Latest News

Thursday, January 19, 2017

အမြန်လမ်းတွင် ပန်တော်ဦး EXPRESS ယာဉ်ကို ခဲဖြင့်ပစ်ပေါက်သူကို ဖမ်းဆီးအရေးယူ

အမြန်လမ်းတွင် ပန်တော်ဦး EXPRESS ယာဉ်ကို ခဲဖြင့်ပစ်ပေါက်သူကို ဖမ်းဆီးအရေးယူ



နေပြည်တော် ဇန်န၀ါရီ ၁၉

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မတ္ထီလာမြို့နယ် မိုင်တိုင်အမှတ် ၃၀၈/၄ နှင့် ၃၀၈/၅ အကြား မကွေးဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း နန်းအောင် မောင်းနှင်းလာသော ပန်တော်ဦး EXPRESS ခရီးသည် တင်ယာဉ်အား ယနေ့ နံနက် စောစောပိုင်းက လူငယ်နှစ်ဦးက ခဲဖြင့်ပစ်ပေါက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါခရီးသည်များ တစ်စုံတရာထိခိုက်မှုမရှိဘဲ ယာဉ်မှာ (၆)သိန်းခွဲဖိုးခန့် ပျက်စီးသွားသည်။ ခဲဖြင့်ပစ်ပေါက်သူ လူငယ်နှစ်ဦးအား ယာဉ်မောင်း နှင့်ယာဉ်ပေါ်ပါ အဖွဲ့များက လိုက်လံဖမ်းဆီးရာ ခဲပစ်ပေါက်သူ ကျော်နိုင်ဝင်းအား ဖမ်းဆီးရမိပြီး သီးကုန်းအမြန်လမ်းရဲစခန်းသို့ အပ်နှံပေးခဲ့သည်။

သို့ပါ၍ ခဲဖြင့်ပစ်ပေါက်နှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၂၇၉-က အရ အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။  သန်းဦး (လေးမျက်နှာ)
ဓာတ်ပုံ (အမြန်လမ်းရဲတပ်ဖွဲ့)

No comments:

Post a Comment