ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်
ရန်ကုန် ဇန်နဝါရီ ၂၁
ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Rt. Hon. Mr. John Bercow ၏ ဖိတ်ကြားချက်အရ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် ဗြိတိန်နိုင်ငံသို့ ချစ်ကြည် ရေး ခရီးသွားရောက်ရန် ယနေ့နံနက် ၁ နာရီ မိနစ် ၅၀ က လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားသည်။
လွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ လွှတ်တော် ကိုယ်စား လှယ်များနှင့် ပြည်သူ့လွှတ်တော်ရုံး မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် ပြည်သူ့လွှတ်တော် နိုင်ငံသား များ၏ မူလအခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစော၊ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်း၊ လွှတ်တော် အခွင့်အရေးကော်မတီ အဖွဲ့ဝင် ဦးစိုင်းစန်သိန်း၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဒေါ်ရွှေပုံနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများလိုက်ပါ သွားကြသည်။
Sources: (သတင်းစဉ်)
Saturday, January 21, 2017
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်
Reviewed by Ar Ti
on
11:09 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment