Latest News

Friday, January 13, 2017

တိုင်းဒေသကြီး ၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းကောင်စီ စီမံချက် အောင်မြင်ရေး လုပ်ငန်း အထောက်အကူပြု ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တိုင်းဒေသကြီး ၊ ယာဉ်အန္တရာယ်  လမ်းအန္တရာယ် ကင်းရှင်းကောင်စီ စီမံချက် အောင်မြင်ရေး လုပ်ငန်း အထောက်အကူပြု ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ပုသိမ် ဇန်နဝါရီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီး ၊ ယာဉ်အန္တရာယ်  လမ်းအန္တရာယ် ကင်းရှင်း ကောင်စီ စီမံချက် အောင်မြင်ရေး လုပ်ငန်း အထောက်အကူပြု ဆပ်ကော်မတီ၏  (၁/၂၀၁၇)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်း က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ရာ  စီမံချက်အောင်မြင်ရေး လုပ်ငန်း အထောက်အကူပြု  ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ လျှပ်စစ် စွမ်းအင် ၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝန်းဌေး က လုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင် က နိဂုံးချုပ်အမှာစကားပြောကြား ကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းများ စနစ်တကျ လိုက်နာရေး၊ ပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရေး၊ လိုင်စင်များကိုလည်း မြန်မြန် ဆန်ဆန်ပြုလုပ်ပေးရေး ၊ ယာဉ်တိုက်မှု လျှော့ပါးရေး တို့ကို ဆွေးနွေး ခဲ့ ကြောင်းသိရသည်။

Sources; မောင်မောင်မြင့် (တိုင်းဒေသကြီး ပြန်/ဆက်)

No comments:

Post a Comment