Latest News

Friday, January 20, 2017

မျိုးကိုကိုစန်းကို တရားစွဲတာမဟုတ်ဘူးဆိုတဲ့ ဝတ်မှုံရွှေရည်

မျိုးကိုကိုစန်းကို တရားစွဲတာမဟုတ်ဘူးဆိုတဲ့ ဝတ်မှုံရွှေရည်

ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်များကို ပြန်လည်ဖြေရှင်းထားပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်များနဲ့ပတ်သက်လို့ သရုပ်ဆောင်ဝတ်မှုံရွှေရည်(Wutt Hmone Shwe Yi)က ပြန်လည်ဖြေရှင်းလို့ လာပါပြီ။ သူမဟာ မျိုးကိုကိုစန်းကို တရားစွဲဆိုတာမဟုတ်ဘဲ မဟုတ်မမှန်သတင်းတွေနဲ့ တိုက်ခိုက်ပြီး ရေးသားတဲ့ Cele Cele Small Page ရဲ့ Admin ကိုသာ တရားစွဲဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ်။ သူမအနေနဲ့ သူမကိုတိုက်ခိုက်ရေးသားတဲ့ အဲ့ဒီပေ့ခ်ျရဲ့ Admin ဟာ ဘယ်သူဆိုတာ သိချင်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အကူအညီတောင်းခံတာဖြစ်တယ်လို့ ဆိုပါတယ်။

သူမအနေနဲ့ Cele Cele Small Page ရဲ့ Adminဟာ မျိုးကိုကိုစန်းဖြစ်တယ်ဆိုတာကို အရင်ကတည်းက မသိခဲ့သလို ဖေ့စ်ဘွတ်ပေါ်မှာ တက်လာတဲ့ သတင်းတွေကိုဖတ်ရင်းနဲ့မှ Cele Cele Small Page ရဲ့ Admin ဟာ မျိုးကိုကိုစန်းလားဆိုပြီး သိခဲ့ရတာပါလို့ Popular News မှာ ဖြေဆိုထားပါတယ်။ သို့ပေမယ့်လည်း ဒီနေ့နံနက်ပိုင်းမှာ ရဲစခန်းမှ မျိုးကိုကိုစန်းကို Cele Cele Small Page ရဲ့ Admin မဟုတ်တာကြောင့် လွတ်ပေးခဲ့ပါတယ်။

ဝတ်မှုံရွှေရည်အနေနဲ့ကလည်း အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် ဝေဖန်မှုတွေကို ခံရမယ်ဆိုတာသိပေမယ့် မိဘနဲ့ ပတ်သက်ပြီး မဟုတ်မမှန်အကြောင်းအရာများနဲ့ သူမကို တိုက်ခိုက်ပြီး ပြောဆိုနေသလို အခြားသော အနုပညာရှင်များကိုလည်း ထိခိုက်နစ်နာအောင် လုပ်နေတာတွေရဲ့ Cele Cele Small Page ရဲ့ လုပ်ရပ်ကိုမကြိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့လို လုပ်ရပ်မျိုးတွေ လုပ်နေတာကြောင့်လည်း ယခုလိုမျိုး သက်ဆိုင်ရာလူကြီးများဆီ အကူအညီတောင်းခြင်းဖြစ်ပြီး Cele Cele Small Page ရဲ့ Adminကို ဆက်လက်ဖော်ထုတ်ဖို့ မဖော်ထုတ်ဖို့ဆိုတာကိုလည်း သက်ဆိုင်ရာလူကြီးတွေက ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ယင်းအင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

ဝတ်မှုံရွှေရည်က ၁၉၈၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သလို ကြော်ငြာများနဲ့လည်း လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ကြော်ငြာများနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ တီဗီကြော်ငြာ ၃၀၀၊ ဗီဒီယိုဇာတ်ကားများ ၂၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား ၃၀ကျော်တို့မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတောရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆက်လက်ပြီး သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Source : Popular news:Duwun: ဝတ်မှုံရွှေရည် ဖေ့စ်ဘွတ်

No comments:

Post a Comment