြီးဌာနဖြစ်သည် ကို တွေ့ရသည်။
ယခင်အစိုးရ သမ္မတဦးသိန်း စိန်လက်ထက်တွင် နိုင်ငံတော်ဒုတိယ သမ္မတ အငြိမ်းစားဗိုလ်ချုပ်ကြီး သီဟ သူရတင်အောင်မြင့်ဦးသည် နုတ်ထွက် သကဲ့သို့ ပြည်ထောင်စုဝန်ကြီးအချို့အား အငြိမ်းစားပေးခြင်း၊ ရပ်စဲခြင်း၊ ပြောင်း လဲတာဝန်ပေးအပ်ခြင်းတို့ကို အကြိမ် ကြိမ်ပြုလုပ်ခဲ့သည်။ အထူးခြားဆုံးမှာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးဆန်းဆင့်အား လာဘ်စားသည်ဟုဆိုကာ တာဝန်မှထုတ်ပယ်၍ တရားစွဲဆို ဖမ်း ဆီးထောင်ချခြင်းအထိ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ယင်းကိစ္စမှာ တရားရုံးက ပြစ်ဒဏ်ပေးသည် ဆိုသော်လည်း အငြင်း ပွားဖွယ်ရာ ဥပဒေရေးရာပြဿနာများ နှင့် ပြီးဆုံးသွားခဲ့သည်။ ယင်းအတွက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း အငြိမ်းစားဒုတိယဗိုလ် ချုပ်ကြီးဆန်းဆင့်မှာ ယနေ့အစိုးရသစ် လက်ထက်တိုင် ထောင်တွင်း၌ ပြစ်ဒဏ် ကျခံနေရဆဲ ဖြစ်သည်။
ယနေ့ အစိုးရသစ်လက်ထက် တွင် တာဝန်မှရပ်စဲခံရသည့် ပြည်ထောင် စုအဆင့် ဒုတိယဝန်ကြီး ဒေါက်တာဝင်း ထွန်းနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည် နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးတို့ နုတ်ထွက် မှုမှာ သွေးရိုးသားရိုးမဟုတ်၊ နောက်ကွယ် မှ ဖြစ်ရပ်များမှာ ပဟေဠိဆန်လှသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးနှင့် အတွင်း ရေးမှူးအဖွဲ့၏ စစ်ဆေးမေးမြန်းချက်များ နှင့် ဆက်နွှယ်ပါဝင်ပတ်သက်နေသည်ကို တွေ့ရသည်။ ဝါရင့်နိုင်ငံရေးသမားအချို့ နှင့် ပြည်သူအချို့က အစိုးရအဖွဲ့အပေါ် ပါတီမှလွှမ်းမိုးလာမည်ကို စိုးရိမ်စိတ်ဖြစ် ပေါ်လျက်ရှိသည်။ တစ်ပါတီ အာဏာရှင် စနစ်သို့ မရောက်ရှိစေရန် ထိန်းထိန်းသိမ်း သိမ်း ဆောင်ရွက်သင့်သည်ဟု အကြံပြု ပြောဆိုလာကြသည်။
ယနေ့ အစိုးရသစ်လက်ထက် တွင် ဒီမိုကရေစီနိုင်ငံတော်သစ် တည် ဆောက်ရေးအတွက် ပြည်ထောင်စုဝန် ကြီးများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၏ အားနည်းချက်၊ အား သာချက်များ လေ့လာဆန်းစစ်အကဲဖြတ် ၍ မလုပ် မရှုပ် မပြုတ်၊ ပွဲတက်ဖဲကြိုးဖြတ် အဆင့် ဆောင်ရွက်နေသူများနှင့် လုပ်ငန်း မကျွမ်းကျင်သူများ၊ ပေးအပ်သည့်တာဝန် မကျေပွန်သူများကို သန့်စင်အနားပေး၍ ပြောင်းလဲအစားထိုးခန့်အပ်မှုများ ဆောင် ရွက်ကြရဦးမည် ဖြစ်ပေသည်။ ယင်းမှာ နိုင်ငံတော်အကြီးအကဲတာဝန် ရယူထား သူနှင့် နိုင်ငံ့ခေါင်းဆောင်တာဝန် ယူထား သူများ၏ တာဝန်သာ ဖြစ်ပေသည်။
#FlowerNewsJournal #Political
Yangon Media Grouo
Subscribe to:
Post Comments (Atom)
No comments:
Post a Comment