Latest News

Friday, January 13, 2017

ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၁ နှစ်အတွင်း နိုင်ငံတကာအဆင့်မီ ဖြစ်လာမည်ဟု ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၁ နှစ်အတွင်း နိုင်ငံတကာအဆင့်မီ ဖြစ်လာမည်ဟု ဦးဖြိုးမင်းသိန်း ပြောကြား


ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၁ နှစ်အတွင်း နိုင်ငံတကာအဆင့်မီ ဖြစ်လာမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်နေ့က ကျင်းပသည့် ရန်​ကုန်​တိုင်းအစိုးရအဖွဲ့နှင့်​​ ဘက်စ်ကားစီးသူများအား လိုက်လံကူညီ​ပေးကြမည့် ​စေတနာ့ဝန်ထမ်း (volunteer)များတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား လိုက်သည်။

"ကျွန်တော်တို့ ပထမအဆင့်အနေနဲ့ စနစ်ကိုပြောင်းပါမယ်။ နောက်တဆင့်အနေနဲ့ ငွေပေးငွေယူစနစ်ကို ပြင်ပါမယ်။ နောက်တဆင့် လုံခြုံရေးကောင်းအောင်လုပ်ပါမယ်။ လုံခြုံရေးကောင်းအောင်ဆိုတာ ကားပေါ်မှာ စီစီတီဗွီကင်မရာတွေ တပ်ပါမယ်။ ကားကို GPS နဲ့ စစ်ဆေးမယ်။ နောက် Traffic Control Center ကနေ အော်ပရေတာ တခုချင်းစီကနေ ဘာကားက ဘယ်ကိုရောက်နေသလဲဆိုတာကိုဘစနစ်တကျ ထိန်းချုပ်သွားပါ့မယ်။ အခုလည်း စတင်ထိန်းချုပ်လို့ ရနေပါပြီ။ ယာဉ်စည်းကမ်း ချိုးဖောက်မယ်ဆိုရင် Traffic Control Center က ကြည့်နေပါတယ်။ဒီလိုပုံစံနဲ့ တဖြည်းဖြည်းသွားပါ့မယ်။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးကို ၃ လအတွင်း Review လုပ်ပါမယ်။ ဒီအပေါ်ကနေ တဆင့်ချင်းတဆင့်ချင်း ပြောင်းလဲမယ်ဆိုရင် တစ်နှစ်ကာလကြာရင် ကျွန်တော်တို့ ရန်ကုန် မြို့ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးဟာ တကယ့်ကို နိုင်ငံတကာ အဆင့်အတန်း မီဖြစ်သွားမှာဖြစ်ပါတယ်''ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

မ.ထ.သ နှင့် ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကိုဖျက်သိမ်း၍ အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့မှစတင်ကာ ပြေးဆွဲသွားတော့မည်ဖြစ်ရာ အပြောင်းအလဲကာလ ခရီးသွားပြည်သူ အဆင်ပြောချောမွေ့စေရန် စေတနာ့ဝန်ထမ်းများ ခေါ်ယူခဲ့ပြီး ယနေ့တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၄င်းစေတနာ့ဝန်ထမ်းများအား ခေါ်ယူတွေ့ဆုံခြင်းဖြစ်သည်။

ယင်းအပြင် မထသ၏ ပိုင်ဆိုင်မှု ငွေစာရင်းရှင်းလင်းရေးအတွက် အစိုးရအဖွဲ့၏ အတွင်းရေးမှူးက အဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်ကာ စနစ်တကျ လွဲပြောင်းရရယူသွားမည်ဖြစ်ကြောင်း ပြည်သူ့ဘဏ္ဍာငွေများကို ပြည်သူ့ဝန်ဆောင်မှုပေးနိုင်မည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်ရပ်များတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း မထသ ဝန်ထမ်းများကိုလည်း  ဆက်လက်တာဝန်ထမ်းဆောင်လိုပါက ထိုက်သင့်သော တာဝန်များကုပေးသွားမည် ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကပြောသည်။

လင်းလင်းအောင်
Sources; NewsWatch

No comments:

Post a Comment