Latest News

Tuesday, January 17, 2017

ခရီးသည်အမျိုးသမီးကို ဆင်းထိုးတဲ့ နံပါတ် ၆ လိုင်းစပယ်ယာကို ရဲနဲ့ပြည်သူ ပူးပေါင်းဖမ်းဆီး

ခရီးသည်အမျိုးသမီးကို ဆင်းထိုးတဲ့ နံပါတ် ၆ လိုင်းစပယ်ယာကို ရဲနဲ့ပြည်သူ ပူးပေါင်းဖမ်းဆီး

ရန်ကုန်မြို့ စော်ဘွားကြီးကုန်းမှတ်တိုင်မှာ ဖြစ်ခဲ့တာပါ။

ရန်ကုန်မြို့စော်ဘွားကြီးကုန်းမှတ်တိုင်မှာ ခရီးသည်အမျိုးသမီးတစ်ဦးကို ကားပေါ်ကဆင်းပြီး လက်သီးနဲ့ထိုးတဲ့ အများပိုင်ဘတ်စ် နံပါတ် ၆ ယာဉ်လိုင်းက စပယ်ယာကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ယာဉ်ထိန်းရဲတွေနဲ့ ပြည်သူတွေက ဒီနေ့မနက်ပိုင်းက ပူးပေါင်းဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

"ပိုက်ဆံပြန်အမ်းတဲ့ကိစ္စနဲ့ပတ်သတ်ပြီး စပယ်ယာက လင်မယားနှစ်ယောက်စလုံးကို လက်သီးနဲ့ထိုးလိုက်တာ ကျွန်တော့ရှေ့မှာပဲ။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်သုံးယောက်နဲ့ ဌာနဆိုင်ရာ၊ မော်တော်ပီကယ် ၊ ရဲ ၊ စည်ပင် အားလုံးရှိပါတယ်။ ထိုးတာလဲသေချာတယ်"လို့ အင်းစိန်မြို့နယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ပြောပါတယ်။

ဒါ့အပြင် ခရီးသည်နှစ်ဦးကို ထိုးကြိတ်ခဲ့တဲ့ ယာဉ်နောက်လိုက်က ဂျမ်းတုံးကိုင်ပြီး ခြိမ်းချောက်တဲ့ပုံစံတွေ့ခဲ့ရတယ်လို့ အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့ရသူလည်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ပြောပါတယ်။ ခရီးသည်နှစ်ဦးကို ထိုးကြိတ်ခဲ့တဲ့ အမှတ် ၆ ကားလိုင်းက ယာဉ်နောက်လိုက်နဲ့ ယာဉ်မောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိမ်းသိမ်းသွားတယ်လို့လည်း သိရပါတယ်။
ဒီလိုခရီးသည်တွေကို ယာဉ်နောက်လိုက်က ထိုးကြိတ်တဲ့ဖြစ်စဉ်က YBS စနစ်စတင်အသက်ဝင်တဲ့ သုံးရက်မြောက်နေ့မှာ ပထမဆုံးဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ YBS ယာဉ်လိုင်းက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအနေနဲ့ စည်းကမ်းဖောက်ဖျက်တာတွေ ကျုးလွန်ခဲ့ရင် တိုင်းကြားရမယ့်မယ့် ဖုန်းနံပါတ်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားပါတယ်။

အများပိုင်ဘတ်စ်ကားလိုင်းတွေစတင်ပြေးဆွဲခဲ့တဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ကနေစပြီး ဒီနေ့အထိ YBS Control Center Hotline ဖုန်းနံပါတ်တွေကို ဆက်သွယ်တိုင်ကြားခဲ့မှုပေါင်း ၃၈၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။ ကားခပိုတောင်းတာပဲဖြစ်ဖြစ် အရင် မထသစရိုက်အတိုင်း မချေမငံဆက်ဆံတာတွေကို ကြုံတွေ့ရတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို တိုင်ကြားနိုင်ပါတယ်။
၀၉၉ ၆၇၀၁၆၁၃၈၊ ၀၉၇၇၃၅၂၃၁၆၆၊ ၀၉၄၂၈၁၇၉၅၄၅၊ ၀၉၄၅၂၂၇၀၁၉၀၊ ၀၉ ၇၇၃၀၀၆၇၅၇၊ ၀၉၄၂၁၀၇၀၂၇၂။

Source & Photos : Thu Thu Facebook: Duwun

No comments:

Post a Comment