Latest News

Sunday, January 15, 2017

မြ၀တီမြို့ အာ​ဇာနည်​ ပန်းခြံ၌ ထားရှိမည့်​ ဗိုလ်​ချုပ်​ကြေးရုပ်​အား ရန်​ကုန်​မှ သယ်​​ဆောင်

မြ၀တီမြို့ အာ​ဇာနည်​ ပန်းခြံ၌ ထားရှိမည့်​ ဗိုလ်​ချုပ်​ကြေးရုပ်​အား ရန်​ကုန်​မှ သယ်​​ဆောင်


ကရင်​ပြည်​နယ်​၊ မြ၀တီမြို့၊ အမှတ်​ ၁ ရပ်​ကွက်​ရှိ အာ​ဇာနည်​ပန်းခြံ၌ ထားရှိမည့်​ အာဇာနည်​​ခေါင်း​ဆောင်​ကြီး ဗိုလ်​ချုပ်​အောင်​ဆန်း ​ကြေးရုပ်ထု​ကို ရန်​ကုန်​မြို့မှ ယ​နေ့ (ဇန်နဝါရီ ၁၄ ရက်​​) နံနက်​ပိုင်းက စတင် သယ်​ဆောင်လာပြီဖြစ်​ကြောင်း သတင်းရရှိသည်​။

အဆိုပါ ဗိုလ်​ချုပ်​​ကြေးရုပ်ကို မြ၀တီမြို့သို့ သယ်​​ဆောင်​ရာတွင်​ ရန်​ကုန်​တိုင်း​ဒေသကြီး ​စေတနာ လူမှုကယ်​ဆယ်​​ရေးအသင်းမှ လိုက်​ပါပို့​ဆောင်ခဲ့​ပြီး ပဲခူးတိုင်းသို့ အ၀င်​တွင် ပန်းတည်းပညာရှင်​ ​အောင်​​ကျော်​ထွန်းက မြ၀တီမြို့ စည်​ပင်​​ကော်​မတီဥက္ကဋ္ဌ ဦးသန်း​ရွှေထံ အပ်​နှံပေးခဲ့သည်​။

ပဲခူးတိုင်းကို ကျော်​လွန်​၍ ​မွန်​ပြည်​နယ်​သို့ အ၀င်​တွင်​ ပဲခူးတိုင်​ကြိုဆိုပို့​ရေးအဖွဲ့များက မွန်​ပြည်​နယ်​ကြိုဆို​ရေးအဖွဲ့ထံ လွှဲ​​ပြောင်း​ပေးအပ်​ခဲ့သည်။ မွန်​ပြည်​နယ်​အဖွဲ့နှင့်​ ကရင်​ပြည်​နယ်​အဖွဲ့တို့မှ ဘားအံသို့သယ်​ယူကာ ဘားအံ၌ တစ်​ညနားမည်ဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်​​တွင် မြ၀တီမြို့သို့ သယ်​​​ဆောင်​မည် ​ဖြစ်​သည်​။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်​ထုဖွင့်ပွဲအခမ်းအနားကို ​ဖေ​ဖော်​​ဝါရီ ၁၃ ရက်​​တွင်​ ကျင်းပ​သွားမည်​ ဖြစ်​ကြောင်း သိရသည်​။



Sources; Eleven Media Group

No comments:

Post a Comment