Latest News

Sunday, January 15, 2017

ဆင်းမ်ကတ်မှတ်ပုံတင်ရန်လာစဉ် စာတိုက်ဝန်ထမ်းနှင့် စကားများပြီး အပြန်အလှန်အမှုဖွင့်

ဆင်းမ်ကတ်မှတ်ပုံတင်ရန်လာစဉ် စာတိုက်ဝန်ထမ်းနှင့် စကားများပြီး အပြန်အလှန်အမှုဖွင့်

မုံရွာမြို့ ရုံးကြီးရပ်ကွက် စာတိုက်ကြီးတွင် မုံရွာစာတိုက်ဝန် ထမ်းနှစ်ဦးနှင့် ဆင်းမ်ကတ်မှတ်ပုံ တင်ရန်လာသူနှစ်ဦး စကားများရာမှ အပြန်အလှန်အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သတင်းရရှိသည်။

မုံရွာမြို့ ရန်ကင်းရပ်ကွက် နေ သားအမိနှစ်ဦးသည် မုံရွာစာ တိုက်ကြီးတွင် ဆင်းမ်ကတ်မှတ်ပုံ တင်စဉ် စာတိုက်ဝန်ထမ်းနှစ်ဦးနှင့် စကားများရာမှ နှစ်ဦးနှစ်ဖက် ရိုက်နှက်ခဲ့သည်ဟုဆိုကာ အပြန်အလှန်အမှုဖွင့်ခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှူးဒုရဲမှူးသိန်းဆွေမြင့်က ပြောသည်။အဆိုပါသားအမိကို အသက်(၄၃)နှစ်အရွယ်စာတိုက်ဝန်ထမ်း(ဆသရ-၄)အမျိုးသမီးနှင့် အသက်(၄၈)နှစ်အရွယ် မုံရွာစာ တိုက်ဒုကြီးကြပ်ရေးမှူးဝန်ထမ်း အမျိုးသားတို့က နာကျင်ဒဏ်ရာ များရရှိအောင်ပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကာ ယိနြေ္ဒပျက်အောင် ပြုလုပ်ကာ ဒဏ်ရာများရရှိရန် ပြုလုပ်ခဲ့သူစာတိုက်ဝန်ထမ်းနှစ်ဦးကို အရေးယူပေးရန်တိုင်ကြားခဲ့သဖြင့် မုံရွာ

မြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၄၊ ၃၂၃၊ ၁၁၄အရ အမှုဖွင့်စစ်ဆေးနေသည်။

အလားတူ မုံရွာစာတိုက်ကြီး ဒုကြီးကြပ်ရေးမှူးကလည်း အဆို ပါသားအမိသည် ဆင်းမ်ကတ်မ ပါဘဲ မှတ်ပုံလာတင်သဖြင့် ၀န် ထမ်းများက ဆင်းမ်ကတ်မပါ လျှင် လက်မခံကြောင်းရှင်းလင်း ပြောကြားခဲ့သည်ဟုဆိုသည်။ သို့ ရာတွင် ၎င်းတို့က  လက်မခံဘဲ ရိုင်း ပျစွာပြောဆိုဆက်ဆံသဖြင့် စာ တိုက်ဝန်ထမ်းနှစ်ဦးက ဖုန်းဖြင့် ဓာတ်ပုံရိုက်ခိုင်းရာမှ အဆိုပါသား အမိက စာတိုက်ဒုကြီးကြပ်ရေးမှူး နှင့် ဆသရ-၄ ၀န်ထမ်းအမျိုးသမီးတို့ကို နာကျင်ဒဏ်ရာများရရှိ အောင်ပြုလုပ်ခဲ့သည်ဟုဆိုကာ မုံ ရွာမြို့မရဲစခန်းတွင် တိုင်ကြားခဲ့၍ ရာဇသတ်ကြီးပုဒ်မ ၃၃၂၊ ၁၁၄ အရအမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။


Sources; 7Day News Journal

No comments:

Post a Comment