Latest News

Monday, January 9, 2017

လာမယ့် ဘဏ္ဍနှစ်မှာ ပြည်သူတစ်ဦးချင်း ထုတ်လုပ်မှု ကျပ် ၁၇ သိန်းရှိဖို့ မျှော်မှန်း

လာမယ့် ဘဏ္ဍနှစ်မှာ ပြည်သူတစ်ဦးချင်း ထုတ်လုပ်မှု ကျပ် ၁၇ သိန်းရှိဖို့ မျှော်မှန်း

ယခုဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း စီးပွားရေးနှေးကွေးခဲ့တယ်။
     
၂၀၁၇-၁၈ဘဏ္ဍာနှစ်မှာ နိုင်ငံရဲ့ GDP (အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး)ကို ၇ရာခိုင်နှုန်း တိုးတက်လာမယ်လို့  ခန့်မှန်းပြီး ပြည်သူတစ်ဦးချင်းစီရဲ့ ထုတ်လုပ်မှုတန်ဖိုးကို တစ်နှစ်မှာ ကျပ် ၁၇ သိန်းရရှိဖို့ စီမံ ကိန်းရေးဆွဲထားကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြောကြားထားပါတယ်။

အစိုးရသစ်ရဲ့ ပထမဦးဆုံး ရေးဆွဲထားတဲ့ အမျိုးသားစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်သို့ မတင်ပြမီ စီမံကိန်းကော်မရှင်ရဲ့ အတည်ပြုချက်ရယူတဲ့ အစည်းအဝေးကို ဇန်န၀ါရီ ၉ ရက်ကကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးမှာ ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတဦးထင်ကျော်က အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယခုဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း စီးပွားရေးနှေးကွေးခဲ့ပြီး လယ်ယာထုတ်ကုန်ကျဆင်းခြင်း၊ ပို့ကုန်ဈေးနှုန်းများ ကျဆင်းခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစီးဝင်မှု နှေးကွေးခြင်းနဲ့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးဂယက်တွေက နိုင်ငံရဲ့ စီးပွားရေးကိုဂယက်ရိုက်ခတ်ခတာကြောင့် ယခုဘဏ္ဍာနှစ်ကုန်မှာ GDP တိုးတက်မှုဟာ ၅ ဒသမ ၇ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားထားပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးအရင်းအမြစ်၊ သဘာဝသယံဇာတ အရင်းအမြစ်နဲ့ လူသားအရင်းအမြစ်တို့ကို အခြေခံပြီး ကာလရှည်နဲ့ ကာလတိုငါးနှစ်စီမံကိန်းတွေ ရေးဆွဲနေတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily ,  နိုင်ငံတော်သမ္မတရုံး

No comments:

Post a Comment