Latest News

Friday, January 13, 2017

ပဲခူးမြို့နယ် ထွေအုပ်ကို ပဲခူးတိုင်း NLD ဥက္ကဋ္ဌ ဆန္ဒပြ

ပဲခူးမြို့နယ် ထွေအုပ်ကို ပဲခူးတိုင်း NLD ဥက္ကဋ္ဌ ဆန္ဒပြ

တောင်ငူ၊ ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ဆန္ဒပြခွင့် မရှိသည့် နေရာများတွင် တရားသောစစ် ထောက်ခံသူများကို စီတန်းလှည့်လည်ခွင့် ပြုခဲ့သဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပဲခူးတိုင်း NLD ပါတီ ဥက္ကဋ္ဌက ဇန်နဝါရီလ ၁၃ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒပြကြောင်း အဆိုပါ ပါတီရုံးမှ အဖွဲ့မှူး ဦးအေးချိုက ပြောကြားသည်။

“ထွေအုပ်က ထုတ်ပြန်ထားတဲ့အချက်မှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာမှာ ပဲခူးမြို့ တပ်မ ၇၇ ဖက် အပါအဝင် နေရာအချို့ကို စီတန်းလှည့်လည်ခွင့် မပြုထားပါဘူး။ ဒါပေမဲ့ ဒီကနေ့ စီတန်းလှည့်လည်တဲ့ သူတွေက ဥပဒေကို ချိုးဖောက်ပြီး လုပ်ဆောင်ကြတာကို ခွင့်ပြုတဲ့အတွက် တစ်ကိုယ်တော် ဆန္ဒပြခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်န့ နံနက် ၁၀ နာရီခန့်က ပဲခူးမြို့ဒေသခံ ၆၀၀၀ နီးပါးက တရားသောစစ် ထောက်ခံသည့် အနေဖြင့် ပဲခူးမြို့ပေါ် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြရာတွင် တားမြစ်ချက်များ ချိုးဖောက်ပြီး ကန့်သတ်ထားသည့် လမ်းများပေါ် လှည့်လည်ခဲ့သဖြင့် ယင်းသို့ ဆန္ဒပြခြင်း ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး NLD ပါတီမှ သိရသည်။

ပဲခူးတိုင်း NLD ပါတီ ဥက္ကဋ္ဌ တစ်ကိုယ်တော် ဆန္ဒပြမှုနှင့် ပတ်သက်၍ ပဲခူး မြို့နယ် အုပ်ချုပ်ရေးမှူးထံ The Voice က ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းပါသော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ချေ။

Sources; The Voice

No comments:

Post a Comment