Latest News

Monday, January 9, 2017

မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်းက သုံးနာရီ တစ်ယောက်ဖြစ်နေ

မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်းက သုံးနာရီ တစ်ယောက်ဖြစ်နေ

အဓိကအားဖြင့် နှောင့်နှေးမှု အချက်သုံးချက်ကြောင့် ဖြစ်တယ်။
     
မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းဟာ သုံးနာရီလျှင် တစ်ဦးနှုန်း (တစ်ရက်ကို ရှစ်ဦးခန့်) သေဆုံးနေတယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပညာရှင်များ၊ နိုင်ငံတကာ ပညာရှင်များ၊ ယူနီဆက်မြန်မာ အပါအဝင် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ သုံးနာရီကို ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှုန်း သေဆုံးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေမင်းမျိုးထွန်းက ပြောကြားထားပါတယ်။

ထိုကဲ့သို့ ကိုယ်ဝန်ဆောင် မိခင်တွေသေဆုံးရခြင်းမှာ အကြောင်းမျိုးစုံရှိနိုင်ပေမဲ့ အဓိကအားဖြင့် နှောင့်နှေးမှု အချက်သုံးချက်ကြောင့် ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေက ကလေးမမွေးဖွားခင်မှာ ကြိုတင်စီမံထားခြင်းမရှိတာ၊ ဆေးရုံဆေးခန်းသွားရောက်ဖို့ ယာဉ်ယန္တရား အချိန်မီမရတာ၊့  မြို့နယ်၊ တိုက်နယ်ဆေးရုံတွေမှာ လူနာရောက်လာပြီး ကုသပေးတဲ့အချိန်မှာ အကြောင်းကြောင်းကြောင့် အချိန်မီလုပ်ဆောင်မပေးနိုင်တဲ့ နှောင့်နှေးခြင်း တွေဖြစ်တယ်လို့ သိရပါတယ်။

Source: 7Day Daily:Duwun
Photos: Mizzima

No comments:

Post a Comment