Latest News

Friday, January 13, 2017

မန္တလေးဆိပ်ကမ်း ရေလမ်းကြောင်း၌ သောင်တူးလုပ်ငန်း စတင်ဆောင်ရွက်

မန္တလေးဆိပ်ကမ်း ရေလမ်းကြောင်း၌ သောင်တူးလုပ်ငန်း စတင်ဆောင်ရွက်


မန္တလေး ဇန်နဝါရီ ၁၃

မန္တလေးဆိပ်ကမ်း (ဧရာဝတီမြစ်) ရေလမ်းကြောင်း၊ မရမ်းခြံဆိပ်ကမ်း၌ သဲသောင်များ ကျဆင်းလာပြီး သောင် ထွန်းလာမှုကြောင့် ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် သောင်တူးလုပ်ငန်းကို ဇန်နဝါရီ ၁၃ ရက်မှ စတင်ဆောင်ရွက် နေကြောင်း ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေးဦး စီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောကြားသည်။

“လက်ရှိမှာ မင်းကွန်းဘက်သွားရင် သောင်တွေပိတ်နေလို့ ရေယာဉ်တွေက ကွေ့ပတ်ပြီး သွားနေရတော့ အချိန်ပိုကြာ တယ်။ သောင်တွေကြောင့် မန္တလေး ဆိပ်ကမ်း မကောအောင်အတွက်လည်း သောင်တူးလုပ်ငန်း ကို ရုံးချုပ်အစီအစဉ်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
အဆိုပါလုပ်ငန်းကို ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး သောင်တူးလုပ်ငန်းပြီးစီးပါက ရေယာဉ် များ သွားလာမှုလွယ်ကူမည်ဖြစ် ကြောင်း၊ သောင်တူးမည့် ပမာဏမှာ ခန့်မှန်းကုဗမီတာ ၇၂၆၀၀ ရှိ၍ ခန့်မှန်း ကုန်ကျ ငွေကျပ် ၆၉ သန်း ဖြစ်ကြောင်း သိရသည်။

“ရေစူးအနက်လည်း ကောင်းသွား ပြီး ရေယာဉ်တွေ သွားလာရာမှာ အဆင် ပြေချော့မွေ့သွားမယ်။ သောင်တူး လုပ်ငန်းလုပ်ချိန်က တစ်လနီးပါးလောက် ပဲကြာမှာဖြစ်ပြီး ပတ်ဝန်းကျင်သက် ရောက်မှုအကာအကွယ်တွေ ဆောင်ရွက် ထားတာကို ပြီးခဲ့တဲ့လက သက်ဆိုင်သူ တွေနဲ့ ရှင်းလင်းချပြခဲ့ပါတယ်”ဟုယင်းဌာန(ရန်ကုန်ရုံး)မှ ဦးအောင်မျိုးခိုင်က ပြောကြားသည်။

 သောင်တူးလုပ်ငန်း ဆောင်ရွက် ခြင်းဖြင့် အကျိုးကျေးဇူးများမှာ ဆိပ်ကမ်း အဝင်အထွက်ရေလမ်းကြောင်း ကောင်း မွန်ခြင်း၊လုံလောက်သည့် ရေအနက်ရရှိ လာ၍ကုန်ပစ္စည်း တန်ချိန် ပိုမိုတင်ဆောင် လာနိုင်ခြင်း၊ ဖယ်ရှားသည့်သဲများကို ကမ်းပါးများ၌ စွန့်ပစ်ခြင်းကြောင့် မြစ်ရေတိုက်စားမှု သက်သာနိုင်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)

No comments:

Post a Comment