Latest News

Friday, January 20, 2017

ဆယ်တန်းစာမေးပွဲ ကျောင်းအုပ်ကြီးတွေ ကြီးကြပ်မည်

ဆယ်တန်းစာမေးပွဲ ကျောင်းအုပ်ကြီးတွေ ကြီးကြပ်မည်

စာမေးပွဲနဲ့ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ခုပေါ်ပေါက်လာရင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို ချက်ချင်းအကြောင်းကြားရမှာ ဖြစ်တယ်။

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မတ်လထဲမှာ ဖြေဆိုမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စာစစ်ဌာနတွေရဲ့ ကြီး ကြပ်ရေးမှူး တာဝန်ကိုသက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေက တာဝန်ယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က “စာစစ်ဌာနကြီးတစ်ခုလုံးက ကြီးကြပ်ရေးမှူးအတွက် အရေး ကြီးပါတယ်၊ တစ်စုံတစ်ခုအမှားယွင်းဖြစ်ရင် အရင်ဆုံးဖြေရှင်းရမှာ ကြီးကြပ်ရေးမှူးပါ၊ အထူးသတိ ထားပြီး ဂရုစိုက်ဖို့လိုပါတယ်”လို့ ပြောပါတယ်။

စာမေးပွဲမှာ အမှားအယွင်း တစ်စုံတစ်ခုဖြစ်ရင် ကြီးကြပ်ရေးမှူးကို နေရာပြောင်းရွှေ့တာ၊ ရာထူးလျှော့တာ၊ အငြိမ်းစားပေး တာ၊ တာဝန်ကနေရပ်စဲတာစသဖြင့် အရေးယူပါတယ်။

ဘာတွေလုပ်ရမလဲ

ကြီးကြပ်ရေးမှူးတာဝန်ယူရတဲ့ ကျောင်းအုပ်ကြီးတွေအနေနဲ့  မိမိရဲ့  မူလကျောင်းမှာ မဟုတ်ဘဲ အခြားဒေသ၊ မြို့နယ်တွေက ကျောင်းတွေကို  တာဝန်ပေးအပ်တာတွေ ရှိပါတယ်။

ကြီးကြပ်ရေးမှူး တာဝန်ပေး အပ်ပြီဆိုတာနဲ့ တစ်ပြိုင်နက် တာဝန်ကျတဲ့ စာစစ်ဌာနကို စာမေးပွဲမတိုင်ခင်  ကြိုတင်သွားရောက်ပြီး လိုအပ်ချက်ရှိ မရှိစစ်ဆေးရမှာ ဖြစ် ပါတယ်။စာမေးပွဲဖြေဖို့ အခန်းနဲ့ စာ သင်ခုံ လုံလောက်မှု ရှိမရှိ၊ စာသင် ခန်းတစ်ခန်းမှာ ကျောင်းသားဦးရေ ဝင်ဆံ့နိုင်မှု၊ စာသင်ခန်းနဲ့ ကျောင်းသားဦးရေ လုံလောက်မှု ရှိ၊ မရှိ စစ်ဆေးရမှာပါ။

စာမေးပွဲဖြေဆိုတဲ့ အခန်းတွေနဲ့ ကျောင်းဝင်းလုံခြုံမှု ရှိ၊ မရှိလည်း စစ်ဆေးရမှာဖြစ်ပါတယ်။  စာမေးပွဲ ဖြေဆိုတဲ့ အခန်းတွေကွာဝေးတယ်၊ စာဖြေဆောင်တွေကွာဝေးတယ်ဆိုရင် အဆောင်ကြပ်တွေ ခန့်ထားရမှာ ဖြစ်ပါတယ်။ အဆောင်ကြပ်တွေက ကြီးကြပ်ရေး မှူး ကိုယ်စား အဆောင်တွေကို ကြီးကြပ်ရမှာပါ။

