Latest News

Thursday, January 19, 2017

မြန်မာနိုင်ငံက မန်ယူပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ကြေညာလိုက်တဲ့ မန်ယူအသင်း

မြန်မာနိုင်ငံက မန်ယူပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ကြေညာလိုက်တဲ့ မန်ယူအသင်း

မန်ယူအသင်းရဲ့ ဖေ့စ်ဘွတ်မှာ ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ မန်ယူအသင်း ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း မန်ယူအသင်းရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြလိုက်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလအတွင်းမှာ မန်ယူအသင်းရဲ့ လူမှုကွန်ယက် စာမျက်နှာကို Like ပြုလုပ်တဲ့ အရေအတွက်မှာ တစ်ကမ္ဘာလုံး မြန်မာပြည်ပရိသတ်က အများဆုံး ဖြစ်တယ်လို့ မန်ယူအသင်းက သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မန်ယူအသင်းကို အစဉ်တစိုက်အားပေးတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ကျော်တုန်းကလည်း မြန်မာနိုင်ငံက သံဃာအချို့ မန်ယူအသင်း ပွဲစဉ်ကို ကြည့်ရှုအားပေးနေတဲ့ ဓာတ်ပုံတွေကို မန်ယူအသင်း ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြန်လည်ဝေမျှပြီး ကျေးဇူးတင်ကြောင်း အသင်းဘက်က ကြေညာခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ အက်ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့တဲ့ မန်ယူအသင်းဟာ လက်ရှိဘောလုံးရာသီမှာ နည်းပြမော်ရင်ဟိုက ခန့်အပ်ထားခဲ့ပေမယ့် အမှတ်ပေးချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် နည်းလျှက်ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း မန်ယူအသင်းရဲ့ အမြတ်ငွေဟာ စံချိန်တင် ရရှိခဲ့ပါသေးတယ်။ ၁၁ နှစ်တာ ကာလအတွင်း နှစ်စဉ် ဝင်ငွေရရှိမှုမှာ ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ ရီးရဲလ် မက်ဒရစ်ကို ကျော်ဖြတ်က မန်ယူက ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်း ဖြစ်တယ်လို့ စာရင်းအင်းကုမ္ပဏီဖြစ်တဲ့ Deloitte က ကြေညာထားပါသေးတယ်။

လက်ရှိအချိန်ထိ မန်ယူအသင်း ဖေ့စ်ဘွတ်စာမျက်နှာကို Like လုပ်ထားတဲ့ ပရိသတ် ၇၂ သန်းကျော်ရှိပြီး ဘောလုံးအသင်း တွေထဲမှာ မန်ယူအသင်း ဝက်ဘ်ဆိုက်က လာရောက်ကြည့်ရှုသူ အများဆုံးလည်း ဖြစ်ပါတယ်။ မနှစ်က ဘောလုံးရာသီအတွင်း မန်ယူအသင်းရဲ့ တစ်နှစ်တာ ဝင်ငွေဟာ ယူရို ၆၈၉ သန်းရှိခဲ့ကြောင်း Deloitte စာရင်းအချက်အလက် သုတေသန ကုမ္ပဏီက ဖော်ပြခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကထက်စာရင် ဝင်ငွေ ယူရိုသန်း ၁၀၀ တိုးပွားလာခဲ့တာဖြစ်ပါတယ်။

Source : Manchester United facebook:Duwun

No comments:

Post a Comment