Latest News

Thursday, January 19, 2017

ထက်ထက်ထွန်းကို အွန်လိုင်းကနေ မဲပေးနိုင်

ထက်ထက်ထွန်းကို အွန်လိုင်းကနေ မဲပေးနိုင်

မယ်စကြဝဠာပြိုင်ပွဲဝင်ရောက်နေပြီ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၆ မယ်စကြဝဠာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအလှမယ် ထက်ထက်ထွန်း(Htet Htet Htun)အတွက် အွန်လိုင်းကနေ မဲပေးနိုင်ပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံက ပရိသတ်များအနေနဲ့ People Choice Award အတွက် အွန်လိုင်းကနေ Like & Share ပြုလုပ်ပြီး ထက်ထက်ထွန်းကို မဲပေးနိုင်ပါတယ်။

မဲပေးလိုတဲ့ ပရိသတ်များအနေနဲ့ Miss UniversePollFanPage ကို Like ပြုလုပ်ရမှာ ဖြစ်သလို  https://www.facebook.com/MissUniversePollFanpage/photos ကို သွားရောက်ပြီး ပြိုင်ပွဲဝင် အလှမယ်များရဲ့ ဓာတ်ပုံတစ်ပုံကို Like& Share ပြုလုပ်ခြင်းနဲ့ မဲပေးနိုင်မှာ ဖြစ်ပါတယ်။ မဲပေးစနစ်ကို ဇန်နဝါရီ (၂၅)ရက်နေ့ ဘန်ကောက်စံတော်ချိန် ညနေ ၄ နာရီနောက်ဆုံးထားပြီး မဲပေးရမှာ ဖြစ်ပါတယ်။

အဲ့ဒီအပြင် ဇန်နဝါရီ (၂၃)ရက်နေ့ကစပြီး Vodi အက်ပလီကေးရှင်းနဲ့လည်း ပြိုင်ပွဲဝင်များအား တစ်ရက်ကို တစ်ယောက်နှုန်းနဲ့ ၁၀ကြိမ်မဲပေးနိုင်တယ်လို့ ထက်ထက်ထွန်းက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

‘ဒီ App ကနေပြီး ၂၃ ရက် နေ့ကစလို့ voting ပေးလို့ရပါပြီ။ တစ်ရက်ကို တစ်ယောက် ၁၀ ကြိမ်ပေးလို့ရတာမို့ တစ်နေ့ ၁၀ကြိမ်ပေးပေးပါဦးလို့။ ဒီ App လေးDown ပြီးရင် miss universe သတင်းတွေလည်း ကြည့်လို့ရ၊ဈေးဝယ်လို့ရ၊ ဖုန်းဘီလ်ဖြည့် လည်းရ၊ voting လည်း ပေးလို့ရ၊ message ကလည်း translator ပါတာ အရမ်းမိုက်တယ်။ ဘယ်သူ့ဆီကသိလဲဆို HTETHTETဆီကလို့ဖြေနော်။ Coin လေးတွေရရင် charity ကိုလှူပြီးသား လည်းဖြစ်သွားအောင်လေ" လို့ ရေးသားထားပါတယ်။

(၆၅)ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲကို လာမယ့် ဇန်နဝါရီ (၃၀)ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံပေါင်း (၉၀)ရဲ့ အလှမယ်များ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။  ဖိလစ်ပိုင်နိုင်ငံတွင် Miss Universe ပြိုင်ပွဲကို ၁၉၇၄ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Miss Universe 2015  ဆုကိုလည်း ဖိလစ်ပိုင်အလှမယ် Pia Alonzo Wurtzbach  သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


Source & Photo : 7day Daily: Duwun

No comments:

Post a Comment