စာစစ်ဦးစီးဌာနက ပေးပို့တဲ့  စာဖြေသူစာရင်းနဲ့ စာမေးပွဲဝင်ခွင့် ကတ်ပြားတွေ၊ ဘာသာတွဲ ကိုက်ညီမှုရှိမရှိ တိုက်ဆိုင်စစ်ဆေးထားဖို့ လိုပါတယ်။ အဖြေလွှာစာအုပ်တွေ၊ အပိုအဖြေလွှာစာရွက်တွေ၊ လော့ဂရမ်သမ်စာအုပ်တွေ၊ ဂရပ်စာရွက်တွေ စတဲ့စာမေးပွဲနဲ့ သက် ဆိုင်တဲ့ စာအုပ်တွေကိုလည်း ကျောင်းသားဦးရေနဲ့ ညီမျှမှုရှိ၊ မရှိ ကြိုတင်စစ်ဆေးရမှာ ဖြစ်ပါတယ်။

ဆရာ၊တပည့် မဖြစ်စေရ

ကြီးကြပ်ရေးမှူး တာဝန်ယူ ဆောင်ရွက်သူဟာ မိမိရဲ့ ကျောင်းကဆရာ၊  ဆရာမတွေရဲ့ သုံးပုံတစ် ပုံခေါ်သွားနိုင်ပြီး လက်ထောက် ကြီးကြပ်ရေးမှူးတွေအဖြစ် တာဝန်ပေးအပ်နိုင်ပါတယ်။

လက်ထောက်ကြီးကြပ်ရေး မှူးခန့်ထားတဲ့အခါမှာ ကျောင်းတူတဲ့ ဆရာ တပည့်၊ မိဘက လက်ထောက်ကြီးကြပ်ရေးမှူး သားသမီးက စာဖြေသူစတဲ့ ကိုယ့် ကျောင်း၊ကိုယ့်ဆရာ၊ ကိုယ့်တပည့် တွေကို တစ်ခန်းထဲ အတူတူမထား မိဖို့ လိုပါတယ်။

ဦးမျိုးညွန့်က ‘ ဒီနှစ်မှာ အဲဒီလိုတွေ မဖြစ်ဖို့ ကြီးကြပ်ရေးမှူးတွေ သတိပြုဖို့ လိုပါတယ်၊ တချို့ ကျောင်းတွေက ကြီးကြပ်ရေးမှူး ရောက်လာရင် လက်ထောက်ကြီး ကြပ်ရေးမှူးခန့်ပြီးသားဆိုပြီး စာရင်းတွေပေးတတ်ကြတာ၊  အဲဒါ ကို ကြီးကြပ်ရေးမှူးက လက်မခံဘဲ သူတို့ စီထား တဲ့ လူတွေကို ဟိုပြောင်းဒီပြောင်းလုပ်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။

စာမေးပွဲကျင်းပချိန်

ကြီးကြပ်ရေးမှူးဟာ စာမေးပွဲ မကျင်းပခင် စာစစ်ဌာနကို အနည်း ဆုံး  တစ်နာရီခွဲ ကြိုတင် ရောက်ရှိဖို့ လိုပါတယ်။

မေးခွန်းထုပ်တွေကို မေးခွန်းတွေထားတဲ့ ဘဏ်တိုက်၊ တပ်ရင်း၊ တပ်ဖွဲ့၊ ရဲစခန်းတွေမှာ ကြီးကြပ် ရေးမှူးကိုယ်တိုင် သွားရောက်ထုတ်ယူရပါမယ်၊ ဒါမှမဟုတ် မြို့ နယ်ပညာရေးမှူး ရုံးကနေ စာစစ်ဌာနကို လာရောက်ပေးအပ်တာ တွေလည်း ရှိပါတယ်။

အဲသည်လို လက်ခံရယူတဲ့ အခါမှာ ကြီးကြပ်ရေးမှူးအနေနဲ့  မေးခွန်းထုပ်ပေါ်မှာရှိတဲ့ ချိပ်တံ ဆိပ် ကောင်းမွန်မှု ရှိ၊မရှိ ၊ မေးခွန်းထုပ်ပေါက်ပြဲနေမှုရှိ၊မရှိနဲ့ ဖြေဆိုရမယ့် အချိန်စာရင်းနဲ့ မေးခွန်းထုပ် အရေအတွက် ကိုက်ညီမှု ရှိ၊ မရှိ ဆို တာ သေချာအောင်စစ်ဆေးပြီးမှ မေးခွန်းထုပ်ကို ဖောက်ရမှာပါ။

မေးခွန်းထုပ်ကို ကြီးကြပ်ရေး မှူးတစ်ဦးတည်း ဖောက်ခွင့်မရှိပါဘူး။ လက်ထောက်ကြီးကြပ်ရေး မှူး ငါးဦးကို မေးခွန်းထုပ် ကောင်းမွန်ကြောင်း လက်မှတ်ရေးထိုးစေ ပြီးမှ ကြီးကြပ်ရေးမှုးကိုယ်တိုင် ဖောက်ရမှာ ဖြစ်ပါတယ်။

စာစစ်ဌာနနဲ့ ပတ်သက်ပြီး စာဖြေခန်းအတွင်းအပြင်နဲ့ သန့်စင်ခန်းအပါအဝင် ဂိတ်ဝတာဝန်ကျ ဆရာ၊ ဆရာမစာရင်းကို စာမေးပွဲ ကျင်းပတဲ့နေ့တိုင်း မနက် ၈းဝ၀နာ ရီမှာ ထုတ်ပြန်ရမှာပါ။  အဲသည်စာ ရင်းကို ကြီးကြပ်ရေးမှူးကိုယ်တိုင် လျှို့ဝှက်ထားပြီး တာဝန်ကျ  ဆရာ၊ ဆရာမစာရင်းကို နေ့စဉ်ပာင်းလဲပေးရမယ်လို့ သိရပါတယ်။

စာမေးပွဲပြီးတဲ့အချိန်

စာမေးပွဲအချိန်စေ့လို့ စာဖြေ လွှာတွေ သိမ်းဆည်းပြီးရင် ခုံအမှတ်ငယ်စဉ်ကြီးလိုက်စီပြီး အုပ်ရေ ၅၀ ကို တစ်စည်းစည်းပြီး ကြီးကြပ် ရေးမှူးကို အပ်နှံရမှာ ဖြစ်ပါတယ်။

အဖြေလွှာတွေလက်ခံတာ၊ ထုပ်ပိုးတာတွေကို ကြီးကြပ်ရေးမှူး ကိုယ်တိုင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ သိမ်းဆည်းထုပ်ပိုးရမှာ ဖြစ်တယ်။

ကြီးကြပ်ရေးမှူးနဲ့အတူ  အဖြေလွှာရေတွက် ထုပ်ပိုးသူတွေအနေ နဲ့ ပေးပို့ရမယ့် အဖြေလွှာအထုပ်တွေထဲမှာပါဝင်တဲ့ အဖြေလွှာအ ရေအတွက်ကို လက်မှတ်ရေးထိုး ထားရမှာပါ။

နေ့စဉ်စစ်ဆေးပြီးတဲ့ အဖြေ လွှာတွေကို  သတ်မှတ်ထားတဲ့ တက္ကသိုလ်တွေကို နေ့ချင်းပေးပို့ရ မှာ ဖြစ်ပါတယ်။ နေ့ချင်းပေးပို့ဖို့ အခက်အခဲရှိတဲ့  တချို့စာစစ်ဌာနတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဘဏ်တိုက်တွေ၊ တပ်ရင်းတပ်ဖွဲ့ ရဲစခန်းစတဲ့ နေရာတွေမှာ လုံခြုံ အောင် သိမ်းဆည်းရမှာပါ။

စာမေးပွဲနဲ့ပတ်သက်ပြီး ပြဿ နာ တစ်စုံတစ်ခုပေါ်ပေါက်လာရင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို ချက်ချင်းအကြောင်းကြားရမှာ ဖြစ်တယ်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ ဆုံးဖြတ်ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမှာပါ။

စာမေးပွဲဖြေဆိုတဲ့ ရက်တွေမှာ စာမေးပွဲနဲ့ ပတ်သက်ပြီး  ထူးခြားမှု ဖြစ်စဉ်တွေနဲ့ အခြားဖြေရှင်းရခက်ခဲတဲ့ အကြောင်းအရာတွေ ဖြစ်ပေါ်လာရင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအခြေခံပညာညွှန်ကြားရေးမှူးချုပ်နဲ့ပြည်နယ်၊တိုင်းဒေသကြီးပညာရေးမှူးတွေဆီကို အချိန်မီအ ကြောင်းကြားဖို့ လိုပါတယ်။

Sources: မေသော်တာမောင် (ကုမုဒြာ)

No comments:

Post a Comment