Latest News

Wednesday, January 18, 2017

`YBS စနစ်စတင်ပြီးနောက် ရထားစီးပြည်သူနှစ်သောင်းခန့်တိုးလာ´

`YBS စနစ်စတင်ပြီးနောက် ရထားစီးပြည်သူနှစ်သောင်းခန့်တိုးလာ´

ဇန်နဝါရီ ၁၇ ရန်ကုန်

ရန်ကုန်မြို့မှာယာဉ်လိုင်းသစ်YBS များစတင်ပြီးနှစ်ရက်အတွင်း ရထားစီးပြည်သူနှစ်သောင်းခန့်များလာလို့ မနေ့က မြို့ပတ်ရထားဆိုင်းများ ထပ်တိုးပြေးဆွဲခဲ့ရတယ်လို့ ရန်ကုန်ဘူတာကြီးသတင်းနဲ့ပြန်ကြားရေး ဌာနမှသိရ ပါတယ်။

“၁၆ ရက်နေ့ကဆိုရင် ခရီးသည်များတဲ့ အတွက် ရထားသုံးစီး အသွားအပြန်ခြောက်စီး၊၁၇ ရက်နေ့မှာ ရထားသုံးစီး အသွားအပြန်ခြောက်စီးနဲ့ထပ်တိုးပြေးဆွဲခဲ့ပါတယ်။ဒီမနက်လည်းတိုးကြောင်ကလေးဘက်ကို တစ်စီးအသွားအပြန်နှစ်စီး ပြေးတယ်။အင်းစိန်ဘက်ကိုတစ်စီးအသွားအပြန် နှစ်စီးပြေးတယ် ညနေပိုင်းကတော့ အခြေအနေကိုကြည့်ပြီး လိုရင်လိုသလို ထပ်မံပြေးဆွဲပေးပါမယ်“ လို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ တိုင်းအမှတ်၇၊သွားလာပို့ဆောင်ရေးဌာနမှ မန်နေဂျာဦးဇော်လွင်က ပြောပါတယ်။

မြို့ပတ်ရထားများကို မြို့တွင်း၁၅မိုင်အတွင်းကို ၁၀၀ ကျပ်၊၁၅မိုင်အထက်ကို ၂၀၀ ကျပ်နှုန်းကောက်ခံတာ ဖြစ်ပါတယ်။

ရထားစီးနှုန်းများလာပေမယ့် ဈေးနှုန်းကတော့ ပုံမှန်အတိုင်းသာပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အများပိုင်ဘတ်စ်ကားများစတင်ပြေးဆွဲတဲ့နေ့ မတိုင်ခင်မှာရထားစီးတဲ့ ခရီးသည်ဦးရေ ၇၉၀၀၀ခန့် ရှိခဲ့ပြီး ၁၆ ရက်နေ့မှာ ၉၆၀၄၄ ဦးနဲ့ ၁၇ ရက်နေ့မှာ ၉၈၇၂၂ ဦး တိုးလာခဲ့တယ်လို့ သိရပါတယ်။ “ခရီးသည်တွေကတော့ အမတို့မျက်စိရှေ့တင်ပဲ တော်တော်များတယ်။ပလက်ဖောင်းပေါ်မှာလည်း ခရီးသည်တွေတအားကျပ်တယ်။မနေ့ကစပြီးတော့ပေါ့။

ခရီးသည်တွေများလာတဲ့အတွက် ဆက်ပြီးစီစဉ်ပေးတဲ့ အနေအထားပါ “လို့ ရန်ကုန်ဘူတာကြီးမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒေါ်စန်းစန်းတင့် ကပြောပါတယ်။

ခရီးသည်များရင်များသလို အပိုအဆိုင်းတွဲတွေကို ထပ်မံပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ နှစ်ဆန်းပိုင်းမှာမြို့ပတ်ရထားစီးသူဦးရေ ခုနှစ်သောင်းခွဲမှ ရှစ်သောင်းခန့်အထိရှိုခဲ့ပြီး နှစ်ကုန် ဒီဇင်ဘာလပိုင်းမှာတော့ ရှစ်သောင်းကျော်အထိ ခရီးသည်မျာြး့ပားလာတယ်လို့ သိရပါတယ်။

နေ့စဉ်လှုပ်ရှားသွားလာနေ တဲ့လူဦးရေ နှစ်သန်းခွဲကျော်ရှိပြီး လက်ရှိ စနစ်သစ်အရ ရန်ကုန်မြို့တွင်းမှာ ဘတ်စ်ကားပေါင်း ၃၄၂၂ စီးသာပြေးဆွဲနိုင်သေးတယ်လို့သိရပါတယ်။ပြည်သူတွေရဲ့ ရထားစီးနှုန်းဟာ ရုံးပြန်ချိန်မှာ အများဆုံးဖြစ်တယ်လို့သိရပါတယ်။ မြို့ပတ်ရထားလမ်းကြောင်းဟာ လုပ်သားအများဆုံးနေထိုင်တဲ့ အင်းစိန်၊ သမိုင်း၊မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ စတဲ့မြို့နယ်တွေကိုရောက်ရှိပြီး အခြားအဓိကကျတဲ့မြို့နယ်တွေကို သွားဖို့ နဲ့တဆင့်အနီးစပ်ဆုံး ကားမှတ်တိုင်တွေကို ပြောင်းစီးနိုင်ဖို့အဆင်ပြေနေတယ်လို့ပြည်သူတွေဆီကသိရပါတယ်။

Sources: ဝင်းနန္ဒာ ( ကုမုဒြာ )

No comments:

Post a Comment