Latest News

Friday, January 20, 2017

အိုဘားမားရဲ့ သမ္မတဘဝ နောက်ဆုံးနေ့

အိုဘားမားရဲ့ သမ္မတဘဝ နောက်ဆုံးနေ့

ကြာသပတေးနေ့ဟာ အိုဘားမားရဲ့ သမ္မတဘဝ နောက်ဆုံးနေ့ဖြစ်ပါတယ်။ ဝါရှင်တန်ပို့စ်သတင်းစာနဲ့ အေဘီစီ သတင်းဌာနတို့ ပူးပေါင်းကောက်ယူခဲ့တဲ့ စစ်တမ်းအရ သမ္မတအဖြစ် သူဆောင်ရွက်လုပ်ကိုင်ခဲ့တာတွေကို အမေရိကန်ပြည်သူလူထု ၆ဝ% က လက်ခံနှစ်သက်ကြောင်းပြောပါတယ်။

ဒါဟာ မျက်မှောက်ကာလ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်သမ္မတတွေထဲမှာလူထုထောက်ခံမှုနှုန်း အများဆုံးဖြစ်ပါတယ်။

ရာထူးကထွက်တော့မယ့် သမ္မတ အိုဘားမားက သတင်းထောက်တွေကို နှုတ်ဆက်ရင်းသူ့ကိုခက်ခဲတဲ့ မေးခွန်းတွေ မေးမြန်းခဲ့တဲ့အတွက် ချီးကျူးစကားပြောပါတယ်။

သတင်းအချက်အလက်တွေကို သံသယနဲ့ စောကြောရမှာဟာ သတင်းထောက်တွေရဲ့ တာဝန်ပါပဲ။ခင်ဗျားတို့ သတင်းထောက်တွေကြောင့် သမ္မတ အိမ်ဖြူတော်ဟာ ဂုဏ်ကျက်သရေနဲ့ပိုပြီးပြည့်စုံခဲ့ရပါတယ်လို့ သမ္မတ ဘားရတ် အိုဘားမားက ပြောကြားခဲ့ပါတယ်။

Sources: RFA

No comments:

Post a Comment