Latest News

Wednesday, January 18, 2017

ခရီးသည်ကိုထိုးသော YBS ယာဉ်နောက်လိုက်ကို လက်တလော ထောင်ဒဏ် ၈ ရက်ချမှတ်

ခရီးသည်ကိုထိုးသော YBS ယာဉ်နောက်လိုက်ကို လက်တလော ထောင်ဒဏ် ၈ ရက်ချမှတ်

ရန်ကုန်၊ ဇန်န၀ါရီ ၁၈ ရက်
ခရီးသည်ကိုထိုးသော YBS အမှတ် ၆ ယာဉ်လိုင်း၏ ယာဉ်နောက်လိုက်ကို လက်တလော ပုဒ်မ ၄၁ဖြင့် ထောင်ဒဏ် ၈ ရက်ချမှတ်လိုက်ကြောင်း အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

“ရဲဘက်ပိုင်းကတော့ သူ့တို့လုပ်ပိုင်ခွင့်ဖြစ်တဲ့ လူထုကို အနှောင့်အယှက်ပေးမှုအတွက် ပုဒ်မ ၄၁နဲ့ ထောင်ဒဏ် ၈ ရက်ချမှတ်လိုက်တယ်၊ ခုသူတို့ကို အင်းစိန်ထောင်ကိုပို့ထားပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ယာဉ်နောက်လိုက်နှစ်ဦးကို တရားထပ်မံစွဲဆိုနိုင်ရေးအတွက် အထိုးခံရသော တရားလို အမျိုးသမီးဘက်မှ အင်းစိန်ရဲစခန်းတွင် အမှုထပ်မံဖွင့်လှစ်နေကြောင်း ဦးမောင်မောင်ဦးက ပြောသည်။

“ YBSကတာဝန်ရှိသူတွေကရော ယာဉ်ထိန်းရဲကပါ သူတို့လုပ်ပိုင်ခွင့်တွေနဲ့ ထပ်ပြီးတော့ အရေးယူအုံးမှာပါ၊ ”ဟု ၎င်းကဆိုသည်။

ယနေ့ ဇန်န၀ါရီ ၁၈ ရက်နေ့ နံနက်ပိုင်း၌ အင်းစိန်မြို့နယ် စော်ဘွားကြီး ကုန်းမှတ်တိုင်တွင် YBSအမှတ် ၆ ယာဉ်လိုင်းပေါ်မှ ဆင်းသွားသော  ခရီးသည် လင်မယားကို ယာဉ်နောက်လိုက်က ထိုးမှုဖြစ်ပွားခဲ့ကြောင်း ၊ အဆိုပါ ယာဉ်နောက်လိုက်နှင့် ခရီးသည်လင်မယားတို့သည် ယာဉ်ပေါ်မှာထဲက အချင်းများလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ထိုးကြိတ်ခံရသူ အမျိုးသမီးတွင် ဒဏ်ရာမရရှိသော်လည်း ရုန်းရင်းဆန်ခတ်မှုကြောင့် ၎င်း၏အမျိုးသားတွင် အနည်းငယ် ပွန်းပဲ့ဒဏ်ရာရရှိခဲ့သည်။

လှိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာအဝေးပြေးဝင်းမှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သိမ်ချောင်းလမ်းဆုံသို့ပေးဆွဲနေသည့် YBS ယာဉ်လိုင်းအမှတ်(၆)၊ ယာဉ်အမှတ် 1D---- HYUNDAI BUS ခရီးသည်တင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးမှတ်တိုင်မှ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမှတ်တိုင်သို့ လိုက်ပါစီးနင်းလာသော လှိုင်သာယာမြို့နယ်နေ ဇနီးမောင်နှံ ၂ ဦးသည် ယာဉ်စီးခအဖြစ် ငွေကျပ်(၅၀၀)ပေးချေထားခဲ့ရာမှ စော်ဘွားကြီးကုန်းမှတ်တိုင်အရောက်တွင်ပြန်အမ်းရမည့်ငွေကျပ်(၁၀၀)အား ယာဉ်နောက်လိုက်ဖြစ်သူ အောင်နိုင်မိုးထံပြန်လည်တောင်းခံရာ ၎င်းယာဉ်နောက်လိုက်မှ ယာဉ်စီးခငွေ ကောက်ခံသော အခြားယာဉ်နောက်လိုက်ထံတောင်းခံရန်ပြောဆိုရာမှ စကားများကြပြီး အောင်နိုင်မိုးမှ ခရီးသည်ဇနီးမောင်နှံအား လက်သီးနှင့်ထိုးကြိတ်ခဲ့သဖြင့် ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိခဲ့ကြပြီး အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ယာဉ်နောက်လိုက် အောင်နိုင်မိုးအား အင်းစိန်မြို့မရဲစခန်း(ပ)၉၇/၂၀၁၇၊ရန်ကုန်ရဲအက်ဥပဒေပုဒ်မ-၄၁/၁၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
ထားသည်။

Sources: Xinhua

No comments:

Post a Comment