Latest News

Thursday, January 19, 2017

ငပလီ ရောက်နေတဲ့ ဝိုင်းစုခိုင်သိန်း

ငပလီ ရောက်နေတဲ့ ဝိုင်းစုခိုင်သိန်း

ငပလီရောက်နေတဲ့ ဝိုင်းစုရဲ့ ပုံရိပ်တွေကလည်း အရမ်းကို မိုက်နေပါတယ်။



ဝိုင်းစုကတော့ လက်ရှိမှာ ငပလီကို ရောက်နေတယ်လို့ သိရပါတယ်။ ငပလီရောက်နေတဲ့ ဝိုင်းစုရဲ့ ပုံရိပ်တွေကလည်း အရမ်းကို မိုက်နေပါတယ်။

ငပလီအလှနဲ့ သူမရဲ့အလှကို ပေါင်းစပ်ထားတဲ့ ဓာတ်ပုံလေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ထားပါတယ်။ ကြည်ပြာလှတဲ့ ပင်လယ်အလှကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဝိုင်းစုရဲ့ ပုံရိပ်လေးတွေကတော့ အရမ်းကို ကြည့်ကောင်းနေသလို ပရိသတ်တွေ အကြိုက်နဲ့လည်း တွေ့ခဲ့ပါတယ်။

ဝိုင်းစုခိုင်သိန်းကတော့ လက်ရှိမှာ ဖျော်ဖြေပွဲတွေ ဆက်တိုက်သွားနေရတယ်လို့လည်း သိရပါတယ်။

မကြာသေးခင် ရက်ပိုင်းက ဝိုင်းစုခိုင်သိန်းအတွက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ကောလာဟလတွေနဲ့ ဝေဖန်မှုတွေကို ဆက်တိုက်တက်ခံနေရပေမယ့် အခုရက်ပိုင်းမှာတော့ အခြေအနေတွေ အေးအေးဆေးဆေးဖြစ်လို့နေပါပြီ။

ဝိုင်းစုခိုင်သိန်းအနေနဲ့လည်း ပရိသတ်တွေကို သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေထက် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုသာ အားပေးစေချင်ကြောင်းကို အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။

ဝိုင်းစုခိုင်သိန်းဟာ တစ်ကိုယ်တော်အခွေများဖြစ်တဲ့ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ခါချနေရတယ်နဲ့ ဂါစီးရီးတို့ကို ထွက်ရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး တစ်ကိုယ်တော်ဖျော်ဖြေပွဲများကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ နှစ်ကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီးနောက်ထပ်တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုလည်း ထပ်မံ ကျင်းပဖို့ စီစဉ်လျက်ရှိပါတယ်။

ဝိုင်းစုဟာ  ဂီတပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

သူမဟာ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာ ဥက္ကာမြင့်ကြူနဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၆ခုနှစ် စက်တင်ဘာ (၃၀)ရက်နေ့က နှစ်ဦးသဘောတူ လူကြီးများ ရှေ့မှောက်မှာ ကွာရှင်းခဲ့ကြပါတယ်။

ယခုလက်ရှိမှာတော့ တစ်ချိန်က ချစ်ကြွမ်းဝင်ခဲ့ဖူးတယ်ဆိုတဲ့ အောင်လနဲ့ အတူ တွဲနေတယ်လို့ ကောလာဟလတွေလည်း ထွက်နေသူ ဖြစ်ပါတယ်။

ဒါပေမယ့် ဝိုင်းစုဘက်ကတော့ အဲ့ဒီကောလာဟလတွေနဲ့ ပတ်သက်ပြီး သေချာဖြေရှင်းထားတာတော့ မတွေ့ရသေးပါဘူး။
ဝိုင်းစုခိုန်သိန်းရဲ့ "ဖူးစာမဆုံတဲ့ အချစ်"

Sources: Photo : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်: Duwun

No comments:

Post a Comment