Latest News

Monday, January 9, 2017

ရန်ကုန်မြို့ထဲမှာပြေးဆွဲမယ့် ဘတ်စ်ကားလမ်းကြောင်းတွေအတွက် Mobile App ထုတ်မယ်

ရန်ကုန်မြို့ထဲမှာပြေးဆွဲမယ့် ဘတ်စ်ကားလမ်းကြောင်းတွေအတွက် Mobile App ထုတ်မယ်

စီးရမယ့်ဘတ်စ်ကားလိုင်းနဲ့ ကြာမြင့်ချိန်ကိုပါဖော်ပြနိုင်မယ်လို့ ဆိုပါတယ်။
     
ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ စတင်ပြေးဆွဲမယ့် အများပိုင်ဘတ်စ်ကားလိုင်းတွေရဲ့ လမ်းကြောင်းနဲ့ ဘတ်စ်ကားမှတ်တိုင်တွေကို အသေးစိတ်ဖော်ပြမယ့် Mobile Application တစ်ခုကို ရေးဆွဲနေတယ်လို့ Yangon Bus Service ကနေသိရပါတယ်။

မိုဘိုင်း App မှာ လမ်းကြောင်းခရီးစဉ်နဲ့ မှတ်တိုင်တွေကို အသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပြီး မိမိသွားရောက်မယ့် ခရီးစဉ်အတွက် စီးရမယ့်ဘတ်စ်ကားလိုင်းနဲ့ ကြာမြင့်ချိန်ကိုပါဖော်ပြပေးနိုင်အောင် ထည့်သွင်းသွားမှာဖြစ်ကာ အဆိုပါ Mobile App ထွက်ရှိမယ့်အချိန်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဘတ်စ်ကားလိုင်းတွေ စတင်ပြေးဆွဲရမယ့် အချိန်မှာလည်း ခရီးသည်တွေမေးမြန်းစုံစမ်းနိုင်မယ့် Call Center တစ်ခုကို ဖွင့်လှစ်ပေးသွားမယ့်အပြင် ဘတ်စ်ကားဂိတ်တွေမှာလည်း ကူညီလမ်းညွှန်ပေးမယ့် ၀န်ထမ်းတွေကိုလည်း ထားရှိပေးသွားမယ်လို့ သိရပါတယ်။

Source & Photos : YBS : Duwun

No comments:

Post a Comment