Latest News

Saturday, January 21, 2017

မိခင်ဆီက ငွေ ၁၅ သိန်းတောင်းတာမရလို့ သားဖြစ်သူက နေအိမ်ကိုမီးရို့

မိခင်ဆီက ငွေ ၁၅ သိန်းတောင်းတာမရလို့ သားဖြစ်သူက နေအိမ်ကိုမီးရို့

ဇန်န၀ါရီ၊ ၂၁၊ ရန်ကုန်

ရှမ်းပြည်နယ် တောင်ပိုင်းနမ့်စန်မြို့မှာ သားဖြစ်သူက မိခင်ဆီကငွေ၁၅သိန်းတောင်းတာမရလို့ မိခင်ဖြစ်သူရဲ့ခေါင်းနဲ့ ခြေထောက်ကို သစ်သားတုတ်နဲ့ရိုက်နှက်ပြီး နေအိမ်ကိုမီးရို့ခဲ့တယ်လို့သိရပါတယ်။

ရိုက်နှက်ခံရတဲ့ မိခင်ဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီကိုသွားကာတိုင်ကြားနေချိန်မှာ နေအိမ်ကိုမီးရှို့ခဲ့တာဖြစ်တယ်လို့ နမ့်စန်ရဲစခန်းမှူးတင်မောင်ဆွေက ပြောပါတယ်။

သူက” ကောင်လေးက အရက်သေစာသောက်စားထားတာတော့မရှိပါဘူး။ ဖြစ်တဲ့အချိန်ကမနက်ဆိုတော့လေ သူ့အမေနဲ့ စကားများလို့လုပ်တယ်လို့ပဲပြောတယ် သူကိုအိမ်ပေါ်ကနှင်ချတော့ သူကမနေစေချင်ရင် ပိုက်ဆံပေး ဆိုပြီး ပြောတာကနေ စကားများကြတာပါ “လို့စခန်းမှူး တင်မောင်ဆွေက ပြောပါတယ်။

အဆိုပါဖြစ်ရပ်ဟာ သည်လ(၂၀)ရက်နေ့ မနက်(၆)နာရ်ီက နမ့်စန်မြို့ (၃)ရပ်ကွက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မီးလောင်မှုကြောင့် နေအိမ်တစ်လုံးဆုံးရူံးခဲ့ရပြီး နေအိမ်အနီးကတစ်ခြားအိမ်တွေကို ကူးစက်မှုမရှိခဲ့ဘူးလို့ သိရပါ တယ်။ ဒဏ်ရာရရှိခဲ့တဲ့ မိခင်ဖြစ်သူဟာ နမ့်စန်ပြည်သူဈေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

မိခင်ဖြစ်သူရဲ့နောက်အိမ်ထောင်အမျိုးသားဟာ နေအိမ်ကိုမီးရို့ခဲ့တဲ့သားဖြစ်သူ နဲ့အသက်ရွယ်တူဖြစ်ပြီး အဆိုပါကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း သားအမိနှစ်ဦးမကြာခဏစကားများလေ့ရှိတယ်လို့ နေအိမ်ပတ်ဝန်းကျင်က အိမ်နီးချင်း အချို့ကပြောပါတယ်။

ဖြစ်ပွားတဲ့နေရာကို ရောက်ရှိခဲ့တဲ့ နမ့်စန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဦးနေဇော်နိုင်က “ သူ့အမေက ခေါင်းသုံးချက်ချုပ်လိုက်ရတယ်။ဒူးခေါင်းတွေနားမှာတော့ နည်းနည်းပွန်းပဲ့သွားတာပေါ့။

ကောင်လေးကအကြီးဆုံးသား ပါ။ဖြစ်တဲ့အချိန်သူတို့ သားအမိနှစ်ယောက်ပဲရှိတာ သူတို့အဖေကဆုံးသွားတာကြာပြီ။ သူ့အမေရဲ့နောက်အိမ်ထောင်က တခြားရပ်ကွက်မှာနေတာပါ။“လို့ပြောပြပါတယ်။

မိခင်ကိုရိုက်နှက်ပြီးနေအိမ်ကိုမီးရို့ခဲ့တဲ့အသက်၂၂ နှစ် အရွယ်မောင်ကိုကိုဦးကို နမ့်စန် ရဲစခန်းက မီးရို့မှုပုဒ်မ ၄၃၆၊ တုတ်ရိုက်မှု ပုဒ်မ ၃၂၅ နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။

Sources: အေးအေးအောင် (ကုမုဒြာ)

No comments:

Post a Comment