Latest News

Thursday, January 19, 2017

ပုသိမ်ထောင်အတွင်း ဆူပူအကြမ်းဖက်သော အကျဉ်းသားလေးဦးအား ထောင်ဒဏ်များချမှတ်

ပုသိမ်ထောင်အတွင်း ဆူပူအကြမ်းဖက်သော အကျဉ်းသားလေးဦးအား ထောင်ဒဏ်များချမှတ်

ပုသိမ်အကျဉ်းထောင်အ တွင်း ၂၀၁၆ နိုဝင်ဘာက ဆူပူ အကြမ်းဖက်ခဲ့သော နှစ်ကြီးအ ကျဉ်းသားလေးဦးအား ဇန်န၀ါရီ ၁၈ ရက်က တတိယအကြိမ် ရုံး ထုတ်စစ်ဆေးပြီးနောက် ထောင် ဒဏ်များအသီးသီး ချမှတ်လိုက် သည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၅၃ (ပြည်သူ့ဝန်ထမ်းအား လက်ရောက်ကျူးလွန်မှု)အရ ကျူးလွန် ကြောင်း ထင်ရှားသဖြင့် ဦးဆောင်သူအမျိုးသားအား ထောင်ဒဏ် တစ်နှစ်ခွဲနှင့် ကျန်သုံးဦးအား ထောင်ဒဏ်တစ်နှစ်စီ အမိန့်ချမှတ်ခဲ့သည်။

ပုသိမ်အကျဉ်းထောင်အ တွင်း တိုက်အမှတ် (၄) ရှိ အကျဉ်း သားလေးဦးသည် တာဝန်ကျဝန် ထမ်းကို မချေမငံပြောဆိုပြီး ထောင်အတွင်းရှိ တံခါးများရိုက် ချိုးဖျက်ဆီးကာ ထောင်ဝန်ထမ်း များထံမှ သော့ကို လုယူခြင်း၊ စားပွဲ၊ ကုလားထိုင်များကို ရိုက် ချိုးဖျက်ဆီးခြင်း၊ အကျဉ်းထောင် ၀န်ထမ်းကို ဒဏ်ရာအနာတရ ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် အကျဉ်းဦးစီးဌာနက တရားစွဲဆိုခဲ့ သည်ဟု ပုသိမ်အကျဉ်းထောင်တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်ဦးကပြောသည်။

‘‘ပြစ်ဒဏ်တစ်ခုချလိုက်တဲ့ အပေါ်မှာ ဘာကြောင့်၊ ဘာကြောင့်ဆိုပြီး စွပ်စွဲတတ်ကြတာတွေရှိတယ်။ တရားသူကြီးတိုင်းသည် ဘယ်သူ့ကိုပဲစွဲစွဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ လုပ်ရတာဖြစ်လို့၊ ဥပဒေနဲ့ ညီညွတ်ပြီးတော့ စွပ်စွဲသူအတွက်ရော၊ စွပ်စွဲခံရတဲ့ တရားခံတွေဘက်ရော အကောင်းဆုံးဖြစ်နိုင်တဲ့ အမိန့်ကို ဆင်ခြင်တုံ တရားနဲ့အညီ သုံးသပ်ပြီးချရတာ ပါ’’ဟု မြို့နယ်တရားသူကြီး ဦး ၀င်းအောင်ကပြောသည်။

အဆိုပါ အကျဉ်းသားလေး ဦးသည် မော်လမြိုင် အကျဉ်း ထောင်နှင့် အင်းစိန်အကျဉ်း ထောင်မှ နှစ်ကြီးအကျဉ်းသားများ ဖြစ်ပြီး ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ရက်အနည်းငယ် အကြာတွင် ယင်းကဲ့သို့ ဆူပူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား တရားရုံးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များပြီးစီးပါက အခြားထောင်သို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Sources: သက်ဆွေ ( 7Day News Journal )

No comments:

Post a Comment