Latest News

Sunday, January 15, 2017

၆၆(ဃ) ပြင်ဆင်ရေးလူထုလှုပ်ရှားမှု ဆက်တိုက်ပြုလုပ်ရန်စီစဉ်နေ

၆၆(ဃ) ပြင်ဆင်ရေးလူထုလှုပ်ရှားမှု ဆက်တိုက်ပြုလုပ်ရန်စီစဉ်နေ



ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေးလူထု လှုပ်ရှားမှုနှင့် ဟောပြောပွဲများ ကို ပြည်တွင်းအရပ်ဘက်အဖွဲ့အ စည်းများ ပူးပေါင်းကျင်းပရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

 မြန်မာနိုင်ငံသတင်းမီဒီယာ ရှေ့နေကွန်ရက် (Myanmar Media Lawyers’ Network)က ဦး ဆောင်၍ ဇန်နဝါရီ ၁၄ ရက်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အပေါ် ဥပဒေပညာရှင်များ ပါဝင်သော ဆွေးနွေးပွဲတစ်ရပ် ပြု လုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် အဆို ပါဥပဒေကို အာမခံရသည့်အခြေ အနေသို့ ပြောင်းလဲရန်ဟူသော အချက်ကို ဘုံသဘောတူညီချက် အဖြစ်ရရှိကြောင်း တက်ရောက် သူများက ပြောကြားသည်။

 အဆိုပါဆက်သွယ်ရေးဥပ ဒေ၏ ပြည်သူလူထုအားလုံးအ ပေါ် သက်ရောက်နေမှုကို ခြုံငုံသုံး သပ်ကြည့်ပါက အာမခံရသည့်အ ခြေအနေသို့ ပြောင်းလဲရန်နှင့် အ သရေဖျက်ခြင်းဟူသည့်အချက် မှာ ရာဇသတ်ကြီးဥပဒေတွင် ပါ ထားပြီးဖြစ်၍ ပယ်ဖျက်ရန်စသည့် အချက်နှစ်ခုကို တွေ့ရှိရကြောင်း အထက်ပါဆွေးနွေးပွဲကို ဦးဆောင် ဆွေးနွေးသူတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က ပြောကြား သည်။

‘‘လက်ရှိ စွဲနေတဲ့ အမှုတွေ မှာ တချို့အမှုတွေက ဘာမဟုတ် တဲ့ ကိစ္စလေးတွေအပေါ်မှာ ကြီး မားခဲ့ရတာဖြစ်တယ်။ အာမခံမရ တဲ့ အပိုင်းတွေပေါ်လာတော့ အ ရမ်းနစ်နာတယ်။ ဒါကြောင့် အဲဒီ လို နစ်နာမှုမျိုးကို ကုစားနိုင်ဖို့က လူ့အခွင့်အရေးစံချိန်စံညွှန်းတွေ ပြည့်မီဖို့ လိုအပ်ပါတယ်’’ဟု ၎င်း က ဆိုသည်။

ဆက်သွယ်ရေးဥပဒေပြင် ဆင်ရေးအတွက် ပြည်သူများက ဆက်တိုက်ပြုလုပ်ရန် စီစဉ်နေ သောကြောင့် လက်ရှိ လွှတ်တော် သည် ပြည်သူလူထု၏အသံကို နားထောင်ရန် လိုအပ်ပြီး ပြင်ဆင် ရေးအတွက် မဖြစ်မနေလုပ် ဆောင်သင့်ကြောင်း ဆက်သွယ် ရေးဥပဒေအမြန်ဆုံးပြင်ဆင်ပေး ရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ မှ မောင်ဆောင်းခက ပြောသည်။

‘‘ဒီနေ့ပွဲက ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ) ပုဒ်မကို မပယ် ဖျက်သင့်ဘူး။ ဒါပေမဲ့ မဖြစ်မနေ ပြင်ဖို့လိုတယ်။ ဘယ်လိုပြင်မလဲ ဆိုတော့ အာမခံရရမယ့်ကိစ္စပေါ့။ မဖြစ်မနေ အာမခံရရမယ်။ နောက်တစ်ခုက အိုင်တီနဲ့ပတ်သက်တာ တွေ ထည့်သွင်းရမယ်။ နည်းဥပ ဒေလည်း ရေးဆွဲရမယ်’’ဟု ၎င်း က ဆက်လက်ပြောသည်။ အစိုးရသစ်လက်ထက်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် တရားစွဲဆိုသောအမှုအ ရေအတွက်မှာ ယခင်အစိုးရလက် ထက်က အရေအတွက်ထက် ပိုမို များပြားလာပြီး လက်ရှိအစိုးရ လက်ထက်တွင် တရားစွဲဆိုခံရ သည့် အမှု ၄၀၊ ပြစ်ဒဏ်ချမှတ်ခံရ သူ ငါးဦးနှင့် ဖမ်းဆီးချုပ်နှောင်ခံရ သူကိုးဦး ရှိနေကြောင်း ဆက် သွယ်ရေးဥပဒေဆိုင်ရာ သုတေ သနအဖွဲ့က ဇန်နဝါရီ ၁၃ ရက် တွင် သတင်းထုတ်ပြန်သည်။

 ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေးလှုပ်ရှားမှုကို မြို့နယ်တရားရုံးများတွင် ၂၀၁၆ အောက်တိုဘာ၌ စတင်ခဲ့ပြီး ယင်းဥပဒေပြင်ဆင်ရေးတောင်းဆိုပွဲနှင့် ပြည်သူလူထု ဟောပြော ပွဲကို ဇန်နဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမ ရှေ့၌ ပြုလုပ်ရန် စီစဉ်ထားသည်။


Sources; 7Day News Journal

No comments:

Post a Comment