Latest News

Monday, January 16, 2017

ယာဉ်လိုင်းအသစ်သတင်းကို Call Center သို့ တစ်ရက်အတွင်း မေးမြန်းသူ နှစ်သောင်းကျော်ရှိ

ယာဉ်လိုင်းအသစ်သတင်းကို Call Center သို့ တစ်ရက်အတွင်း မေးမြန်းသူ နှစ်သောင်းကျော်ရှိ


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ Hot Line နံပါတ် ဖြစ်သော 1881 Call Center သို့ ယာဉ်လိုင်းအသစ် စတင်ပြေးဆွဲ သည့် ဇန်န၀ါရီ ၁၆ ရက် ညနေ အထိ ဆက်သွယ်မေးမြန်းသူ နှစ် သောင်းကျော်ရှိကြောင်း အစိုးရ ၏ ၀န်ဆောင်မှုများ ကြားခံဖြေဆို ပေးနေသည့် Blue Ocean ကုမ္ပ ဏီမှ စုံစမ်းသိရသည်။

1881 Call Center ကို ဇန်န၀ါရီ ၁၂ ရက်က စတင်၍ ယာဉ်လိုင်းအသစ် သတင်းအတွက် ခေါ်ဆိုမေးမြန်းခွင့် ပြုခဲ့သော် လည်း ယာဉ်လိုင်းအသစ် စတင်ပြေးဆွဲသည့် ဇန်န၀ါရီ ၁၆ ရက်၌ ခေါ်ဆိုမေးမြန်းမှုများပြား၍ Blue Ocean ကုမ္ပဏီက ပြန်လည်ဖြေကြားပေးသည့် ၀န်ထမ်းအင်အားကို နှစ်ဆအထိ တိုးမြှင့်ပေးခဲ့ သည်။

‘‘အရင်ရက်တွေက ခေါ်ဆိုမှု ပုံမှန်ရာဂဏန်းလောက်ပဲရှိပါ တယ်။ ဒီနေ့ ဇန်န၀ါရီ ၁၆ ရက်က ခေါ်ဆိုမှုနှစ်သောင်းကျော် (ညနေ ၄ နာရီခွဲ)သွားတော့ ၀န်ထမ်းအင် အားလည်း နှစ်ဆလောက် ထပ် တိုးပြီး ၀န်ဆောင်မှုပေးနေရပါ တယ်’’ဟု Blue Ocean ကုမ္ပဏီ ပြန်ကြားရေးတာဝန်ခံ ဒေါ်လှိုင် ဆွေဇင်ထွဋ်ကပြောသည်။

ယာဉ်လိုင်းအသစ် သတင်း ကို နံနက် ၇ နာရီမှ ညနေ ၄ နာရီ အထိ Call Center သို့ လူဦးရေ နှစ်သောင်းကျော် ဆက်သွယ်မေး မြန်းခြင်းသည် တစ်မိနစ်လျှင် လူ ဦးရေ ၄၀ ခန့်က ဆက်သွယ်မေး မြန်းခြင်းဖြစ်သည်။

 ခေါ်ဆိုမေးမြန်းမှုများတွင် စီးနင်းရမည့် ယာဉ်လိုင်းကို မသိ ခြင်းကြောင့် ခေါ်ဆိုခဲ့ကြသည့်အ ပြင် ယာဉ်လိုင်းအသစ်ကြောင့်အဆင်မပြေခဲ့သည်များကိုလည်း ပြည်သူလူထုက အသိပေးပြော ကြားခဲ့သည်။

Blue Ocean ၏ ထုတ်ပြန်ပြောဆိုမှုများအရ ခေါ်ဆိုခဲ့သူများသည် ခရီးတိုများ၌ ၂၀၀ ကျပ် ပေးဆောင်ရခြင်း၊ ယာဉ် လမ်းကြောင်းကို နားမလည်သေး၍ အချိန်ကြာမြင့်စွာ လှည့်ပတ်စီးနင်းရခြင်းနှင့် မှတ်တိုင်တည်နေရာနှင့် မှတ်တိုင်ရပ်မည့် ကား၊ မရပ်မည့်ကားတို့ကို မသိသေး ခြင်း စသည်ဖြင့် အခက်အခဲများ ပြောဆိုခဲ့ကြောင်း Blue Ocean ကုမ္ပဏီကသိရသည်။

 ယာဉ်လမ်းကြောင်းများ၏ သတင်းအချက်အလက်များကို မြန်မာ့ဆက်သွယ်ရေး ဖုန်းလိုင်း များဖြင့် ခေါ်ဆိုနိုင်သည့် 1881 (Ext 2) နှင့် အူရီးဒူး၊ တယ်လီ နောဖုန်းလိုင်းများဖြင့် ခေါ်ဆိုနိုင် သည့် ၀၁-၂၃၉၉၈၈၁ (Ext 2) ဖြင့် ၀န်ဆောင်မှုပေးအပ်နေခြင်း ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဖုန်းလိုင်းဖြင့် ခေါ်ဆို နိုင်သော ဂဏန်းနံပါတ်လေးလုံး ပါ Hot Line သည် ခေါ်ဆိုမှုအ တွက် ၀န်ဆောင်ခ တစ်မိနစ်လျှင် ၈၀ ကျပ် (အော်ပရေတာဘီလ် အပါအ၀င်) ကျသင့်မည်ဖြစ်ပြီး ဂဏန်းကိုးလုံးပါ ဖုန်းလိုင်းသို့ ခေါ်ဆိုမှုအတွက် ၀န်ဆောင်ခ တစ်မိနစ်လျှင် (အော်ပရေတာ ဘီလ် အပါအ၀င်) ၅၀ ကျပ် ကျသင့်သည်။ ခေါ်ဆိုမှုအများစုသည် ဂဏန်းလေးလုံးဖြစ်သည့် 1881 ကို ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။



Sources; 7Day News Journal

No comments:

Post a Comment