Latest News

Sunday, January 15, 2017

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီတွင် တိုင်းအစိုးရက အစုရှယ်ယာမထည့်တော့

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီတွင် တိုင်းအစိုးရက အစုရှယ်ယာမထည့်တော့

---

ရန်ကုန်တိုင်းအစိုးရ လွှဲပြောင်းရယူမည့် မထသပိုင်ဆိုင်မှုများကို ပြည်သူသိရှိအောင်ကြေညာမည်



ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အများပိုင်ဘတ်စ် ကားကုမ္ပဏီ ရှစ်ခုအနက် ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတွင် အစုရှယ်ယာထည့်ဝင်တော့မည်မ ဟုတ်ကြောင်း ၀န်ကြီးချုပ်ဦးဖြိုး မင်းသိန်းကပြောကြားသည်။

အများပိုင်ဘတ်စ်ကားကုမ္ပ ဏီများတွင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ၅၀ရာခိုင်နှုန်း ထက်ပိုသောအစုရှယ်ယာများ ထည့်ဝင်မည်ဖြစ်ပြီး အဆိုပါ ကုမ္ပဏီများက ၎င်းတို့ စိတ်ကြိုက် စီမံဆောင်ရွက်မှုမပြုလုပ်နိုင်ရန် ထိန်းချုပ်ကွပ်ကဲမည်ဟု ၀န်ကြီးချုပ်က ဇန်န၀ါရီ ၆ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားထားသည်။ သို့သော်လည်း ဇန်န၀ါရီ ၁၄ရက်၌ ဒုတိယအကြိမ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အများပိုင်ကုမ္ပဏီခုနစ်ခုတွင် အစုရှယ်ယာထည့်ဝင်မည်ဖြစ်သော်လည်း ဗန္ဓုလကုမ္ပဏီ၌ အစုရှယ်ယာမထည့်ဝင်တော့ဟုပြောသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီသည် အစိုးရကတိုက်ရိုက် ပါဝင်ပတ်သက်နေသည့်ကုမ္ပဏီ ဖြစ်၍ တိုင်းဒေသကြီးအစိုးရက ရှယ်ယာထည့်ဝင်မှု မရှိခြင်းဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းက ဆို သည်။

‘‘ဗန္ဓုလကုမ္ပဏီကတော့ ဒါ အစိုးရက တိုက်ရိုက်ပါဝင်ပတ် သက်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီနဲ့ပတ်သက်ပြီး တိုင်းဒေ သကြီးအစိုးရဘက်ကတော့ ဒီဗန္ဓု လကုမ္ပဏီမှာ အစုရှယ်ယာပါဝင် မှာမဟုတ်ပါဘူး။ ဒါနိုင်ငံတော်ရဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေ ဆက်စပ်ထားတဲ့ကုမ္ပဏီတွေဖြစ် တဲ့အတွက် အစိုးရကုမ္ပဏီလို့ လည်းပြောလို့ရပါတယ်’’ဟု ရန် ကုန်တိုင်းဝန်ကြီးချုပ်ကပြော သည်။

အဆိုပါကုမ္ပဏီသည် မြန် မာ့စီးပွားရေးဦးပိုင်လီမိတက် လက်အောက်မှ ကုမ္ပဏီတစ်ခုဖြစ် ပြီး လက်ရှိတွင်ပါရမီ၊ အဓိပတိ ယာဉ်လိုင်းများပြေးဆွဲနေသော ကုမ္ပဏီဖြစ်သည်။

အဆိုပါကုမ္ပဏီတွင် တိုင်းဒေသကြီးအစိုးရက ရှယ်ယာထည့် ၀င်၍ ပါဝင်ခြင်းမပြုသော်လည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာ ဏာပိုင်အဖွဲ့က သတ်မှတ်ထား သည့်စည်းကမ်းများအောက်မှ သာ ပြေးဆွဲရမည်ဟုဆိုသည်။

‘‘ဒီကုမ္ပဏီတွေကလည်းအ စိုးရကုမ္ပဏီဖြစ်ပင်ဖြစ်သော်ငြား လည်း အများပြည်သူဝန်ဆောင်မှု အတွက် ပုဂ္ဂလိကကဏ္ဍမှာဆောင် ရွက်သလိုအတိုင်းပဲ ၀န်ဆောင်မှု ကိုအပြည့်ပေးနိုင်ဖို့အတွက် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့သည် အများပိုင်ဘတ်စ် ကားပြေးဆွဲမှုစနစ်အကောင်အ ထည်ဖော်ရန် ကျပ်ဘီလီယံ ၆၀  သုံးစွဲမည်ဖြစ်ပြီး ယင်းငွေဖြင့် အများပိုင်ဘတ်စ်ကားကုမ္ပဏီများထံ ရှယ်ယာထည့်ဝင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ရန်ကုန်တိုင်းအစိုးရသည် ဇန်န၀ါရီ ၁၅ရက်တွင် ဖျက်သိမ်း ရမည့် မထသ၏ ပိုင်ဆိုင်မှုများ လွှဲပြောင်းရယူနိုင်ရေးအတွက်စာ ရင်းပိတ်သိမ်းနေပြီး ယင်းလုပ်ငန်း များပြီးပြတ်ပါက လွှဲပြောင်းရယူ မည့်တန်ကြေးပမာဏကိုအများ ပြည်သူသိရှိစေရန် ပွင့်လင်းစွာ ကြေညာမည်ဟု ဦးဖြိုးမင်းသိန်းက 7Day Dailyသတင်းစာအားပြောကြားသည်။

ထို့အပြင် မထသလက် အောက်ရှိ ၀န်ထမ်းများကိုလည်း တိုင်းဒေသကြီးအစိုးရက ဇန်န၀ါ ရီလကုန်အထိ လစာပေးအပ်မည်ဖြစ်ပြီး အလုပ်ပြောင်းလဲလုပ်ကိုင်ကြမည့်သူများအတွက် ပေးအပ်သင့်သည့် ချီးမြှင့်စရိတ်နှင့် ထောက်ပံ့ကြေးများပေးအပ်ရန်ရှိသည်ဟုလည်းဆိုသည်။

ရန်ကုန်တိုင်းအစိုးရသို့ လွှဲ ပြောင်းပေးအပ်ရမည့် ပိုင်ဆိုင်မှု တန်ဖိုးကို ထုတ်ဖော်ပြောကြားနိုင် ခြင်းမရှိသေးသော်လည်း မြေနှင့် အဆောက်အအုံနေရာပေါင်း ၂၇ နေရာရှိသည်ဟု မထသ(ရန်ကုန်) တာဝန်ရှိသူတစ်ဦးကဆိုသည်။ မထသ(ရန်ကုန်)အောက်တွင် တ ရားဝင်ဝန်ထမ်းနှင့်နေ့စားဝန် ထမ်းများစုစုပေါင်း တစ်ထောင် ခန့်ရှိကြောင်း သတင်းရရှိသည်။


Sources; 7Day News Journal


No comments:

Post a Comment