Latest News

Friday, January 13, 2017

FDA မှ တားမြစ်ထားသော အစားအစာများ ရောင်းချခြင်းရှိ မရှိ လိုက်လံစစ်ဆေး ပညာပေး

FDA မှ တားမြစ်ထားသော အစားအစာများ ရောင်းချခြင်းရှိ မရှိ လိုက်လံစစ်ဆေး ပညာပေး


ဇန်နဝါရီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် ဈေးကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောင်းကုန်းမြို့မဈေးကြီးအတွင်းရှိ ကုန်ခြောက်ဆိုင်များတွင် FDA မှ တားမြစ်ထားသော အစားအစာများ နှင့်စားသုံးသူများ အန္တရာယ်ဖြစ်စေမည့် ခွင့်မပြု ဓာတုဆိုးဆေး၊ တာရှည်ခံ ဓာတုဆေးသုံးအစားအစာများ ရောင်းချခြင်းမပြုရန် ဈေးသည်များအား ကွင်းဆင်း အသိပညာ ပေးခြင်းကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန် ပြုလုပ်ခဲ့ကြသည်။

ဈေးကွက်အတွင်းတွင် KKK ငရုတ်ဆီထုပ်နှင့် ဦးဦးခေါက်ဆွဲခြောက်ထုပ်များ တွေ့ရှိရသဖြင့် နောင်တွင် မရောင်းချရန်နှင့် လာမည့် ဧပြီ ၁ ရက်နေ့မှ စတင်၍ ဥပဒေအရ အရေးယူအပြစ်ပေးခြင်း လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Sources; မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment