Latest News

Wednesday, February 15, 2017

ရန်ကုန်တွင် တရားမဝင်သစ်များ ဆက်တိုက်ဖမ်းဆီးရမိနေ၊ ပါဝင်ပတ်သက်သူ ၂၀ ကျော်ကို အမှုဖွင့်အရေးယူထား၊ ခုနစ်ဦး ထွက်ပြေးတိမ်းရှောင်နေ

ရန်ကုန်တွင် တရားမဝင်သစ်များ ဆက်တိုက်ဖမ်းဆီးရမိနေ၊

ပါဝင်ပတ်သက်သူ ၂၀ ကျော်ကို အမှုဖွင့်အရေးယူထား၊ ခုနစ်ဦး

ထွက်ပြေးတိမ်းရှောင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

MIP ဆိပ်ကမ်းဝင်းအတွင်း တရားမဝင် သစ်များဖမ်းဆီးရမိခဲ့ပြီးနောက် ရန် ကုန်တွင်တရားမဝင်သစ်များ ဆက် တိုက်ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိပြီး ယင်းဖြစ်စဉ်တွင်ပါဝင်ပတ်သက်သူ ၂၀ ကျော်ကို ဖမ်းဆီးရမိထားကာ ခုနစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေ ကြောင်း သစ်တောဦးစီးဌာနက
ဖေ ဖော်ဝါရီ ၁၅ ရက်က သတင်းထုတ် ပြန်ခဲ့သည်။

MIP ဆိပ်ကမ်းဝင်းအတွင်းရှိ ကုန်သေတ္တာနှစ်လုံးအတွင်းမှ တရား မဝင်ကျွန်းခွဲသား ၅၆၅ ချောင်း (၃၃ ဒသမ ၆၀၄၂)တန် ဖမ်းဆီးရမိ ခဲ့ပြီး သတင်းကွင်းဆက်ဖော်ထုတ် ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ ဇန် နဝါရီလ ၂၄ ရက်နေ့မှ ဖေဖော်ဝါရီ လ ၁၂ ရက်နေ့အထိ သုံးပတ်တာ ကာလအတွင်း ရန်ကုန်တိုင်းဒေသ ကြီးအတွင်း တရားမဝင်(ကျွန်း၊ တမ လန်း၊ ပိတောက်၊ ကုက္ကို) စုစုပေါင်း တန် ၁၂၀ဝ ကျော်ကို ဖမ်းဆီးရမိခဲ့ ပြီးနောက် ဖေဖော်ဝါရီ

၁၄ ရက် တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန် (၂) (၈၉)ရပ်ကွက် မင်းသိဒ္ဓိကျော် စွာလမ်း ခြံအမှတ်(၃၅/ခ)၊ ဦးနိုင် ပိုင်ခြံ ဦးမျိုးကျော်သို့ငှားထား အတွင်း ရှိဂိုဒေါင်နှစ်လုံးအတွင်းမှ တရား မဝင် ကျွန်း ၁၅ တန်၊ ပိတောက်တန် ၅၀၊ ပေါင်း ၅၅ တန်အား ဖေဖော်ဝါ ရီ ၁၄ ရက် နေ့လယ် ၁၁ နာ ရီ ၄၅ မိ နစ်တွင် အင်းစိန်သစ်တောဦးစီးအ ရာရှိ ဦးစိုင်ရွက်ဆိုင်နှင့် သစ်တော ဝန်ထမ်းများမှ ဖမ်းဆီးရမိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သစ် တောဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက""ဖမ်းဆီးရမိမှုနဲ့ပတ်သက် ပြီး ပါဝင်ပတ်သက်သူများကို ဥပဒေ နဲ့အညီ ထိရောက်စွာအရေးယူဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ဆက် လက်လည်း ဖော်ထုတ်နေပါတယ်""ဟု ပြောသည်။

ပါဝင်ပတ်သက်သူများကို ဖမ်း ဆီးရမိမှုနှင့်ပတ်သက်ပြီး ဇန်နဝါရီ လ ၂၆ ရက်နေ့MIP ဆိပ်ကမ်းဝင်း အတွင်း ဖမ်းဆီးရမိသစ်များနှင့်ပတ် သက်ပြီး တရားမဝင်သစ်များနှင့် ပတ်သက်၍စစ်ဆေးပေါ်ပေါက်သည့် (SMART EXPORT & IMP-ORT Co.LTd) တာဝန်ရှိသူနှင့်ပါ ဝင်ပတ်သက်သူ စုစုပေါင်း ငါးဦးအား သစ်တောဥပဒေပုဒ်မ-၄၃(က)အရ အလုံမြို့နယ်

ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား၍ ရဲစခန်းမှ(ပ)၂၆/ ၂၀၁၆-၂၀၁၇ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ဇန်န ဝါရီလ ၂၈ ရက် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် ဖမ်းဆီးရမိသည့် တရားမဝင်သစ်
များနှင့်ပတ်သက် သည့် ခြံပိုင်ရှင်(ပါဝါဝင်းကုမ္ပဏီ)ပါ တရားခံသုံးဦးနှင့် ယာဉ်ပိုင်ရှင် ခြောက်ဦးတို့အား တရားဥပဒေ ပုဒ်မ-၄၂(ခ)၊ ၄၇(ခ)၊ ရာကြီးအမှတ် ၁၁၉/၂၀၁၇ ဖြင့်လည်းကောင်း၊ မင်္ဂ လာဒုံမြို့နယ်တရား
ရုံးတွင် တရားစွဲ ဆိုထားကြောင်း၊ ဇန်နဝါရီလ ၃၁

ရက်နေ့ ရွှေပြည်သာမြို့နယ်တွင်ဖမ်း ဆီးရမိသစ်များနှင့်ပတ်သက်ပြီး တရားခံသုံးဦးအား သစ်တောဥပဒေ ပုဒ်မ-၄၂(ခ)၊ ရာကြီးအမှတ် ၁၁၂/ ၂၀၁၇ ဖြင့်လည်းကောင်း၊ ထွက်ပြေး တရားခံတစ်ဦးအား သစ်တောဥပ ဒေပုဒ်မနှင့် ၄၂(ခ) ပြစ်ထွေ(၁၅/ ၂၀၁၇)အရလည်းကောင်း၊
ရွှေပြည် သာမြို့နယ်တရားရုံးတွင် တရားစွဲဆို ထားရှိထားကြောင်း၊
ဖေဖော်ဝါရီလ ၁ ရက်နေ့ လှိုင်သာယာမြို့နယ် မွေး မြူရေးဇုန်အတွင်း တရားမဝင်သစ် ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး(Kyaw Maw-19)Co.,ltd နှင့် မင်းဇာမဏီ Co.,ltd မှတာဝန်ရှိသူနှစ်ဦး၊ ထွက် ပြေးတရားခံသုံးဦးတို့အား လှိုင်သာ ယာမြို့နယ် သောင်ကြီးရဲစခန်းတွင် သစ်တောဥပဒေ ပုဒ်မ-၄၃(က)၊ ၄၃ (ခ)တို့အရ အမှုဖွင့်တိုင်ကြားခဲ့ရာ ရဲစခန်းမှ အမှုမှတ်(ပ)၇၉/၂၀၁၇ ဖြင့်

အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင် လှိုင်သာယာမြို့နယ် မွေးမြူ ရေးဇုန်(၅)တွင် ဖမ်းဆီးရမိသစ်များ နှင့်ပတ်
သက်ပြီး ခြံပိုင်ရှင်နှင့်ပါဝင် ပတ်သက်သူများအား သစ်တောဥပ ဒေပုဒ်မ-(၄၃)က၊ ၄၂(ခ)အရ လှိုင် သာယာမြို့နယ်၊ သောင်ကြီးစခန်း တွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက် နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း မှ တရားမဝင်သစ်များနှင့်ပတ်သက် ပြီး တရားခံတစ်ဦးနှင့်အတူ ဖမ်းဆီး ရမိ၍

တရားခံအား ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ် မ ၆(၁)အရ အရေးယူထားရှိကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ်အတွင်း တရားမ ဝင်သစ်များဖမ်းဆီးရမိမှုနှင့်ပတ်သက် ပြီး တရားခံနှစ်ဦးနှင့်အတူ ထပ်မံ ဖမ်းဆီးရမိသည့် အဆိုပါတရားခံ အား ပြည်သူပိုင်ပစ္စည်းကာကွယ် စောင့်ရှောက်ရေးဥပဒေပုဒ်မ-၆(၁) ဖြင့် အရေးယူထားကြောင်း သစ် တောဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။

AA
Democracytoday

No comments:

Post a Comment