Latest News

Thursday, January 19, 2017

အခမဲ့ယာဉ်တွေကြောင့် ခရီးသည်တွေ ပိုအဆင်ပြေလာတယ်လို့ ဆို

အခမဲ့ယာဉ်တွေကြောင့် ခရီးသည်တွေ ပိုအဆင်ပြေလာတယ်လို့ ဆို

အခမဲ့ကူညီပေးတဲ့ ယာဉ်အစီးရေတွေ များပြားလာတယ်လို့ ဆိုပါတယ်။

အများပိုင်ဘတ်စ်ကား ဝန်ဆောင်မှုစနစ်(YBS)စတင်တဲ့ တတိယမြောက်နေ့မှာ အခမဲ့ယာဉ်ကူညီတဲ့ ယာဉ်တွေများလာလို့ အရင်နေ့တွေလို မှတ်တိုင်တွေမှာ ခရီးသည်တွေ စုပုံနေတာမရှိတော့ဘဲ ယာဉ်လိုင်းအများစုမှာ အနည်းငယ်ချောင်ချောင်ချိချိ စီးနင်းရလာရပြီးလို့ ဆိုပါတယ်။

‘ရုံးတက်၊ ရုံးဆင်းအချိန်က တော့ လူတိုးရတယ်။ ကျန်တာက အဆင်ပြေပါတယ်။ ကားပေါ်မှာ ထိုင်ခုံနေရာရဖို့ထက် မတ်တတ်ရပ်ဖို့ နေရာတောင် မနည်းယူနေရတယ်။ ဒီစနစ်က နောက်ဆို ကောင်းလာမှာပါ။ အခုရက်ပိုင်းမှာတော့ သည်းခံပြီးစီးရမှာပေါ့’’လို့ ရွှေပြည်သာမြို့နယ်နေ ဦးမြင့်အေးက ပြောပါတယ်။


ယာဉ်လိုင်းလိုအပ်ချက်ကြောင့် ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ ယာဉ်ပေါ်မှာ ကျပ်ကျပ်တည်းတည်း လိုက်ပါစီးနင်းရတာ မရှိတောဘဲ ဇန်နဝါရီ ၁၈ ရက်မှာ အရင်နေ့တွေထက် ဘတ်စ်ကားအစီးရေ ပိုမိုများပြားလာကာ အခမဲ့ကူညီပေးတဲ့ ယာဉ်အစီးရေတွေ များပြားလာလို့ ကားမှတ်တိုင်တွေမှာ လူစုပုံနေတာတွေ မဖြစ်တော့ဘူးလို့ သိရပါတယ်။

လက်ရှိအချိန်မှာ ခရီးသွားပြည်သူတွေကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေက အခမဲ့ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အသင်းအဖွဲ့တွေနဲ့ ၊ တစ်နိုင်တစ်ပိုင် ကူညီတဲ့ ပြည်သူတွေကြောင့် မှတ်တိုင်တွေမှာ ခရီးသည်တွေ စုပုံနေတာဖြစ်တယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါ ရီ ၁၇ ရက်မှာ သခင်မြပန်းခြံကနေ မြို့တွင်းကို ခရီးသည်တွေနဲ့တူ လိုင်းကားစီးနင်းခဲ့ပြီး နောက်တစ်ရက် ဇန်နဝါရီ ၁၈ မှာ မြို့တွင်းပတ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းသုံးခုရဲ့ ယာဉ်စီးခကို ၂၀၀ ကျပ်ကနေ ၁၀၀ ကျပ်အဖြစ် ပြောင်းလဲကောက်ခံဖို့ ကြေညာခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောင်းလဲမှုမှာ စိတ်ရှည်သည်းခံပြီး လိုက်ပါပူးပေါင်းဆောင်ရွက်ပေးတဲ့ မိဘပြည်သူအားလုံးနဲ့ အခက်အခဲအမျိုးမျိုးကို ပါဝင်ဖြေရှင်းပေးခဲ့တဲ့  လူမှုရေးအသင်းအဖွဲ့တွေနဲ့ ကျောင်းသားပြည်သူတွေကို ကျေးဇူးတင်ကြောင်း နိုင်ငံပိုင်သတင်းစာတွေက တစ်ဆင့် ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Source & Photos : 7DayDaily: Duwun

No comments:

Post a Comment