Latest News

Monday, January 9, 2017

အတွေ့အကြုံကို သင်ယူနိုင်သော စစ်တုရင်ကစားသည့် စက်ရုပ်ကို ထိုင်ဝမ်က CES တွင် ပြသ

အတွေ့အကြုံကို သင်ယူနိုင်သော စစ်တုရင်ကစားသည့် စက်ရုပ်ကို ထိုင်ဝမ်က CES တွင် ပြသ




ဇန်န၀ါရီ ၈ ရက်က လက်စ်ဗီးဂတ်တွင် CES ပြပွဲ၌ ထိုင်ဝမ်အင်ဂျင်နီယာများ၏ စက်ရုပ်က စစ်တုရင်ကစားပြနေမှုကို တွေ့ရစဉ် (Photo - AFP)
ထိုင်ဝမ်အင်ဂျင်နီယာများသည်  ကော်ဖီငှဲ့နိုင်ပြီး စစ်တုရင်ကို လူသားပြိုင်ဘက်နှင့် ယှဉ်၍ကစားနိုင်သော စက်ရုပ်တစ်မျိုးကို အမေရိကန်ရှိ လက်စ်ဗီးဂတ်တွင် ကျင်းပခဲ့သော လူသုံးကုန် အီလက်ထရွန်နစ်နည်း ပညာပြပွဲ၌ ပြသခဲ့သည်။

ထိုင်ဝမ်၏ Industrial Technology Research Institute (ITRI) က တည်ဆောက်ခဲ့သော ယင်းစက်ရုပ်သည် CES ပြပွဲတွင် ပြိုင်ဘက်များနှင့် စစ်တုရင်ကစားပွဲများ ဆောင်ရွက်ကစားခဲ့သည်။ ထို့ပြင် ယင်းစက်ရုပ်သည် ပတ်ဝန်းကျင်ကို သိမြင်နိုင်ပြီး တိကျမှုမြင့်မားသော ဆောင်ရွက်ချက်များကို လုပ်ဆောင်နိုင်ကြောင်း စက်ရုပ်တည်ဆောက်သူများက ပြောကြားခဲ့သည်။

ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် လုပ်ငန်းတာဝန်အမျိုးမျိုးကို ဆောင်ရွက်နိုင်သော ထိုစက်ရုပ်သည် အသိဥာဏ်တုရှိပြီး သင်ယူနိုင်စွမ်းလည်းရှိကြောင်း တည်ဆောက်သူများက ဆိုသည်။ အသိဥာဏ်ရှိသော အမြင်စနစ်ပါဝင်သောကြောင့် စက်ရုပ်သည် အရာဝတ္ထုများကို မှတ်မိနိုင်စွမ်းရှိပြီး တည်နေရာအနေအထားနှင့် ပတ်သက်၍ အခြားစက်ရုပ်များထက် ပို၍တိကျစွာ မှတ်သားနိုင်စွမ်းရှိကြောင်း ITRI ၏ ဌာနခွဲညွှန်ကြားရေးမှူး လူးဝစ်လျူက ပြောကြားခဲ့သည်။

“အစဉ်အလာစက်ရုပ်တွေက ကြိုတင်သတ်မှတ်ပေးထားတဲ့ နေရာတွေကိုပဲ အသုံးပြုကြပါတယ်။ ဒီစက်ရုပ်ကတော့ မျက်စိနဲ့ လက်ပူးပေါင်းမှုရှိတဲ့ စက်ရုပ်မျိုးဖြစ်ပြီး အရာဝတ္ထုတွေကို နေရာချပြီး ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်စွမ်းလည်း ပိုမြင့်မားပါတယ်” ဟု လျူက ပြောကြားခဲ့သည်။

နည်းပညာပို၍မြင့်မားလာသော ထိုစက်ရုပ်သည် စားပွဲရှင်းခြင်းကဲ့သို့သော အလုပ်များ၊ စားပွဲနေရာချထားခြင်းများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား အစားအသောက်ပြင်ဆင်ပေးရန် ကူညီနိုင်ခြင်းအစွမ်းရှိမည် ဖြစ်သည်။

အခြေအနေသစ်ကို သင်ယူရာတွင် အခြားစက်ရုပ်များထက် ပို၍ပြောင်းလွယ် ပြင်လွယ်ရှိသောကြောင့် လုပ်ငန်းတာဝန် တစ်ခုတည်းကို သတ်မှတ်ထားသည့်နေရာ၌သာ ဆောင်ရွက်နိုင်သည့် အခြားစက်ရုပ်များထက် အခြေအနေအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးတို့ကို မှတ်သားနိုင်စွမ်းရှိလာမည့် ထိုစက်ရုပ်သည် ပြိုင်ဘက် စစ်တုရင်ထိုးသူက ကော်ဖီခွက်ကို မည်သည့်နေရာတွင် ထားသည်ဖြစ်စေ သူကငှဲ့ပေးနိုင်ကြောင်း ပြပွဲတွင် စက်ရုပ်က လက်တွေ့ပြသခဲ့သည်။ ITRI အနေဖြင့် စက်ရုပ်ကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချမည်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူ တစ်ဦးသို့မဟုတ် မိတ်ဖက်လုပ်ကိုင်သူ တစ်ဦးနှင့်ပူးပေါင်း၍ ၀န်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် ဆောင်ရွက်နိုင်ရန် ထုတ်လုပ်သွားမည်ဟု လျူကပြောကြားခဲ့သည်။ ယခုနှစ် CES ပြပွဲတွင် ကျွမ်းကျင်မှု အမျိုးမျိုးရှိသည့် အသိဥာဏ်တု ပိုမြင့်မားလာသော စက်ရုပ်များကို ပြသခဲ့ကြသည်။

Refး AFP



Sources; Eleven Media Group


No comments:

Post a Comment