Latest News

Monday, January 16, 2017

မှတ်တိုင်တွင် စုပြုံနေသော ခရီးသွားများအား ပုဂ္ဂလိကအဖွဲ့အစည်းများက အခမဲ့ယာဉ်များဖြင့် ပြေးဆွဲကူညီ

မှတ်တိုင်တွင် စုပြုံနေသော ခရီးသွားများအား ပုဂ္ဂလိကအဖွဲ့အစည်းများက အခမဲ့ယာဉ်များဖြင့် ပြေးဆွဲကူညီ


ရန်ကုန်မြို့တွင် အများ ပိုင်ဘတ်စ်ကားစနစ်သစ် စတင် ပြေးဆွဲသည့်နေ့၌ ခရီးသွားပြည် သူများ မှတ်တိုင်များတွင် စုပြုံနေ ရာ သွားလာမှု အဆင်ပြေစေရန် ခရီးသွားလုပ်ငန်းနှင့် လုပ်ငန်းရှင် များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများက အခမဲ့ယာဉ်များ ဖြင့် ပို့ဆောင်ကူညီခဲ့သည်။

အများပိုင်ဘတ်စ်ကားစနစ် သစ် စတင်သည့်ဇန်နဝါရီ ၁၆ ရက်တွင် ကားနှင့်လူမမျှဘဲ မှတ်တိုင် အများစု၌ ကားစောင့်သူများ စုပြုံ အခက်အတွေ့နေသောကြောင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများ၊ ရွှေစင်စကြာ၊ မန္တလာမင်း စသည့် အဝေးပြေး ယာဉ်လိုင်းများနှင့် ပြည်သူအချို့က ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြေးဆွဲပေးခဲ့ကြသည်။

Kevin Car Group နိုင်ငံခြား သားခရီးသွားလုပ်ငန်းကုမ္ပဏီက မြန်မာခရီးသွားလုပ်ငန်းရှင်များ အသင်း(MTTA)နှင့်ပူးပေါင်းကာ အဲကွန်းဘတ်စ်ကားအစီး ၇၀ ဖြင့် သုဝဏ္ဏ၊ မြောက်ဥက္ကလာပနှင့် ဆူး လေတို့တွင် ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ အခမဲ့ပို့ဆောင်ပြေး ဆွဲပေးမည်ဖြစ်ကြောင်း Kevin Car Group မှယာဉ်မောင်း ကိုဖြိုး ခိုင်ဆွေက ဆိုသည်။

‘‘YBS စနစ်က အဆင်ပြေပါ တယ်။ ဒါပေမဲ့ အစပိုင်းမှာ အဆင် မပြေတာလေးတွေတော့ ရှိမှာပဲ။ တစ်ပတ်၊ နှစ်ပတ်လောက်ဆိုရင် အဆင်ပြေသွားမှာပါ။ မနက်ဖြန် ဆိုရင် ကားပိုများများ အခမဲ့ပြေး ဆွဲနိုင်ဖို့ လုပ်ထားတယ်။ ကျွန် တော်တို့အနေနဲ့လည်း ပြည်သူ တွေအသားကျပြီး အဆင်ပြေတဲ့ အထိ အကူအညီပေးဖို့ ရည် ရွယ်ထားပါတယ်’’ဟု အခမဲ့ယာဉ်ပို့ဆောင်ကူညီသည့် CB ဘဏ် လက်ထောက်အထွေထွေမန်နေ ဂျာ ဦးကျော်စွာအောင်က ပြော ကြားသည်။

ခရီးသွားပြည်သူများ လိုအပ်ချက်ကို ဆောင်ရွက်ပေးရန် လို အပ်သည့် လမ်းကြောင်းများကို ရုံးဖယ်ရီမီနီဘတ်စ် ခြောက်စီးဖြင့် ကူညီပေးခဲ့ကြောင်း ၎င်းက ဆက် လက်ပြောသည်။

‘‘ဂိတ်စကနေ စထွက်လာ တာ ခရီးသည်တွေ ပြည့်ကျပ်နေ တယ်။ လမ်းတစ်ဝက်က တက် လာတဲ့ ခရီးသည်တွေအတွက် ဒုက္ခနည်းနည်းရောက်တယ်။ ကားတံခါးပိတ်လို့ မရတဲ့အထိ ခရီး သည်များတယ်။ ဒီလို လုပ်ပေး တော့ ဘယ်လိုသွားရမှန်းမသိတဲ့ ခရီးသည်တွေအတွက် အဆင်ပြေ ပါတယ်’’ ဟု ကိုဖြိုးခိုင်ဆွေက ပြောသည်။

အချို့ပြည်သူများကလည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် အခမဲ့ ပို့ဆောင်ကာ ကူညီပေးမှုများရှိခဲ့ ပြီး မှတ်တိုင်များတွင် ခရီးသွား ပြည်သူများကို ရှင်းပြပြောဆိုပေး သည့် စေတနာ့ဝန်ထမ်းများက လည်း ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

 ထို့အပြင် ကုန်းလမ်းခရီး သည် ပို့ဆောင်ရေးလုပ်ငန်းရှင် များအသင်းနှင့် နာရေးကူညီမှု အသင်း (ရန်ကုန်)တို့ ပူးပေါင်း၍ YBS အမှတ်(၇၊ ၂၈၊ ၂၉)အနီလမ်းကြောင်းများအတိုင်း ခရီးစဉ်များကို ကား ၁၄ စီးဖြင့် ဇန်နဝါရီ ၁၆ ရက် နေ့လယ် ၃ နာရီက စပြီး ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။

 ဇန်နဝါရီ ၁၇ ရက်တွင် လည်း အဆိုပါလမ်းကြောင်းများ အတိုင်း ရုံးတက်၊ ရုံးဆင်းချိန်များ တွင် ဆက်လက်ကူညီပံ့ပိုးမည်ဖြစ် ကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်)က သတင်းထုတ်ပြန် ထားသည်။



Sources; 7Day News Journal


No comments:

Post a Comment