Latest News

Friday, January 13, 2017

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ် ဇော်ဝင်းအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့မာစီရယ်လ်သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် အစည်းအဝေးခန်းမ (၁)၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် အမေရိကန်အစိုးရမှ ကူညီပေးနေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည် မြှင့်တင်ရေးဆိုင်ရာ သင်တန်းများပေးအပ်နေမှု၊ ရဲတပ်ဖွဲ့ဝင်အမျိုး သမီးများအား နိုင်ငံတကာအဆင့်မီ မှုခင်းစုံစမ်းစစ်ဆေးရေးသင်တန်းများနှင့် ရဲလုပ်ငန်းဆိုင်ရာများ လေ့ကျင့်သင်ကြားပေးရေး၊ ရန်ကုန်နှင့်မ္တလေးတို့တွင် နည်းပညာသုံး မှုခင်းသိပ္ပံ ဓာတ်ခွဲခန်းများ ထူထောင်ရေးတို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးတို့အတွက် အကူအညီပေးရေး တို့နှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Sources(မြန်မာ့အလင်း)MOI

No comments:

Post a Comment