Latest News

Friday, January 20, 2017

ငါးရံ့ခေါင်း မရန်းသီးငါးပိအစပ်ချက်

ငါးရံ့ခေါင်း မရန်းသီးငါးပိအစပ်ချက်

ဒီတစ်ပတ်တော့ မရန်းသီးလေးတွေပေါ်နေပြီမို့ ငါးရံ့ခေါင်းနဲ့ချက်စားရအောင်လို့

ဖော်ပြပေးလိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ငါးရံ့ခေါင်းကို အကြေးထိုး၍ ထက်ခြမ်းခွဲကာ ရေစင်အောင်ဆေးပြီး ငံပြာရည်၊ အရသာမှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့် နယ်ထားပါ။

၂။ ငါးရံ့အူများကိုလည်း သန့်စင်၍ ရှလကာရည်နှင့် ဆေးကာ ငါးရံ့ခေါင်းများနှင့် ရောနယ်ထားပါ။

၃။ မရန်းသီးကိုထက်ခြမ်းခွဲ၍ အစေ့ထုတ်ပြီး ပုစွန်ငါးပိ၊ ငရုတ်သီးစိမ်းတို့နှင့်ရောကာ မညက်တညက်ထောင်းထားပါ။

၎။ စပါးလင်ကိုထု၍ အထုံးလေးများထုံးကာ ခရမ်းချဉ်သီးကို လေးစိတ်လှီးထားပါ။

၅။ငရုတ်ပွခြောက်ကို ရေစိမ်၍ အစေ့ထုတ်ကာ ကြက်သွန်နီနှင့် ရောပြီး ညက်အောင်ထောင်းပါ။ ထိုအနှစ်များနှင့် စပါးလင်ကို ဆီပူပူတွင် ဆီသတ်၍ ကြွပ်လာလျှင် နယ်ထားသော ငါးခေါင်းများနှင့် အူများထည့်လုံးပါ။

၆။ငါးခေါင်းများ အရောင်ပြောင်းလာလျှင် ထောင်းထားသော မရန်းသီးအနှစ်များထည့်ကာ သမအောင်မွှေပေးပါ။

၇။ထို့နောက် ရေကိုအနည်းငယ်စီထည့်၍ ငါးခေါင်းကျက်သည်အထိ တည်ပေးပါ။

၈။ ငါးခေါင်းများ ကျက်လာလျှင် ခရမ်းချဉ်သီးထည့်၍ အပေါ့အငန် မြည်းပါ။ အရသာ စိတ်ကြိုက်ဖြစ်၍ ပွက်ပွက်ဆူလာလျှင် နံနံပင်အုပ်၍ မီးပိတ်လို့ရပါပြီ။

ပါဝင်ပစ္စည်းများ

ငါးရံ့ခေါင်း ၃၀ ကျပ်သား

ငါးရံ့အူ၁၀ ကျပ်သား

မရန်းသီး၅ ကျပ်သား

ပုစွန်ငါးပိစားပွဲတင်ဇွန်းတစ်ဇွန်း

ကြက်သွန်နီ၎ လုံး

ငရုတ်ပွခြောက်၎ တောင့်

ငရုတ်သီးစိမ်း၅ တောင့်

ခရမ်းချဉ်သီး၂ လုံး

စပါးလင်၂ ချောင်း

နံနံပင်၁ စည်း

ဆီစားပွဲတင်ဇွန်း ၇ ဇွန်း Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။

Sources: SearchMyanmar

No comments:

Post a Comment