Latest News

Saturday, January 21, 2017

မကွေးတိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးကို အဂတိလိုက်စားမှုဖြင့် ထုတ်ပယ် ခရိုင်ပညာရေးမှူးတစ်ဦးနှင့် လ၀က ၀န်ထမ်းနှစ်ဦးကို စစ်ဆေးနေ

မကွေးတိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးကို အဂတိလိုက်စားမှုဖြင့် ထုတ်ပယ် ခရိုင်ပညာရေးမှူးတစ်ဦးနှင့် လ၀က ၀န်ထမ်းနှစ်ဦးကို စစ်ဆေးနေ

မကွေးတိုင်းဒေသကြီး ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦး ကို ရာထူးမှ ထုတ်ပယ်ပြီး ခရိုင် ပညာရေးမှူးတစ်ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မ ရှင်က စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

‘‘မြိုင်မြို့နယ်အုပ်ချုပ်ရေး မှူးကို ထုတ်ပယ်လိုက်တာ မှန် တယ်။ နောက်တစ်ခုက တရားသူ ကြီးတစ်ယောက်ကို အဂတိလိုက် စားမှုကော်မရှင်က စစ်ဆေးဖို့၊ စစ်ဆေးပြီးတော့ အရေးယူဖို့လုပ် တော့ သူထွက်ပြေးနေတယ်။ နောက်တစ်ခါ ခရိုင်ပညာရေးမှူး ကိုလည်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က စုံစမ်းစစ် ဆေးနေတယ်’’ဟု မကွေးတိုင်းဒေ သကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

ရာထူးမှ ထုတ်ပယ်ခံရသော မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြိုင် မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ပြီး ၀န် ထမ်းကျင့်ဝတ်နှင့်ညီညွတ်မှု မရှိ သည့် ကိစ္စများလုပ်ဆောင်ခြင်း ပေါ်ပေါက်သဖြင့် တာဝန်မှ ရပ်စဲခံရခြင်းဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် နီးစပ် သူတစ်ဦးက ပြောကြားသည်။

‘‘ဟုတ်တယ်ဗျ။ လုပ်နေတာ ကတော့ အရင်ကတည်းကပါ။အ ခု  အစိုးရအသစ်တက်လာပြီးမှ အရေးယူခံရတာ။ ကျွန်တော်တို့ မြိုင်မြို့နယ်အတွင်းမှာက လက် ယက်ရေနံတွင်းတိမ်တွေရှိတယ် လေ။ ဒါကို သူက ခွင့်ပြုချက်မရှိ ဘဲ အဆင့်မြင့်ဒီဇယ်နဲ့ ဓာတ်ဆီ ချက်တဲ့စက်ရုံ ထောင်တယ်။ တိုင်းအစိုးရအဖွဲ့ကို ဓာတ်ပုံမှတ် တမ်းတွေနဲ့တကွ အတိုင်ခံရတယ်။ နောက်တစ်ချက်က ပြီးခဲ့တဲ့၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် လွှတ် တော်ရုံး ရန်ပုံငွေကျပ်သိန်းတစ် ထောင် လုပ်ငန်းလုပ်ရာမှာ ကျပ် သိန်းသုံးရာ အလွဲသုံးစားလုပ် တာပေါ်တယ်။ ဒါတွေနဲ့ ငြိတာ ဖြစ်မယ်’’ဟု မြိုင်မြို့နယ် တိုင်း ဒေသကြီး အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်က ပြောသည်။

ထွက်ပြေးနေသော တရား သူကြီးသည် မကွေးတိုင်းပွင့်ဖြူမြို့ နယ်မှ မြို့နယ်တရားသူကြီးဖြစ်ပြီး အမှုသည်များထံမှ လာဘ်ငွေရယူ ကြောင်း ပြည်ထောင်စုအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးပေါ်ပေါက် ခဲ့သည်။

ခရိုင်ပညာရေးမှူးတစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က   စစ်ဆေးနေ၍ အသေးစိတ်ပြောပြနိုင်ခြင်းမရှိ သေးကြောင်း တိုင်းဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် ယခင်မကွေးတိုင်း ၀န်ကြီးချုပ်ဟောင်း အပါအ၀င် တိုင်းဝန်ကြီးဟောင်းများအား ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာနက စစ် ဆေးနေသည်ဟူသော သတင်း ထွက်ပေါ်လာခြင်းနှင့်ပတ်သက် ၍ ‘‘ပြည်ထောင်စုအစိုးရက မကွေးတိုင်း စုံစမ်းစစ်ဆေးရေးဦးစီးဌာနကို စစ်ဆေးခိုင်းတယ်။ စစ် ဆေးပြီးလို့ နိုဝင်ဘာလကတည်း က အစီရင်ခံစာတောင် တင်လိုက် ပြီ’’ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဖြေ ကြားသည်။

အဆိုပါအဖွဲ့ စစ်ဆေးတွေ့ ရှိချက် အစီရင်ခံစာအရ ပြည် ထောင်စုအစိုးရက ဆက်လက် ဆုံးဖြတ်ဆောင်ရွက်မည်ဖြစ်ပြီး မည်သူမည်ဝါအပြစ်ရှိသည်၊ မရှိ သည်ကို ပြောကြားနိုင်ခြင်းမရှိ ကြောင်း တိုင်းဝန်ကြီးချုပ်က ဆို သည်။ထို့အပြင် မကွေးတိုင်းရှိ မြို့နယ်ပညာရေးမှူးတစ်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ မြို့နယ်အဆင့် ဒုတိယဦးစီးအရာရှိနှစ်ဦးကိုလည်း ၀န်ထမ်းကျင့်ဝတ်ကို ဖောက်ဖျက်ကာ လာဘ်ပေး လာဘ်ယူမှုများရှိသည်ဟု တိုင် ကြားမှုများရှိနေသဖြင့် တိုင်းအစိုး ရအဖွဲ့က ပြည်ထောင်စုအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်နှင့် ပြည်ထောင်စုဝန်ထမ်းရေး ရာအဖွဲ့များထံ အရေးယူဆောင် ရွက်ရန်တင်ပြထားကြောင်း တိုင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

Sources: လင်းသက်နိုင် ( 7Day News Journal )

No comments:

Post a Comment