Latest News

Thursday, January 19, 2017

ယာဉ်တိုက်မှု၊ လက်နက်ကိုင်မှုဖြင့် YBS အမှတ်(၇၀) ယာဉ်မောင်းတစ်ဦးကို အမှုဖွင့်

ယာဉ်တိုက်မှု၊ လက်နက်ကိုင်မှုဖြင့် YBS အမှတ်(၇၀) ယာဉ်မောင်းတစ်ဦးကို အမှုဖွင့်

မဟာဗန္ဓုလတံတား အတက်တွင် ယာဉ်တိုက်မှုဖြစ်ပွား ခဲ့သည့် YBS အမှတ် (၇၀) ယာဉ် လိုင်း၏ ယာဉ်မောင်းထံတွင် စကေ ဘာတစ်ချောင်း တွေ့ရှိသဖြင့် ယာဉ်တိုက်မှုပုဒ်မများအပြင် လက်နက်ဥပဒေပုဒ်မဖြင့်ပါ အမှု ဖွင့်အရေးယူထားကြောင်း သ တင်းရရှိသည်။

မဟာဗန္ဓုလ တံတားပေါ် တွင် YBS အမှတ် (၇၀) ယာဉ်လိုင်း မှ ယာဉ်တစ်စီး အရှိန်လွန်ကာ အခမဲ့ပြေးဆွဲနေသည့် လိုက်ထရပ်ယာဉ်ကို နောက်မှဝင်တိုက်မိသဖြင့် လူငါးဦးဒဏ်ရာရရှိခဲ့ပြီး YBSယာဉ်မောင်းထံ၌ စကေဘာ တစ်ချောင်းတွေ့ရှိခဲ့ကြောင်း ဒေါပုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

‘‘ယာဉ်တိုက်မှုဖြစ်လို့ သွား စစ်တာကနေ စကေဘာတစ် ချောင်းတွေ့တာပေါ့။ ကားပေါ်မှာ တွေ့တာမဟုတ်ဘူး။ ယာဉ်မောင်းဆီကတွေ့တာ။ အခုသူ့ကို လက် နက်ပုဒ်မနဲ့ပါထပ်ဖွင့်ပြီး စစ်ဆေး နေပါတယ်’’ဟု ၎င်းက ဆိုသည်။

ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလ တံတားလမ်းအတိုင်း ဒေါပုံဘက် မှ ဆူးလေဘက်သို့ အသက် (၅၀) အရွယ် ယာဉ်မောင်း ဦးဇော်မြင့် အောင်မောင်းနှင်လာသည့် YBS အမှတ် (၇၀) ခရီးသည်တင်ယာဉ် သည် ဇန်န၀ါရီ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်က အရှိန်လွန်ကာ အရှေ့ရှိ ယာဉ်ကို တိုက်မိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။

ယာဉ်တိုက်မှုကြောင့် လိုက် ထရပ်ယာဉ်မောင်းအပါအ၀င် ကျား လေးဦး၊ မ တစ်ဦးဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ အတွင်း၊ အပြင်လူနာများအဖြစ် တင်ပို့ကုသထားရကြောင်း အဆိုပါယာဉ်ထိန်းရဲအရာရှိက ဆက်လက်ပြောကြားသည်။

YBS အမှတ် (၇၀) ယာဉ်မောင်း ဦးဇော်မြင့်အောင်ကို ဒေါပုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ များအပြင် လက်နက်ဥပဒေပုဒ်မ ၁၉ (င)ဖြင့်ပါ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ဒေါပုံမြို့မရဲစခန်းမှ သိရသည်။

Sources: ဖြိုးဝေလင်း ( 7Day News Journal )

No comments:

Post a Comment